ဖေ့စ်ဘွတ်နှင့် တွစ်တာတို့ကို အရေး ယူမည်ဟု အိန္ဒိယအစိုးရ ခြိမ်းခြောက်
အိန္ဒိယကြေးနန်းနှင့် သတင်း ပြန်ကြားရေးဝန်ကြီး ကာပီလ်ဆီ ဘားသည် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီနှင့် ဝန်ကြီးချုပ် မမ်မို ဟမ်ဆင်းတို့အား စော်ကားသည့် သတင်းအချက်အလက်များ ဖော်ပြ မှုဖြင့် ကုမ္ပဏီများနှင့်Google၊ Yahoo ကိုယ်စားလှယ်များကို ဆင့် ခေါ်ခဲ့သည်။ ဝန်ကြီးက ၄င်းတို့ သည် အိန္ဒိယလူမျိုးများ၏ ချင့်ချိန် စဉ်းစားတတ်မှုကို အလေးဂရုပြု သင့်သည်ဟု ပြောကြားခဲ့သည်။ “ဆိုနီယာဂန္ဒီကို မုန်းတယ်” အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုအပါ အဝင် ဝက်ဘ်ဆိုက်များက သူမ၏ အီတလီဇာတိမျိုးနွယ်ကို ပြစ်တင် ဝေဖန်လျက်ရှိကြသည်။ ၄င်းတို့က ဆိုနီယာဂန္ဒီသည် ကွန်ဂရက်ပါတီ ဦးဆောင်သော ခြစားမှု ပြဿနာ များစွာတွင် ပါဝင်ပတ်သက်နေ ကြောင်းဖော်ပြကြသည်။ ထို့ပြင် ဝက်ဘ်ဆိုက်များက မစ္စ ဂန္ဒီနှင့် ဝန် ကြီးချုပ် မမ်မိုဟန်ဆင်းတို့ကို အသစ်စက်စက် လင်မယားအဖြစ် လှောင်ပြောင်သည့် ဓာတ်ပုံများ ဖော်ပြခဲ့ကြသည်။ မစ္စတာ ကာပီလ်ဆီဘားက ကုမ္ပဏီများအနေဖြင့် သတင်းများ အွန်လိုင်းပေါ်မတင်မီ စိစစ်မှုပြုလုပ် ကြရန်တောင်းဆိုခဲ့သည်။ သို့သော် ၄င်း၏မေတ္တာရပ်ခံချက်ကို ကုမ္ပဏီ များကငြင်းပယ်ခဲ့ကြသည်။ကုမ္ပဏီ များက ၄င်းတို့၏ဝက်ဘ်ဆိုက်များ အလယ်အလတ်သဘောထားရှိရန် အမေရိကန် စံနှုန်း ကျင့်သုံးမည်ဟု ပြောကြားခဲ့ကြသည်။ မစ္စတာ ဆင်း၊ မစ္စ ဂန္ဒီတို့အကြောင်း ဖော်ပြ ချက်များကိုရည်ညွှန်းလျက် မစ္စတာ ဆီးဘားက ၄င်း၏ ဝင်ရောက်စွက် ဖက်မှုသည် လွတ်လပ်စွာ ဝေဖန်မှု ကို ဆင်ဆာလုပ်ရန် ကြိုးပမ်းခြင်း မဟုတ်ကြောင်းငြင်းဆိုသည်။ သို့ သော် ဝန်ကြီးက အကယ်၍ အင် တာနက် ကုမ္ပဏီများအနေဖြင့် ၄င်း တို့ကိုယ်တိုင် စီစစ်မှုများမပြုလျှင် အစိုးရသည် အရေးယူမှုပြုလုပ်မည် ဟု သတိပေးခဲ့သည်။ Ref: Internet