၂၀၁၁ ခုနှစ် CNN ဟီးရိုးဆုကို အင်ဒိုနီးရှားမှာ မိခင်နဲ့ ကလေး ကျန်းမာရေး စောင့်ရှောက်သူရရှိ


အင်ဒိုနီးရှားမှ ကိုယ်ဝန်ဆောင် အမျိုးသမီးများစွာရဲ့ ကျန်းမာရေးနဲ့ ကလေးမွေးဖွားမှုတွေကို ကူညီပေးနေတဲ့ အမေရိကန်နိုင်ငံသူ မစ္စရောဘင်လင်း (Robin Lim) ကို ၂၀၁၁ ခုနှစ် ‘CNN Hero of the Year’ ဆုအတွက် CNN ပရိတ်သတ်က မဲပေးရွေးချယ်ခဲ့သည်။

အင်ဒိုနီးရှားမှာ ဖွင့်ထားတဲ့ မစ္စလင်း ရဲ့ ဆေးခန်းက အင်ဒိုနီးရှားမှ မိခင်ပေါင်းများစွာနဲ့ ကလေးတွေအတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေ ပေးနေသည်။

“ကမ္ဘာမြေပေါ်မှာ ပထမဆုံး လေစရှုရှိုက်တဲ့ ကလေးတိုင်း ငြိမ်းချမ်းမှုနဲ့ ချစ်ခင်မြတ်နိုးမှု ရသင့်တယ်။ မိခင်တိုင်း ကျမ်းမာသန်စွမ်းမှု ရှိရမယ်။ မွေးလာတဲ့ကလေးတိုင်းကို လုံခြုံမှုနဲ့ မေတ္တာတရား ပေးရမယ်။ ဒါပေမဲ့ ကျမတို့ ကမ္ဘာမှာ အခုထိ အဲဒါတွေ မရသေးဘူး” လို့ ၂၀၁၁ ခုနှစ်အတွက် CNN ထိပ်ဆုံး ဟီးရိုး ၁၀ ဦး ရွေးချယ်ပွဲမှာ အခမ်းနားမှာ မစ္စရောလင်း က ပြောခဲ့သည်။

ယနေ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက အမျိုးသမီးအများစုမှာ ပဋိသန္ဓေကာကွယ်နည်းနှင့် မိခင်နှင့်ဆိုင်သော စောင့်ရှောက်မှုတွေကို လက်လှမ်းမမှီ ဖြစ်နေကြရသည်။ ကုလသမဂ္ဂလူဦးရေအဖွဲ့ရဲ့ အဆိုအရ၊ အာဖရိကနဲ့ တောင်အာရှဒေသမှာ ကလေးမွေးတဲ့ မိခင်ငါးယောက်အနက် သုံးယောက်က ဆေးရုံ ဆေးခန်းမရှိ၊ ကျွမ်းကျင်ဝမ်းဆွဲမရှိဘဲ မွေးဖွားနေကြဆဲဖြစ်သည်။

အင်ဒိုနီးရှားမှာ မိသားစုတစ်စုရဲ့ တစ်နေ့ဝင်ငွေက ၈ ဒေါ်လာပဲ ရှိသည်။ အစိုးရဆေးရုံမှာ ကလေးမွေးစရိတ်က အနည်းဆုံး ဒေါ်လာ ၇၀ ကနေ ဒေါ်လာ ၇၀၀ ကြား ကုန်ကျမည်။ အဲဒီ စရိတ်ကြီးမြင့်ကို မတတ်နိုင်တဲ့အတွက် အင်ဒိုနီးရှားမှာ မိခင်နှင့် ကလေး သေဆုံးမှု အများအပြားရှိနေသည်ဟု မစ္စလင်း က ပြောပြသည်။

“အခြေအနေက အရမ်းဆိုးတယ်.. မိခင်တွေ သွေးထွက်လွန်ပြီး ဆုံးသွားတာတွေ ရှိတယ်။ နောက် မွေးလာတဲ့ကလေးကို ပစ်သွားတာတွေလည်း များလာတယ်။ ကလေးမွေးတာ စောင့်ရှောက်တာက စီးပွားရေး လုပ်ငန်းဆန်လာတော့ ဆင်းရဲတဲ့ မိခင်တွေ လက်လှမ်းမမှီ ဖြစ်လာကြတယ်”

CNN တစ်နှစ်တာ သူရဲကောင်းဆုကို CNN.com မှ ရသတ္တပတ် ၁၁ ပတ်ကြာ မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယခု တစ်နှစ်တာ သူရဲကောင်းဆု ရရှိသူ မစ္စလင်းမှာ သူ့လုပ်ငန်းအတွက် ဒေါ်လာ ၂၅၀၀၀၀ ရရှိခဲ့သည်။ တစ်နှစ်တာ ထိပ်တန်း သူရဲကောင်း ၁၀ ဦးအနက် အခြား ၉ ဦးကိုလည်း CNN မှ ဒေါ်လာ ၅၀၀၀၀ စီ ချီးမြှင့်ခဲ့သည်။

၂၀၁၁ ခုနှစ် CNN သူရဲကောင်းဆုအတွက် ရွေးချယ်ခံရသည့် အခြား (၉) ဦး

Eddie Canales

Eddie Canale ရဲ့ သားက ၂၀၀၁ခုနှစ် အထက်တန်းကျောင်း ဘေ့စ်ဘောကစားပွဲမှာ ကျောရိုးကျိုးသွားသည်။ ဒီနေ့ Eddie က Gridiron Heroes လူမှုရေးအဖွဲ့ကို ထူထောင်ထားပြီး ကျောရိုးခါးရိုး ထိခိုက်ဒဏ်ရာရသူများ ဘ၀ဆက်လက်ရှင်သန်ဖို့ အကူအညီပေးနေသည်။

Taryn Davis

Taryn Davis ၂၁ နှစ်က သူ့ယောက်ျား အမေရိကန်စစ်တပ်မှ တပ်ကြပ်ဖြစ်သူ အီရတ်စစ်မြေပြင်မှာ အသတ်ခံရပြီးနောက်၊ ၂၀၀၇ ခုနှစ်မှာ အမေရိကန် မုဆိုးမများအဖွဲ့ကို စတင်ထူထောင်ခဲ့သည်။ လက်ရှိ သူ့ရဲ့ လူမှုရေးအဖွဲ့က မုဆိုးမငယ် ၈၀၀ နီးပါးကို ကူညီထောက်ပံ့ပေးနေသည်။

Sal Dimiceli

Sal Dimiceli က ဒုက္ခရောက်နေသူတွေ သူတို့ခြေထောက်ပေါ် သူတို့ရပ်နိုင်အောင် အကူညီပေးနေသည်။ သူထောင်ထားတဲ့ လူမှုရေးအဖွဲ့က နှစ်စဉ် လူ ၅၀၀ ကျော်ရဲ့ အစားအစာ၊ နေရာ၊ အိုးခွက်ပန်းကန်နဲ့ အခြား လိုအပ်ချက်များကို ကူညီပေးနေသည်။

Elena Durón Miranda

Elena Duron Miranda ကလေးဘ၀က အာဂျင်တီးနားနိုင်ငံ ဘာရီလိုချီမြို့ အမှိုက်ပုံတွေမှာ ရှာဖွေစားသောက် ရသူ ဖြစ်သည်။ ဒီနေ့ သူမရဲ့ PETISOS လူမှုရေးအဖွဲ့က အာဂျင်တီးနား အမှိုက်ပုံတွေမှ ကလေး ၂၀၀ ကျော်ကို စောင့်ရှောက်ထားပြီး ကျောင်းထားပေးလျက် ရှိသည်။

Derreck Kayongo

Derreck Kayongo နဲ့ အဖွဲ့က ဟိုတယ်တွေမှာ သုံးပြီးသား ဆပ်ပြာအကျန်တွေ လိုက်စုဆောင်းပြီး၊ အာဖရိကမှ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ပြန်လည်ပြုပြင် အသုံးချသည်။ အဲဒီအလုပ်ကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး၊ အာဖရိက ကိုးနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်တွေကို ဆပ်ပြာအတုံး ၁၀၀,၀၀၀ ကျော် ပေးနိုင်ခဲ့သည်။

Patrice Millet

Patrice Millet က ကင်ဆာရောဂါ ရရှိလာပြီးနောက်၊ သူ့ဇာတိ ဟေတီနိုင်ငံမှာရှိတဲ့ ကလေးတွေအတွက် ဘ၀ကို မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့သည်။ သူနဲ့ သူ့အဖွဲ့က ဆင်းရဲသားရပ်ကွက်မှ ကလေးငယ် ရာပေါင်းများစွာအတွက် ဘောလုံးအသင်း၊ နည်းပြခြင်း၊ စားစရာပေးခြင်း၊ တာဝန်သိတဲ့ နိုင်ငံသားဖြစ်ထွန်းရေးတွေကို သင်ကြားပေးနေသည်။

Bruno Serato

စာဖိုမှုး Burno Serato က သူ့မိသားစုနဲ့အတူ မိုတယ် တစ်ခုမှာ မှာနေထိုင်ပြီး၊ ၂၀၀၅ ခုနှစ်ကတည်းက ဆင်းရဲတဲ့ ကလေးတွေကို ညစာကျွေးလာခဲ့သူ ဖြစ်သည်။ အခု သူက ကယ်လီဖောနီးယားပြည်နယ် အက်နာဟိုင်းမ်မြို့ Boys and Girls Club မှာ ဆင်းရဲတဲ့ ကလေး ၂၀၀ ကျော်ကို နေ့တိုင်း ညစာကျွေးနေသည်။

Amy Stokes

Amy Stokes က တောင်အာဖရိကမှ HIV/AIDS ရောဂါခံစားရသူများနဲ့ ဆင်းရဲတဲ့ ကလေးတွေ အတွက် နွေးထွေးတဲ့ မိသားစုဘ၀ တည်ဆောက်ပေးနေသူ ဖြစ်သည်။ အင်တာနက်ကနေ တကမ္ဘာလုံးမှ လူငယ် ၃၀၀ ကျော်ကို ချိတ်ဆက်၊ အကူအညီရယူပြီး၊ သူမရဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

Source: CNN

ဝင့်ထန်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: