တရုတ်နဲ့ အမေရိကန် မြန်မာ နိုင်ငံကို ချဉ်းကပ် ပုံချင်း မတူကြ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင် တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်က မြန်မာ-  အမေရိကန် အပြု သဘော ဆက်ဆံရေး ရဲ့ကဏ္ဍသစ် ကို ဖွင့်လှစ် လိုက်တဲ့ ခြေလှမ်း သစ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ထူးခြားမှု အနေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို ကြိုဆိုတဲ့ အဖွင့် အမှာ စကားမှာ တရုတ်ပြည်နဲ့ ဆက်ဆံရေးကို ထုတ်ဖော်ပြောဆိုသွားခဲ့သလို ဒေါ် အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့နေအိမ်မှာဝန်ကြီး ဟီလာရီကလင်တန်ကိုဧည့်ခံစဉ် တရုတ်ပြည်ရဲ့ အခန်း ကဏ္ဍကို တရားဝင်ပြောဆိုသွားခဲ့တာတွေက ထူးခြားလှ ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနက မစ္စစ်ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်း ပေးစေလိုကြောင်း ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန် ထားတာပါ။ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ မြန်မာနိုင်ငံ အပေါ် ထိတွေ့ဆက်ဆံပုံချင်းက မတူညီကြပါဘူး။ ရပ် တည်မှုတွေ ကွာခြားလှပါတယ်။ ၁၉၈၈ ခုနှစ် နောက် ပိုင်းမြန်မာ အစိုးရကို ပွင့်ပွင့်လင်းလင်း ကူညီထောက်ခံ ခဲ့တာ တရုတ်အစိုးရပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာအစိုးရက တရုတ်နိုင်ငံကနေ အကူအညီ၊ ချေးငွေ အထောက်အပံ့တွေကိုယူပြီး အင်အားတောင်းတင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ လည်း မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ် လာပြီး မြန်မာနိုင်ငံရဲ့သဘာဝရင်းမြစ် တွင်းထွက်ပစ္စည်း များကို စိတ်ကြိုက်ဝယ်ယူခွင့်ရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဘင်္ဂလားပင်လယ်အော်ကနေ အိန္ဒိယသမုဒ္ဒရာထိ မဟာဗျူဟာမြောက် လမ်းကြောင်း ကိုမြန်မာနိုင်ငံကနေဖြတ်သန်းသွားလိုပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ပီကင်းခရီးစဉ်အတွင်းမှာ တရုတ် မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာမြောက်အဆင့်ထိတိုးမြင့်ခဲ့ တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာလည်း တရုတ် နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ် ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ ယခင်တပ်မတော် အစိုးရသက်တမ်းတစ်လျှောက်လုံးအကူအညီတောက် လျှောက်ပေးလာခဲ့တဲ့အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ အတိုက်အခံဘက်မှ မားမားမတ်မတ်ရပ်တည်ပြီး ဒီမိုကရေစီရေးကို ရင်းနှီး မြှုပ်နှံခဲ့တဲ့ နိုင်ငံကြီးတစ်နိုင်ငံပါ။

အမေရိကန်သမ္မတ ဟောင်းတွေဖြစ်တဲ့ ဘီလ်ကလင်တန်၊ ဂျော့ဒဗလျူ ဘုရှ်တို့ရဲ့ မြန်မာအစိုးရအပေါ်ထားရှိတဲ့ တင်းမာတဲ့ မူဝါဒတွေကို လက်ရှိသမ္မတအိုဘားမား ဆက်ခံခဲ့ရပါ တယ်။ ဒါပေမယ့် အိုဘားမားက ယင်းမူဝါဒတွေကို စွန့်လွှတ်ပြီး စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကနေ အပြောင်းအလဲဖြစ်အောင် တိုက်တွန်းဖို့ နည်းလမ်းရှာခဲ့ တာဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ယခင်ကတည်းက တောင်းဆိုလာတာတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးရေး၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံရတဲ့ အကျဉ်းသားတွေ ကိုပြန်လွှတ် ပေးရေးဆိုတဲ့အချက်တွေပါ။ အလားတူ မြန်မာအစိုး ရကလည်း အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ် ဆို့မှုတွေကိုရုတ်သိမ်းပေးဖို့ အစဉ်တစိုက်တောင်းဆိုလာ တာဖြစ်ပါတယ်။

ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် မှာတော့ ရာစုနှစ်ဝက်အတွင်း မကြုံဘူးတဲ့ ပြောင်းလဲ မှုတွေကို ပြုလုပ်လာပါတယ်။ ဆင်းရဲနွမ်းပါးမှု၊ အဂတိ လိုက်စားမှုတွေကို သမ္မတကိုယ်တိုင်ဝန်ခံမှု၊ ယုံကြည် ချက်ကြောင့်အကျဉ်းခံရတဲ့ အကျဉ်းသားအချို့ ပြန်လွှတ် ပေးမှု၊ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းနိုင်မှု၊ အလုပ် သမားဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း၊ စာပေစိစစ်ရေးမှာ တင်းကျပ်မှုတွေကိုလျော့ပေးလိုက်ခြင်း၊ ယခင်က အတိုက်အခံတွေကို လက်ကမ်းနိုင်မှု စတဲ့ပြောင်းလဲမှု တွေကို ပြုလုပ်ခဲ့တာပါ။ ဒါတင်မက NLD ကို ရွေး ကောက်ပွဲဝင်ခွင့်ရအောင် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုလည်း ပြင်ဆင်ပေးလိုက်ပါတယ်။ အစိုးရသစ်အနေနဲ့ ခုလိုလိုက်လျောမှုတွေပြုလုပ် ပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားပြီး တရုတ်အပေါ် အလွန်အကျွံမှီခိုအားထားရမှု တွေ လျော့ပါးအောင်ပြုလုပ်တာလို့ နိုင်ငံရေးစောင့် ကြည့်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံ ခြားရေးမူဝါဒကို ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ စေ့စပ်ဆွေးနွေးရေးကို မြှင့်တင်၊ ဒဏ်ခတ်ပိတ်ဆို့မှုကိုဆက်ထားဆိုတဲ့ လက်တွေ့ ကျတဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးလောကမှာ ဒေါ် အောင်ဆန်းစုကြည်ကို ဒီမိုကရက်ရော၊ ရီပတ်ဘလစ် ကန်ရောထောက်ခံ သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းဒဏ်ခတ်ပိတ်ဆို့ရေးပေါ်လစီကိုထောက်ခံ ထားတာကြောင့် ဒီမှုဝါဒကို လက်တွေ့ကျတယ် လို့ပြော နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဟီလာရကီလင်တန်ကို မြန်မာနိုင်ငံစေလွှတ်လိုက်တဲ့ သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံစလုံးရဲ့ အမျိုးသားအကျိုး စီးပွားအတွက် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်ဖို့ ရှေ့တိုး လိုက်တဲ့ ခြေလှမ်းတစ်လှမ်းလို့ နိုင်ငံရေးလေ့လာသူ တွေက သုံးသပ်နေကြပါတယ်။

ရည်အောင်
Ref: Asia Times Online တွင် ဆောင်းပါးရှင်
David I Steinberg ရေးသားသော USMyanmar:
A Convergence of interest.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: