အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင် ပွဲတော်သို့ မြန်မာ ကျောင်းသားများ တက်ရောက်


အာရှနိုင်ငံတကာ ကလေးများရုပ်ရှင် ပွဲတော်တွင် မြန်မာကျောင်းသား ဆယ်ဦး တက်ရောက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သည့် ဇာတ်ကားများထဲ မှ အကောင်းဆုံးဆုနှင့် ကလေးများ ရွေးချယ်သည့် အထူးဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းရရှိ သည်။ အာရှနိုင်ငံ တကာ ကလေးများ ရုပ်ရှင်ပွဲတော်တွင် JENESYS (Japan-East Asia Network of Exchange for Students and Youths) Program-me အဖြစ် နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိပြု လုပ်ခဲ့ရာ၌ မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဒီရုပ်ရှင်ပွဲတော်ကို သုံးကြိမ်မြောက်အဖြစ် တက်ရောက်ခဲ့တာပါ။ ပထမဆုံးအကြိမ်တုန်းကတော့ အသက် ၁၈ နှစ်အောက်တွေ မဟုတ်တဲ့အတွက် လေ့လာသူအဖြစ်ပဲ တက်ရောက်ခဲ့ရပြီး ကျန်နှစ်နှစ်ကတော့ ယှဉ်ပြိုင်သူအဖြစ် တက်ရောက်ခွင့်ရတာပါ။ အခုနှစ်မှာလည်း မြန်မာကျောင်းသူ နှစ်ဦးက ဆုရရှိခဲ့ပါတယ်။ ခရီးစဉ် တစ်လျှောက်လုံးမှာ လိုလေသေးမရှိ ဂရုစိုက်ခဲ့ပြီး အဓိ ကတော့ နိုင်ငံအသီး သီးက ကျောင်းသားတွေ ချစ်ကြည်ရင်းနှီးမှုရအောင် ဆောင်ရွက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ မြန်မာကျောင်းသားတွေ အနေနဲ့လည်း တက်တက်ကြွကြွနဲ့ ပါဝင်နိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ အတုယူ လေးစား စရာဖြစ်တဲ့ စည်းကမ်းရှိ တာ၊ အချိန်တိကျတာ၊ သင်ကြားမှု စနစ်မြင့်တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်”ဟု မြန်မာကျောင်းသားအဖွဲ့ ၏ အုပ်ချုပ်သူအဖြစ် ပါဝင်ခဲ့သည့် ဒေါ်ခင်လေးသိမ့်က ရှင်းပြခဲ့သည်။

အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ မီနာမီအာဝါဂျီမြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားလေးဦး၊ ကျောင်းသူခြောက်ဦးတို့ ရိုက်ကူးထားသည့် သုံးမိနစ်စာ ဇာတ်ကား တိုများဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အာရှရုပ်ရှင်ပွဲတော်ကို ပြုလုပ်ပြီး ယင်းပွဲတော် တွင် မြန်မာနိုင်ငံမှ မစန္ဒီသွယ်ဦး ရိုက်ကူးထားသည့် ‘It is never too old to learn’ ဇာတ်ကားတိုက အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် Home Stay နေထိုင်ခြင်း အစီအစဉ်ကို ဆောင်ရွက်ပြီးနောက် ဒီဇင်ဘာ လ ၅ ရက်နေ့တွင် မိသားစုများနှင့် ညစာစားပွဲကျင်းပရာ ဆီမီးခွက်အက ဖြင့်ဖျော်ဖြေခဲ့သည်ဟု သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: