ဘာ“ စွမ်းရည်” လဲ


ကျွန်တော်တို့ တစ်တွေက စွမ်းရည် မြှင့်တင်ရေး (Capacity Development) အကြောင်း အပြော များကြ ပါတယ်။ ဒါပေမဲ့ ဘာအတွက်၊ ဘယ်သူ့အတွက်၊ ဘယ်လိုစွမ်းရည် တွေကို မြှင့်တင်ကြ မလဲဆိုတဲ့ ကိစ္စကို အပြောနည်း နေကြပါသေးတယ်။ စွမ်းရည်ဆိုတာ ဘာကိုပြောတာလဲ ဆိုတာ အရင်ဆုံးဆွေးနွေးရင် ကောင်း မယ်ထင်ပါတယ်။ တိုတိုပြောရရင် လူတွေ၊ အဖွဲ့ အစည်းတွေနဲ့ လူ့ဘောင်က သူတို့ ကြုံတွေ့နေရတဲ့ အရေးအရာ တွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်စွမ်း လို့ “စွမ်းရည်” ကို အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါတယ်။ စွမ်းရည်ဖွံ့ဖြိုးတိုးတက် ရေး၊ မြှင့်တင်ရေးဆိုတာကတော့ အဲဒီလို စွမ်းရည်တွေ ပေါ်ထွက်လာ အောင်၊ ပေါ်ထွက်လာပြီးရင် တောင့် တင်းခိုင်မာလာအောင်၊ ဖန်တီးနိုင် အောင်၊ လိုက်လျောညီထွေဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်အောင်လို့ လူတွေ၊ အဖွဲ့အစည်းတွေ၊ လူ့ဘောင် တွေက ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် တွေကို ဆိုလိုပါတယ်။ အဲသလိုလုပ်ရတဲ့ လုပ်ငန်းစဉ် တွေဟာ ပြင်ပက လုပ်ပေးလို့ရတဲ့ အလုပ်မဟုတ်လှပါဘူး။

ကာယကံရှင် ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ကိုယ်တိုင်က လိုလိုချင်ချင်ရှိမှ ဖြစ်တာ ပါ။ တစ်နည်းအားဖြင့် ပြောရရင် မြစ်ဆိပ်နားကိုရောက်အောင် မြင်းကို ခေါ်သွားနိုင်ပေမဲ့ တကယ်တမ်း ကျတော့ မြင်းက သောက်ချင်မှသာ သောက်လို့ရတာပါ။ အခု စွမ်းရည် မြှင့်ချင်တဲ့ သူတွေအနေနဲ့ ကာယကံ ရှင်တွေ၊ အဖွဲ့အစည်းတွေ ကိုယ်နှိုက် က ကိုယ့်စွမ်းရည်ကို မြှင့်တင်ချင်တဲ့ စိတ် တကယ်ရှိရဲ့လားဆိုတာ အရင် ဆုံး စဉ်းစားဖို့ပါပဲ။ ပြီးတော့ ဒီလုပ်ငန်းဟာ ရေရှည် လုပ်ရမယ့်လုပ်ငန်း။

ဟောပြောပွဲ တစ်ပွဲ၊ သင်တန်းတစ်ခုနဲ့ ပြီးသွားနိုင် တဲ့ ကိစ္စမျိုး မဟုတ်ဘူးဆိုတာလည်း သိထားသင့်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က တစ်ပွဲတစ်လမ်း အကဲစမ်းတာမဟုတ်ဘဲ ရေရှည် ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်ရဲ့လား၊ တာဝန်ယူရဲလားဆိုတဲ့ မေးခွန်းကို မေးရမှာပါ။ တကယ်တော့ စွမ်းရည်ဆိုတာ တစ်ခုနှစ်ခု၊ နယ်ပယ်တစ်နေရာ နှစ်နေရာနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး၊ ကျယ်ပြန့်ပါတယ်။ စွမ်းရည်တွေ အမျိုးမျိုး ရှိပြီး အဲဒီစွမ်းရည်တွေက လည်း တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေ တတ်ပါတယ်။ ကျွန်တော့်တူလေးတစ်ယောက် ရဲ့ သူများနဲ့မတူတဲ့ စွမ်းရည်က အဘွားသဘောကျအောင် ပြောတတ် တယ်။ ကျွန်တော့်တူမလေး တစ်ယောက် ရဲ့ စွမ်းရည်က အမေမသိတဲ့၊ ဒါမှ မဟုတ် မသိသေးတဲ့ကိစ္စတွေ အသိ ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒါမျိုး တွေကလည်း အရေးကြီးတဲ့ စွမ်းရည် တွေပါပဲ။ ဒါပေမဲ့ အဆင့်ခွဲပြောရရင် တော့ တစ်ယောက် ချင်းရဲ့ စွမ်းရည်၊ အဖွဲ့အစည်းရဲ့ စွမ်းရည်နဲ့ အထောက် အကူပြုပတ်ဝန်းကျင်ဆိုင်ရာ စွမ်းရည် လို့ ပြောနိုင်ပါတယ်။ အစိုးရဌာနတွေဆိုရင် ဝန်ဆောင်မှုတွေပေးဖို့ နိုင်ငံအဆင့်၊ ဒေသအဆင့်၊ စီးပွားရေးကဏ္ဍအဆင့်၊ ဘာသာရပ် နယ်ပယ် အဆင့် စွမ်းရည် တွေ အမျိုးမျိုးလိုအပ်ပါတယ်။ ဒါကြောင့် ဆေးကုတတ်တာ၊ တံတားဆောက်တတ်တာတွေပဲ စွမ်းရည်မဟုတ်ပါဘူး။

ကျန်တဲ့ စွမ်းရည်တွေလည်း လိုပါသေးတယ်။ အဓိကအကျဆုံး စွမ်းရည် ကတော့ လုပ်ငန်းတစ်ခုကို စိတ်ရော ကိုယ်ပါ ပါဝင်ပတ်သက်နိုင်စွမ်း၊ တာဝန်ယူနိုင်စွမ်းဆိုတော့ လုပ်ငန်း တွေမှာ ဝတ်ကျေတန်းကျေနိုင်တာ တွေ တာဝန်မယူတာတွေကို အရင် ဆုံးပြေးမြင် မိတယ်။ ပြီးတော့ လိုအင်တွေ၊ အဓိက ကိစ္စရပ်တွေကို ဖော်ထုတ်နိုင်စွမ်း၊ ကြိုတင်ပြင်ဆင်စီမံနိုင်စွမ်း၊ အသုံး စရိတ်ခွဲဝေလျာထားသုံးစွဲနိုင်စွမ်း၊ လက်တွေ့ အကောင် အထည် ဖော်နိုင် စွမ်း၊ လုပ်ရပ်တွေကို စောင့်ကြည့်နိုင် စွမ်း၊ လိုအပ်တဲ့ပညာဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ ရယူနိုင်စွမ်းတို့ ဟာလည်း အရေးကြီးတဲ့ စွမ်းရည်တွေ ပါပဲ။ ကိုယ်ဘာမသိ၊ ဘာမတတ် သလဲ၊ ဘာသိပြီး၊ ဘာတတ်ဖို့ လိုတယ် ဆိုတာ သိတာကိုက စွမ်းရည်တစ်ခု ဖြစ်လေတော့ အဲသလိုမသိတာ ကိုက စွမ်းရည်မဲ့ နေတော့တာပေါ့။ ဘေးကလုပ်ပေးနိုင်တာက အဲသလို ကိုယ်မသိတာကို သိအောင် လုပ်ပေးဖို့နဲ့ ဘာတွေသိဖို့ လိုတယ် ဆိုတာ သဘော ပေါက်အောင် လုပ်ပေးဖို့ပါပဲ။ ကာယကံရှင်က အဓိက တာဝန်ယူရမှာပါ။ အခုတလော “သတ္တဝါမှန်သမျှ သူ့ကံနဲ့ သူပဲ” ဆိုတဲ့ အကြမ်းဖျင်း ဘာသာပြန်ချက်ကို စွမ်းရည်နဲ့ ပတ်သက်လာရင် “အဖွဲ့အစည်း မှန် သမျှ သူ့ကံနဲ့ သူပဲ” လို့ ဘာသာပြန် နေမိပါတယ်။

ခင်မောင်ညို(ဘောဂဗေဒ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: