ကျေးဇူး


ကျေးဇူးဆိုသည့် စကားသည် လူသား အချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကူအညီ ပေးရာမှ ပေါ်ထွက် လာသည့် စကားပင် ဖြစ်သည်။ ထိုစကား သည် လူသားတို့နှင့် ကင်းကွာ မရအမြဲ ဒွန်တွဲနေ တတ်သည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ကိုးကွယ်ဆည်း ကပ်ရာ မြတ်စွာဘုရားငှက် ဖြစ်စဉ်ဘဝနားခိုခဲ့ဖူးသည့် သစ်ပင်ကြီးကို ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုခဲ့ သည်။ မြတ်စွာဘုရားပင် အလေးအနက် အသိ အမှတ်ပြု ထားခဲ့သည့် ကျေးဇူး ဆိုသည့် စကားနှစ်ခွန်း သည် အင်မတန်မှ တန်ဖိုးရှိ အရေးပါ လှသည်။

ထိုစကားနှစ်ခွန်းသည် လူတို့၏ အတွင်းစိတ် အဖြူ၊ အမည်းကို ဖော်ထုတ်ပြနိုင်သလို တန်ဖိုးရှိသူ၊ တန်ဖိုးမဲ့ သူဟူ၍လည်း ခွဲခြားပြနိုင်ခဲ့သည်။ လောကဇာတ်ခုံပေါ်၌ လူသားအားလုံးတို့သည် ငိုမဲ့ရယ်ပြုံး မိုးမချုပ်မှီ ဇာတ်စုံကပြ ဒုက္ခ သောကမီး များစွာနှင့် ကြုံဆုံနေကြရသည်။ ထိုသို့ကြုံဆုံရင်ဆိုင် နေကြရသည့်အခါ၌ တစ်ဦးတစ်ယောက်တည်း ဖြေရှင်း မရ။ ကောက်ရိုးတစ်ပင် မြက်တစ်ပင်နှယ်။ နီးစပ်ရာပတ်သက်ကြောင်း သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးများထံ သွားရောက် အကူအညီ တောင်းခံ ရလေ့ရှိကြသည်။ ထိုသို့တောင်းခံရာ၌ ပစ္စည်းနှင့်သော် လည်း ကောင်း၊ နှုတ်ကတိ အားဖြင့်သော် လည်းကောင်း အကူအညီရယူခဲ့ကြရသည်။ တစ်ချို့မှလည်း ပြန် လည်ပေးဆပ်စရာမလို။

ယတိပြတ်ပေးလိုက်သူများ လည်း ရှိခဲ့ကြပါသည်။ (ယခုခေတ် ထိုလိုလူမျိုးများ မရှိနိုင်တော့ပါ။ ရှိတော့ရှိမည် ရှားရှားပါးပါး သာဖြစ်ပေ လိမ့်မည်) မည်သို့နည်းနှင့်ရရှိသည်ဖြစ်ပါစေ၊ လောလော ဆယ်ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲ အကြပ် အတည်းကြားမှ လွတ်မြောက်အောင် ဆောင်ရွက်ပေး လိုက် နိုင်သူသည် ကိုယ့်ဘဝ ကိုယ့်မိသားစု၏ ကျေးဇူး ရှင်သာဖြစ်သည်။ သူတစ်ပါးထံမှ ရရှိပြီးသည့် ကျေးဇူးကို ကတိ၊ သစ္စာ၊ စေတနာပြန်လည် ပေးဆပ် သူတို့၏ ဘဝသည် (ကတိ၊ သစ္စာတည်သော အခါဝယ် ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏) ဆိုစကားနှယ် လူအများ၏ယုံကြည် လေးစားခြင်းကို ခံရပြီး လောက အလယ်၌ အရောင် တောက်ပြောင် ကံကောင်းခြင်းတွေနှင့် အောင်မြင်စွာ ရပ်တည် နိုင်ကြမည့်ဘဝကို မလွဲဧကန်ပိုင်ဆိုင်ကြပေလိမ့်မည်။

လူသား အချင်းချင်း ကျေးဇူးပြုကြသလို၊ တိရစ္ဆာန်များမှ လူသားများကို ကျေးဇူးပြုပေးခဲ့သည် များလည်း ရှိခဲ့ပါသည်။ မြင်ဆရာဖြစ်သည့် ဗျိုင်းကြီး၏ ကျေးဇူးကို မေ့လျော့မဖော်ထုတ် ဆရာမရှိလေဟန် သူ့ကိုယ်သူအထင်ကြီးသည့်နွား ကျောင်းသား အာခေါင်လှံစူး သေပွဲဝင်သွားခဲ့ရသည်။ ထိုနည်းတူစွာ— တစ်နေ့ရွှေဥတစ်လုံး ဥပေး သည်ကို နည်းသည်ဟုထင် လောဘ စိတ်ဝင် မိုက်မဲအတွေးနှင့် ကျေးဇူး ရှင် ငန်းကြီးကို သတ်လိုက်သည့် ငန်းပိုင်ရှင်လယ်သမား ဆုံးရှုံး နစ်နာခြင်းတွေနှင့် ကြုံခဲ့ရသည်။ တိရစ္ဆာန်၏ကျေးဇူးကိုပင် ယုတ်မာကျေးဇူးကန်း လိုက်၍ ဤကဲ့သို့ဘဝဆိုး၊ အဖြစ်ဆိုးများ နှင့် ကြုံကြရသည်။ လူသား အချင်းချင်း ပြုပေးခဲ့သည့် ကျေးဇူး အပေါ်၌မေ့လျော့ကျေးဇူးကန်းသူ တို့၏ ဘဝသည်ကား ပြောဖွယ်ရာမရှိ တော့ပေ။

ယူတော့ပြုံးပြုံး၊ တောင်းတော့မုန်းမုန်း ဆိုသလို ရယူထားပြီးသည် ကျေးဇူးများကို မေ့လျော့မပေးဆပ် ကျေးဇူးရှင်များ အပေါ်၌ ရန်သူလိုမြင်၊ ပုခုံးချင်း ယှဉ်၊ မလိုလောဘစိတ်များနှင့် ကာယကံ၊ ဝစီကံ၊ မနောကံ မြောက် ပြစ်မှားကျူးလွန် သူတို့၏ ဘဝသည် တန်ဖိုးမဲ့ သူများအဖြစ် နှင့် သည်ဘဝတွင်မက ဘဝ ပေါင်းများစွာ ၌လည်း စိတ်ချမ်း သာခြင်းမရှိ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပ္ပါယ် လေးဘုံရောက်ခြင်း၊ အိုးမဲ့၊ အိမ်မဲ့၊ အစာရေစာ ဝလင်စွာ မစားရခြင်း၊ ၎င်းတို့မှာ ကျူး လွန်သည့်ပြစ်ဒဏ်များ ကျရောက်ခြင်း၊ အခြံအရံ ကျော် ဇောမှုမဲ့ကာ၊ သူယုတ်မာအဖြစ် အမြင်ခံရ ခြင်း၊ စဏ္ဍာလအမျိုးယုတ်၊ ဖုတ်၊ ပြိတ္တာ၊ ကျီး၊ ခွေး တို့ကဲ့သို့ မထေမဲ့မြင်အောက် မေ့ခံရခြင်း၊ သူတစ်ပါး သတ်၍သေရခြင်း၊ ဤသူယုတ်တို့နှင့် အတူနေသူ တို့ပင် ပြစ်ဒဏ်များ ကျရောက်ခံရခြင်းများနှင့် ရင်ဆိုင် ကြရမည်။

(ဤကား ဘုရားဟောတည်း) ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုး၊ ဘဝ ဆိုးပြစ်ဒဏ်ြွေကးမကျရောက်ကြစေရန် ရရှိပြီးသည့် သူတစ်ပါး၏ကျေးဇူးများကို မမေ့မလျော့၊ သစ္စာရှိ ကတိတည်၊ စေတနာ လုပ်အား များနှင့် ပြန်လည်ပေး ဆပ်နိုင်ကြသည့် တန်ဖိုးကြီးသူတော် ကောင်းများဖြစ် ကြစေရေး အကျိုးမျှော်ကိုး၍ စိတ်ရင်းစေတနာမှန်နှင့် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါ သည်။ တစ်လုပ်စားဖူး သူ့ကျေးဇူးဆို စကားနှယ်၊ မရေ တွက်နိုင်သည့် သူတစ်ပါး၏ ကျေးဇူးများကို သစ္စာရှိ၊ ကတိတည်ပြန် လည်ပေးဆပ်တတ်သည့် အသိစိတ် များ ထားရှိနိုင်ကြပါစေ—။

စိမ်းသန့်(ရေတာရှည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: