မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများမှ လုပ်သား တစ်သိန်းကျော်လက်ခံရန် ထိုင်းစဉ်းစားနေ


နိုင်ငံအတွင်းရေကြီးမှု အကျပ်အတည်း ကာလရှည်ဖြစ်ပွားပြီးနောက် စက်ရုံများပြန်ဖွင့်ပါက မြန်မာအပါအ၀င် အခြား အိမ်နီး ချင်းနိုင်ငံများမှ လုပ်သား တစ်သိန်းကျော်ကို လက်ခံရန် ထိုင်းနိုင်ငံက စဉ်းစားနေကြောင်း တာဝန်ရှိသူ တစ်ဦး က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လပေါင်းများစွာ ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် တရားဝင်နှင့် တရားမ၀င်လုပ်သား ၁၂၀၀၀၀ ခန့်သည် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြောင်းထိုင်း အလုပ်သမားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Anourak Tossarat က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

”ကုန်းလမ်း(ဒါမှမဟုတ်) လေကြောင်းကနေ မြန်မာနိုင်ငံက လုပ်သားတွေကို ခေါ်ယူသွားမှာပါ။ ထိုင်းနိုင်ငံကို တရားဝင်လာရောက်ရမယ် ဆိုတာကတော့ အရေးကြီးတဲ့အချက်ပါပဲ။ ကျွန်တော့်ရဲ့ အစီအစဉ်က ထိုင်းနိုင်ငံမှာ တရားမ၀င်ရွှေ့ပြောင်း လုပ်သားကင်းစင်ဖို့နဲ့ လူကုန်ကူးမှုတွေကို ရပ်တန့်ဖို့ပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ဇူလိုင်လအတွင်းက ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များတွင် ရေလွှမ်းခဲ့ခြင်းကြောင့် ရွှေ့ပြောင်းလုပ်သား အသိုင်းအ၀ိုင်းတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ရေကြီးမှုများကြောင့် လူ ၆၀၀ ကျော် သေဆုံးခဲ့ခြင်း၊ အိမ်ခြေ သန်းပေါင်းများစွာ ပျက်ဆီးခြင်းနှင့် စက်ရုံရာကျော်တွင် ရေလွှမ်းခြင်းဖြစ်ပွားခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများသည် ကုန်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေကျဖြစ်သည်။ မြန်မာနိုင်ငံမှ ဒုတိယအလုပ်သမားဝန်ကြီး လာရောက်စဉ် အတွင်းတွင် မြန်မာအလုပ်သမား များကို လေကြောင်းဖြင့် ၀င်ရောက် ခွင့်ပြုမည့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်ကို မြန်မာအစိုးရဘက်မှ အပြုသဘောဆောင်သည့်တုံ့ပြန်မှုပေးခဲ့သော်လည်း တရားဥပဒေအရ နိုင်ငံကူးလက်မှတ် ဖြင့်ခရီးသွားသည့် လုပ်သားများသည် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းပေးဆောင်ရမည့် အချက်နှင့် လေယာဉ်ဖြင့်သွားရောက်သည့် ကုန်ကျစရိတ် မြင့်မားလွန်းနေသည်။

ရွှေ့ပြောင်းလုပ်သားများအတွက် လေယာဉ်စရိတ်ကို မည်သည့်နိုင်ငံမှ ကုန်ကျပေးမည်ဆိုသည့်အချက်ကိုလည်း နှစ်နိုင်ငံမှတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း Anourak က ပြောကြားခဲ့သည်။ ”အများအားဖြင့်တော့ ကုန်ကျစရိတ်အားလုံးက အလုပ်သမားနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေကလည်း အကူအညီပေးနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။ ထိုင်းနိုင်ငံတွင်လာရောက် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားနှစ်သန်းကျော် ရှိနေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: