စစ်မြေပြင် အတွေးနဲ့ စီးပွားရေး အမြင်


နိဒါန်း ဘီစီ ၄၀ဝ ဝန်းကျင် လောက်တုန်းက တရုတ်ပြည်မှာ နယ်ရှင်ပယ်ရှင် စစ်ဘုရင် များကြီးစိုးတဲ့ ခေတ်တစ်ခေတ် ဖြစ်ထွန်းခဲ့ ပါတယ်။ အဲဒီခေတ် ချီနိုင်ငံ (State of Chi)မှာ ဆွန်ဇူးအမည်ရ စစ်ဗိုလ်ချုပ်ကြီး တစ်ဦးပေါ်ထွန်းခဲ့ပါတယ်။ သူဟာ မိမိ ဘုရင်အတွက် အောင်ပွဲ အလီလီ ဆင်နွှဲပေး နိုင်ခဲ့ပြီး နာမည်ကျော်ကြားသလောက် တန်ခိုးအာဏာလည်းကြီးထွားခဲ့ပါတယ်။ သူ့ရဲ့ တိုက်ပွဲဝင်နှစ် ကာလများမှာ ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံ အပေါ်အခြေခံ ပြီး ရရှိလာတဲ့သူ့ရဲ့ အသိတရားတွေကို စစ်ရေးအတတ်ပညာ(The Art of War)ဆို တဲ့ ကျမ်းမှာ ရေးသား ဖော်ပြထားခဲ့ပါ တယ်။ အဲဒီကျမ်းဟာ တရုတ်ပြည်မှာ သမိုင်းအစဉ်အဆက် မဟာဗျူဟာနဲ့ စပ်လျဉ်းပြီး ဂန္ထဝင်မြောက် စာအုပ် တစ်အုပ် ဖြစ်လာခဲ့ပါတယ်။ သူ့ကျမ်းမှာ ရန်သူကို ပြတ်ပြတ်သားသားအနိုင်ရအောင် ဘယ်လိုနှိပ်ကွပ်ရ မယ်ဆိုတာနဲ့ ပတ်သက်တဲ့ ဖီလိုဆိုဖီတွေ အပြည့်အစုံပါရှိပါတယ်။

သူ့ရဲ့ လမ်းညွှန်ချက်တွေက ခေတ်အဆက် ဆက်ပေါ်ထွန်းခဲ့တဲ့ စစ်ဘက်ဆိုင်ရာသီအိုရီ ပညာရှင်များနဲ့ ဗိုလ်ချုပ်ကြီးများအတွက် အားထားရာဖြစ်ခဲ့ပါတယ်။ “စစ်ရေး အတတ်ပညာ” ကျမ်းဟာ ဆွန်ဇူးရဲ့ထိုးထွင်း သိမြင်မှုတွေကို ဖော်ထုတ်တင်ပြထားရုံ သာ မကဘဲ ခေတ်အဆက်ဆက် ပေါ်ထွန်း ခဲ့တဲ့ စစ်ရေးဆိုင်ရာ ဟောပြောရေးသား သူတွေရဲ့ ဖွင့်ဆိုချက်တွေပါ ထပ်လောင်း ပေါင်းစပ်ပါဝင်ခဲ့ ပါတယ်။ စစ်ပညာ လေ့လာသူတွေ အတွက်တော့ “စစ်ရေး အတတ်ပညာ” ကျမ်းဟာ မဟာဗျူဟာနဲ့ စပ်လျဉ်းပြီး ခြုံငုံချဉ်းကပ် သုံးသပ် တင်ပြ ထားတာကြောင့် မဟာဗျူဟာနဲ့ပတ်သက် ရင် တကယ့်ကို စစ်မှန်ပြီး အားထား လောက်တဲ့ လက်ရာမွန်တစ်ခုဖြစ်ခဲ့ ပါတယ်။

စစ်ေ်ရေးအတတ်ပ်ပညာရဲ့ အသုံုံးးဝင်ပ်ပုံုံ ဘီစီ ၂၀ဝ ခုနှစ်ဝန်းကျင်မှာ တရုတ် ပြည်ကြီးကို စည်းလုံးညီညွတ်အောင် ပထမဦးဆုံး စုစည်း နိုင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ပထမဦးဆုံးဧကရာဇ်ချင်စီဟွမ်(Qin Shihuang)ဟာ “စစ်ရေးအတတ်ပညာ” ကျမ်းကို လေ့လာ ဆည်းပူးခဲ့ပြီး ကျမ်းဂန် လာ ဥပဒေသတွေကို လိုက်နာကျင့်သုံးခဲ့ ပါတယ်။ ၂၀ ရာစုနှောင်းပိုင်းကာလတွေ မှာတော့ မော်စီတုံးဟာ ဆွန်ဇူးရဲ့ရေးသား ချက်တွေ ကို အသုံးပြုပြီး ချန်ကေရှိတ်နဲ့ အမျိုးသား ရေးဝါဒီတွေကို ၁၉၄၉ ခုနှစ်မှာ အနိုင်တိုက်ကာ တရုတ်ပြည်ကြီးကို ပြန်လည် စုစည်းနိုင်ခဲ့ ပါတယ်။ ဆွန်ဇူးဟာ မော်ရဲ့ ပျောက်ကျားစစ်ဆင်ရေးဆိုင်ရာ အရေးအသား တွေအပေါ် မှာလည်း ဩဇာ လွှမ်းမိုးမှုရှိပါတယ်။

အဲဒီအရေးအသား တွေဟာ အရှေ့တောင်အာရှမှသည် အာဖရိက၊ အမေရိက ဒေသတစ်လွှားဆီ က ကွန်မြူနစ်တော်လှန်ရေး သမားများဆီ ပျံ့နှံ့ခဲ့ပါတယ်။ ဂျပန်ဟာ အေဒီ ၇၆၀ တစ်ဝန်းမှာ ဆွန်ဇူးရဲ့ အရေးအသားတွေနဲ့ စတင် ထိတွေ့ခဲ့ပြီး သူ့နိုင်ငံရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ က “စစ်ရေး အတတ်ပညာ” ကျမ်းပါ သင်ခန်းစာတွေကို အလျင်အမြန်လေ့လာ သင်ယူ လက်တွေ့ အသုံးချခဲ့ကြ ပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ဆာမူရိုင်းကြီး သုံးဦးဖြစ်တဲ့ Oda Nobunaga, Toyotomi Hideyoshi နဲ့ Tokugawa Ieyasu တို့ဟာ “စစ်ရေး အတတ်ပညာ” ကျမ်းကို စာတွေ့လက်တွေ့ကျွမ်းကျင်တတ်မြောက် ထားသူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ယခု လို ကျွမ်းကျင် တတ်မြောက်မှုက ဂျပန်နိုင်ငံ ကို မြေရှင်ပဒေသရာဇ်နိုင်ငံငယ်လေးများ အဖြစ်မှသည် တစ်ခုတည်းသော စည်းလုံး ညီညွတ်တဲ့ တိုင်းပြည်အဖြစ် ပြောင်းလဲပေး နိုင်ခဲ့ပါတယ်။ အနောက်တိုင်းမှာတော့ “စစ်ရေး အတတ်ပညာကျမ်း” ကို Jesuit သာသနာ ပြုမစ်ရှင်က ၁၇၇၂ ခုနှစ်မှာ ပြင်သစ် ဘာသာသို့ ပြန်ဆိုမိတ်ဆက်ပေးခဲ့တဲ့ နောက် ဥရောပတစ်ခွင်ကို ပျံ့နှံ့ခဲ့ပါတယ်။ နပိုလီယံဟာ အဆိုပါကျမ်းကို ဖတ်ရှုခဲ့ပြီး စစ်ဘက်ရေးရာကိုသာမက တရုတ်တို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာကိုပါ စိတ်ဝင် တစားလေ့လာမှုပြုခဲ့ပါတယ်။

ဂျာမန်တို့ရဲ့ မိုးကြိုးစစ်ဆင်ရေးကို ဖြစ်ပေါ်ဖွံ့ဖြိုးစေခဲ့တဲ့ သံချပ်ကာယန္တရား ဆိုင်ရာသီအိုရီများကို တီထွင်ခဲ့သူ ဗြိတိသျှ စစ်ရေးသမိုင်း ပညာရှင် B.H. Liddell Hart ဟာ ဆွန်ဇူးရဲ့ စစ်ရေးဖီလိုဆိုဖီရဲ့ ညွှန်ကြားချက်များရဲ့ နက်ရှိုင်းမှုအပေါ် မယုံနိုင်လောက်အောင် အံ့ဘနန်း ဖြစ်ခဲ့ ပါတယ်။ ဆွန်ဇူးရဲ့ အိုင်ဒီယာတွေအပေါ် သူဘယ်လောက်အထင်ကြီးလေးစားခဲ့သလဲ ဆိုတာကို သူရေးသားပြုစုခဲ့တဲ့ စစ်ဘက် ဆိုင်ရာသီအိုရီ တွေနဲ့ သူ့ရဲ့အတွေးအခေါ် တွေထဲမှာ ထင်ဟပ်ပေါ်လွင်နေပါတယ်။ သူက အကယ်၍ ပထမကမ္ဘာစစ်ကာလ က စစ်ဗိုလ်ချုပ်ကြီး တွေသာ ဆွန်ဇူးရဲ့ စစ်ရေးအတတ်ပညာကျမ်းကို ပိုမိုအလေး အနက်ထား ဖတ်ရှုခဲ့မယ်ဆိုရင် များပြားလှ တဲ့ ကြောက်မက် ဖွယ်ရာ လူသတ်ပွဲကြီး တွေကို ရှောင်ကွင်းနိုင်ခဲ့လိမ့်မယ်လို့ မှတ်ချက်ချခဲ့ဖူးပါတယ်။ စစ်ရေးအတတ်ပညာကျမ်းမှာ ရှင်းလင်း ဖော်ပြထားတဲ့ ဥပဒေသတွေကို မရေမတွက်နိုင်အောင်များပြားလှတဲ့ စစ်ပွဲ တွေမှာ အသုံးချခဲ့ကြပြီးပါပြီ။

“လျင်မြန် ခြင်း” ဟာ ဂျင်ဂျစ်ခန်နဲ့ သူ့ရဲ့ မွန်ဂိုလီးယား တပ်မတော်ကြီး အောင်မြင်မှုရရှိခဲ့ခြင်း အတွက် မရှိမဖြစ်လိုအပ်တဲ့ အရင်းခံ အကြောင်းအချက် တစ်ခုဖြစ်ခဲ့ပါတယ်။ “မဟာမိတ်ဖွဲ့ခြင်း” ကို ကျွမ်းကျင်စွာ အသုံးပြုခြင်းအားဖြင့်လည်း မွန်ဂိုများဟာ သူတို့ရဲ့ ရန်သူတွေကို လိုသလို စစ်ကစား နိုင်ခဲ့ပြီး သူတို့ရဲ့ အင်ပါယာနယ်မိတ်ကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။ “လျှို့ဝှက်ခြင်းနဲ့ လှည့်စားခြင်း” တို့ကို ဒုတိယ ကမ္ဘာစစ်ပွဲ ကာလအတွင်း ဂျပန်တွေကပုလဲဆိပ်ကမ်း ကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးချခဲ့သလို မဟာမိတ်တပ်တွေကလည်း ပြင်သစ် ကမ်းခြေဆီဘယ်နေရာက တက်ရောက် လာမယ်ဆိုတာနဲ့ပတ်သက်ပြီး ဂျာမန်တွေ မခန့်မှန်းနိုင်အောင်လုပ်ဆောင်ရာမှာ အသုံးချနိုင် ခဲ့ပါတယ်။ “ထောက်လှမ်းရေး” ကို အသုံးပြုခြင်းအားဖြင့် ကျူးဘားဒုံးကျည် အရေးအခင်းမှာ အမေရိကန်တို့ အောင် မြင်မှုရရှိခဲ့ ပါတယ်။

ဗီယက်ကောင်းတွေက “ခွန်အားကြီးမှုကို ရှောင်ရှားပြီး အားနည်း သည့်နေရာကို တိုက်ခိုက်ရမည်” ဆိုတဲ့ ဆွန်ဇူးရဲ့ဥပဒေသကို အောင်မြင်စွာ အသုံး ချနိုင်ခဲ့သလို တပ်နီတော်ကလည်း အဆိုပါ ဥပဒေသကိုပဲ အသုံးပြုပြီး စတာလင် ဂရက်အပေါ် အကြီးအကျယ် ထိုးနှက် တိုက်ခိုက်ခဲ့တဲ့ ဂျာမန်တို့ရဲ့ ဆဋ္ဌမမြောက် တပ်မတော်ကို ရင်ဆိုင်အနိုင်ယူခဲ့ပါတယ်။ အနီးစပ်ဆုံးကာလမှာတော့ ဆွန်ဇူးရဲ့ ဥပဒေသ တွေကို “ကန္တာရမုန်တိုင်းစစ်ဆင် ရေး” မှာ မှတ်ကျောက်အတင်ခံနိုင်ခဲ့ပါ တယ်။ ဗိုလ်ချုပ်ကြီး H.Norman Schwartzkopf ဟာ လေပြင်နယ် နိမိတ်ကို ထိန်းချုပ်ထားခြင်းအားဖြင့် အီရတ်တို့ရဲ့ လှုပ်ရှားမှုများကို နောက်ယောင်ခံနိုင်ရုံမက ဘဲ မိမိတပ်များရဲ့ လှုပ်ရှားမှုကို ထိန်းချုပ် ထားနိုင်ခဲ့တာကြောင့် သူ့ရဲ့ တပ်တွေ ဘယ်ကလာရောက်တိုက်ခိုက်တယ်ဆိုတာ ကို မသိနိုင်အောင် ဆတ်ဒန် ဟူစိန်ကို အရူး လုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ အီရတ်နိုင်ငံအရှေ့ဘက်ဒေသမှာ ကြည်း တပ်၊ ရေတပ်နှစ်သွယ်နဲ့ သဲကြီးမဲကြီး တိုက်ခိုက်မယ့် ဟန်ပြထားပြီး အီရတ်တို့ ထင်မှတ်မထားတဲ့ အနောက်ဘက်ခြမ်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီ နည်းအားဖြင့် အထိအခိုက်အကျအဆုံး နည်းပါးစွာနဲ့ ရင်သပ်ရှုမောဖွယ်ရာ အောင် မြင်မှုကို ရရှိခဲ့ပါတယ်။ လှည့်စားခြင်း၊ လျင်မြန်ခြင်း နဲ့ ရန်သူရဲ့အားနည်းချက်ကို တိုက်ခိုက်ခြင်းဆိုတဲ့ ဆွန်ဇူးရဲ့ ဖီလိုဆိုဖီ တစ်စိတ်တစ်ဒေသကပင်လျှင် အံ့ဩ လောက်စရာ အောင်မြင်မှုကို ရရှိစေ ခဲ့တာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာတော့ ဆွန်ဇူးရဲ့ စစ်ရေးအတတ်ပညာကျမ်းဟာ စစ်ရေးနယ်ပယ်ကို ကျော်လွန်ပြီး စီးပွား ရေးလောက အတွင်းမှာပင် တွင်ကျယ်စွာ နေရာယူလာခဲ့ပါပြီ။ စီးပွားရေးလုပ်ငန်းဆို တာ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရခြင်းပဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်ကြောင့် ဆွန်ဇူးရဲ့ ဥပဒေသတွေဟာ ယှဉ်ပြိုင်မှုလွန်ကဲတဲ့ စီးပွားရေးအခြေအနေတွေနဲ့ အကောင်း ဆုံး ကိုက်ညီလျက်ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပတို့မှာဆိုရင် မဟာ ဗျူဟာ၊ အဖွဲ့အစည်းနဲ့ယှဉ်ပြိုင်မှုတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာပါ စာအုပ်၊ စာတမ်းအတော်များများဟာ ဆွန်ဇူးရဲ့ စစ်ရေးဗျူဟာကျမ်းလာ အဆိုအမိန့်တွေ ကိုကိုးကားခဲ့ကြပါတယ်။ ဆွန်ဇူးရဲ့အဆိုအမိန့် တွေကို မရေတွက်နိုင်အောင် များပြားလှ တဲ့ စီးပွားရေးဆောင်းပါးတွေရဲ့ အစပျိုး နိဒါန်းမှာ ဖော်ပြထားကြတာကိုလည်းတွေ့ ရှိနိုင်ပါတယ်။ ထင်ရှား ကျော်ကြား လှတဲ့ “ဝေါစထရိ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားထဲမှာ ကော်ပိုရေးရှင်းချင်းပေါင်းစပ်ခြင်းနဲ့ ရက် စက်စွာ သိမ်းပိုက်ခြင်း တို့ပြုလုပ်ရာမှာ ဆွန်ဇူးရဲ့ အဆိုအမိန့်တွေကို ကိုးကား အသုံးပြုထားတာကို တွေ့ရပါ လိမ့်မယ်။

ဗီလိန်ကြီး “ဂေါ်ဒွန်ဂျက်ကို” နဲ့ လူငယ် ဟီးရိုး “ဘတ်ဖောက်စ်” တို့အကြား ဥာဏ် ချင်း ပြိုင်ကြရာမှာ ဆွန်ဇူးညွှန်ပြခဲ့တဲ့ အသိ အလိမ္မာ တရားတွေကို အကွက်ကျကျ အသုံးချပြထားတာကိုလည်း ရှုစားရမှာ ဖြစ်ပါတယ်။ စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ဖွံ့ဖြိုးလာတဲ့ အာရှဒေသ မှာလည်း ဆွန်ဇူးရဲ့ မဟာဗျူဟာမြောက်ဥပဒေသ တွေကို အမြတ်တနိုးတန်ဖိုးထားကြပြီး စီအီးအိုအမြောက်အမြားဟာ သူတို့ ကုမ္ပဏီ တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံး ချကြတာကိုလည်း တွေ့ရှိရပါတယ်။ စီးပွားရေးမှာ “ယှဉ်ပြိုင်လိုတဲ့စိတ်ဆန္ဒ”၊ “စိတ်ဓာတ်မြင့် မားမှုနဲ့ စက်ယန္တရားတို့ အပေါ် အခြေပြုသော လှုပ်ရှားသွက်လက် မှုနဲ့ လျင်မြန်သောခြေလှမ်းများ၊” “ရှားပါးတဲ့ အရင်းအမြစ် တွေကို ထိရောက်ပြီး စွမ်း ဆောင်ရည် ပြည့်ဝစွာ အသုံးချနိုင်မှု” ဆိုတဲ့ အချက်အလက်တွေပါရှိတာကြောင့် စစ်ဆင်ရေး ဆင်နွှဲတာနဲ့ အတော်ကြီး တူညီ လှပါတယ်။ ဒါ့ကြောင့် စီးပွားရေးသမား တွေဟာ ဆွန်ဇူးရဲ့ သင်ကြားချက်တွေမှာ သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အနှစ် သာရတွေကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ် ပါတယ်။

သို့ပေမဲ့ လူတချို့ကတော့ ကံ မကောင်းအကြောင်းမလှစွာပဲ ဆွန်ဇူးရဲ့ ဖီလိုဆိုဖီတွေကို စီးပွားရေးနဲ့ စစ်ရေး နယ်ပယ်တွေမှာ တိုက်ရိုက်တဲ့ တိုးအသုံးချ နေကြတာကို တွေ့ရှိရပါတယ်။ တကယ် တော့ ဒီကိစ္စဟာ ထင်သလောက် မရိုးစင်း လွန်းဘူးလို့ဆိုချင်ပါတယ်။ ဆွန်ဇူးရဲ့ စစ်ဗျူဟာကျမ်းဟာ ရှေးခေတ်စစ်ရေး အတွက် စီစဉ်ပြုလုပ်ထားတာဖြစ်တဲ့ အတွက် မျက်မှောက်ခေတ်စီးပွားရေး နယ်ပယ်မှာ တိုက်ရိုက်အသုံးချဖို့ မလွယ် ကူလှပါဘူး။ လူအတော်များများက ဒါကို အားထုတ်ခဲ့ကြပေမဲ့ ဒီအလုပ်ဟာ ထိပ် လန့်စရာ ကောင်းတာကို တွေ့သွားကြ ပါတယ်။ ဒါ့ကြောင့် မျက်မှောက်ခေတ် စီးပွားရေးလောကနဲ့ ဆွန်ဇူးရဲ့ ရှေးခေတ် ဟောင်းအသိအလိမ္မာတို့အကြား ပေါင်းကူး တံတားထိုးပေးဖို့ ရည်ရွယ်ပြီး ကျွန်တော့် အနေနဲ့ ဆောင်းပါးကို ရေးသားလိုက်ရ ခြင်း ဖြစ်ပါတယ်။

ဝင်းသိန်းဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: