ရန်ကုန်-နေပြည်တော် ကျည်ဆန် ရထား သတင်း လက်ရှိ အချိန်၌ မဟုတ်မှန်ဟု ငြင်းဆို


ရန်ကုန်-နေပြည်တော် ကျည်ဆန် ရထားကို တရုတ် နိုင်ငံမှ လာရောက် ဖောက်လုပ် ပေးမည် ဆိုသည့် သတင်းမှာ လက်ရှိ အချိန်၌ မဟုတ် မှန်ကြောင်း နေပြည်တော်ရှိ မီးရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ဒီဇင်ဘာလ ၁၃ ရက် နေ့တွင် ငြင်းဆိုသည်။ ဒါလုပ်ရမယ်လို့ကို ညွှန် ကြားစာ တစ်စုံတစ်ရာလည်း မလာသေးဘူး။

လုပ်မယ်လို့ လည်း မကြားမိသေးဘူး။ အခုအချိန်မှာ ဒီသတင်းက မမှန် ပါဘူးဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ မကြာသေးမီကာလ အတွင်း ကလည်း နေပြည်တော်၌ မြေအောက် ရထားလမ်း တစ်ခုကို ရုရှားမှ ဖောက်လုပ် တော့မည်ဟု အင်တာနက် သတင်း များ၌ ရေးသား ဖော်ပြမှုများ ပြုခဲ့ သေးကြောင်း၊ ထိုသည်ကိုလည်း မဟုတ်မှန်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ပြည်တွင်းမီဒီယာများအား တရားဝင် ငြင်းဆိုထားသည်။

ရန်ကုန်-နေပြည်တော် အမြန်ရထားလမ်း သတင်းသည် ၂၀၁၀ ခုနှစ်ကတည်းက ထွက် ပေါ်နေခဲ့ခြင်းဖြစ်ပြီး လမ်းဖောက် လုပ်ရန် တရုတ်နိုင်ငံမှ ပညာရှင် များ ၂၀၁၀ အောက်တိုဘာ လအတွင်းက လာရောက် တိုင်း တာမှုများ ပြုလုပ်ခဲ့သည်ဟု လည်း သတင်းထွက်ပေါ်ခဲ့ သည်။ သို့သော် တရုတ်ပညာ ရှင်များ လာရောက်ခြင်းသည် ကျောက်ဖြူ-ကူမင်း ရတားလမ်း အတွက် လာရောက်ခဲ့ခြင်းဖြစ် သည်ဟု မြန်မာ့မီးရထားမှ သိရသည်။

ကျည်ဆန်ရထားလမ်း ဖောက် လုပ်ရန်မှာ နည်းပညာ များ၊ မြေနေရာ အနေအထား လေ့လာမှုများ စသည့် အဆင့် များစွာရှိကြောင်း အရေးကြီးသည့် အချက်မှာ လျှပ်စစ်ဖြင့်သွားရခြင်း ဖြစ်၍ ၂၄ နာရီ လျှပ်စစ်ရရေးမှာ အဓိကကျကြောင်း၊ အချိန်တို အတွင်း ကျည်ဆန်ရထားလမ်း ဖောက်လုပ်မည် ဆိုခြင်းမှာ မဖြစ် နိုင်ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သော စက်မှုအင်ဂျင်နီယာ တစ်ဦးက ၄င်း၏အမြင်ကို ပြော ကြားခဲ့သည်။

မင်းသုအောင်၊မေဇင်ဝင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: