တစ်ပတ်အတွင်း ထွက်သမျှ ဂျာနယ်တွေထဲက ဖတ်ကြည့် သင့်သောဆောင်းပါးများ


ဒီအပတ် ထူးခြားတာ တွေက တော့ တရုတ်နိုင်ငံက ပင့်လာတဲ့ ဗုဒ္ဓမြတ် စွယ်တော် သတင်း၊ လူအများကြည် ညိုပူဇော်ကြ တာတွေ၊ ၁၉၅၅ ခုနှစ်က ပထမ အကြိမ်၊ ၁၉၉၄ ခုနှစ်က ဒုတိယ အကြိမ် ၁၉၉၆ ခုနှစ်က တတိယ အကြိမ် ဒေသ စာရြွီကရောက် ဖူးမြော် ခံခဲ့ကြပါတယ်။

ယခုလည်း လူအများဖူးမြော်ခဲ့ကြပြီး လူအချို့ကတော့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ဥပမာပိုက်ဆံအိတ် ယူမလာရ ဘာညာစတာတွေ ကြောင့်ဖူးချင်ပေမယ့် မဖူး ခဲ့ရဘဲရုပ် သံကနေသာ ဖူးမြော်ခဲ့ကြ တယ်လို့ ဆို ပါတယ်။ နောက်သတင်းကတော့ ထုံးစံအတိုင်း မြန်မာပြည် ကို နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရောက် လာတဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးသိန်းစိန်တို့တွေ့ကြတဲ့သတင်းပါပဲ။

ဒီလိုတွေ့ဆုံတာ ဟာ ပထ၀ီနိုင်ငံရေးကြောင့် တွေ့ဆုံတာဖြစ်နိုင်ကြောင်း ဘာပဲဖြစ်ဖြစ် အကျိုးရှိတဲ့တွေ့ ဆုံမှုပဲဖြစ် ကြောင်း၊ ဗီယက်နမ်ကို ကြည့်ရင်သိသာကြောင်း၊ ဗီယက်နမ်ဟာ တစ်ချိန်က ယူအက်စ်နဲ့ အကြီး အကျယ် ရန်ဖြစ်ခဲ့ကြပြီး ယခုအချိန်တိုတွင်း တစ်ဟုန်ထိုးတိုးတက်လာတာက သက်သေပြနေကြောင်း၊ ဗီယက်နမ်ဟာ အမျိုးသား ညီညွတ်ရေးအားကောင်းအောင် လုပ်ထားတဲ့အတွက် ဘယ်သူခြောက်ခြောက် တို့မကြောက် အနေအထားမှာရှိ ကြောင်းပြောသံတွေကြားရပါတယ်။

ဆူပါပါဝနဲ့တည့် အောင် ပေါင်းခြင်းဟာ အကျိုးအမြတ်များစွာရနိုင် ကြောင်း saction ကိစ္စကတော့ အခုရေတွင်းတူး အခုရေကြည်သောက်လို့မရကြောင်း၊ သူတို့ဆီမှာလည်း အောက်လွှတ်တော် အထက်လွှတ်တော်တွေရှိနေတဲ့ အတွက် saction ရုပ်သိမ်းဖို့ဆိုတာ အမြန်ဆုံးမဖြစ် နိုင်သေးကြောင်း သို့သော်လည်း သူတို့ပြောထားတဲ့ အတိုင်း မြန်မာနိုင်ငံက အမြန်ဆုံးအကောင်အထည် ဖော် နိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက လိုချင်တဲ့အတိုင်းဖြစ် လာမှာပဲဖြစ်ကြောင်းတွေလည်း ကြားခဲ့ရပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက ဟီလာရီကလင် တန်ကို မြန်မာနိုင်ငံလွှတ်မယ်ဆိုတော့ အတိုက်အခံ ပါတီက ကန့်ကွက်ခဲ့တာကို တွေ့ရမှာဖြစ်ကြေင်း အတိုက်အခံဆိုတဲ့အတိုင်း လိုက်ကလန့်နေတာဖြစ် ကြောင်း ဒါကိုလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ကတည်းက တွေ့ရတာဖြစ်ကြောင်း ဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းက “ဘုရားသော်မှ အတိုက်အခိုက် မကင်းဘူး၊ ကျုပ်တို့က ဘာမို့လဲ”ဆိုပြီး ပြောခဲ့တာ ဖြစ်ကြောင်းတွေလည်း ပြောနေကြပါတယ်။ ဆိုတော့ ကာ အခုဒေါ်စုလည်း အဲဒီအဖြစ်မျိုးတွေကြုံနေကြောင်း ကြားသိရပါသတဲ့။

နိုင်ငံရေးဆိုတော့လည်း ဒီလောက် တော့ရှိပေမပေါ့လို့ဆိုရမှာပါပဲ။ Transport ဂျာနယ် အတွဲ (၁)၊ အမှတ် (၇) မှာ ပါတဲ့ “ခွေးကိုက်ဒဏ်ရာကို ဆေးမကုသနိုင်သည့် ၁၂ နှစ်အရွယ်ကလေးငယ်က Legal Aid Project နှင့် စေတနာရှင်များမှ ကူညီထောက်ပံ့ပေး”ဆိုတဲ့ သတင်းက စိတ်ဝင်စားစရာလည်းကောင်း၊ သနားစရာ လည်း ကောင်းနှင့် လူသားချင်းစာနာမူကင်းမဲ့လိုက်တာ လို့ဆိုရ မလိုပါဘဲ။ ဒီသတင်းကို တံခွန်ကရေးပြီး ပို့ဆောင်ရေး သတင်းဂျာနယ်စာမျက်နှာ ၁၉ မှာ ပါဝင်ပါတယ်။ စာဖတ်သူများလည်း ဖတ်ကြည့်နိုင်အောင် ဖော်ပြလိုက် ပါတယ်။ ယုဇနဥယျာဉ်မြို့တော်အတွင်း စွန့်ပစ်ပစ္စည်းများ ရှာဖွေ၍ ကိုယ်တိုင်ကျောင်းပညာရေးစရိတ်ရှာဖွေနေကာ မိဘများကိုလည်း ကူညီပံ့ပိုးပေးနေသည့် ၁၂ နှစ် ရွယ် ကျောင်းသူ မနန္ဒာအား ခွေးကိုက်ဒဏ်ရာကုသရန် နှင့် ကျောင်းစရိတ်အတွက် UNICEF နှင့် MCC တို့ ပူးပေါင်းဆောင်ရွက်ပေးသည့် Legal Aid Project နှင့် စေတနာရှင်များမှ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ခွေးကိုက်ခံရသူကလေးငယ်၏မိဘများထံမှ စုံစမ်းသိရ သည်။

“သမီးက ကျောင်းပိတ်ရက်တွေဆိုရင် ဒီလိုစွန့် ပစ်ပစ္စည်းတွေကို သမီးကျောင်းစရိတ်လည်းရအောင်၊ မိဘတွေကိုလည်း ထောက်ပံ့ပေးလို့ရအောင် အမြဲတမ်း ကော်နှင့် ပုလင်းခွံလိုက်ကောက်ပြီးပြန်ရောင်းပါတယ်။ အခုဖြစ်တာကလည်း သမီးက ၁၄ လမ်း (ဗ) ထဲကို ကော်ကောက်ဖို့သွားတာပါ။ လမ်းထဲရောက်တော့ ခွေး က လှမ်းဟောင်တယ်။ အဲဒီတော့ သမီးကကြောက်ပြီး ခဲနဲ့ပေါက်တာ ခွေးကို ထိသွားတယ်။ အဲဒီအချိန်မှာပဲ ခွေးပိုင်ရှင်အဒေါ်ကြီးက ထွက်လာပြီး သူ့ခွေးကိုခဲနဲ့ ပေါက်တဲ့အတွက် သမီးကို ပါးရိုက်တယ်။ ကျောကုန်း ကိုလည်း တအားထုတယ်။ ပြီးတော့ ငါ့သားကို ခဲနဲ့ ပေါက်သလိုနင့် ကိုလည်းငါ့သားနဲ့ရှူးတိုက်မယ်ဆိုပြီး ခွေးနဲ့ ရှူးတိုက်တယ်။ သမီးကို ခွေးကိုက်နေတာတောင် မလွှတ်ပေးဘူး။ အရမ်းနာတော့ မခံနိုင်လို့ သမီးက တအားအော်လည်းအော်၊ ခြေထောက်ကလည်း သွေး ထွက်နေတော့မှ သမီးကို လွှတ်ပေးတယ်” ဟု ခွေး ကိုက်ခံရသူ ကျောင်းသူမနန္ဒာမှ ၄င်း၏အဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ Legal Aid Project မှ စီမံချက်ကာလမဟုတ်သော်လည်း ကျောင်းသူ မနန္ဒာအတွက် လူမှုရေးစရိတ် ၂ သောင်းနှင့်အမှုရင် ဆိုင်ရန် ရှေ့နေတစ်ဦးကို အခမဲ့လိုက်ပါဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ ၄င်းခွေးကိုက်ခံရမှုနှင့် ပတ်သက်၍ ပါဝင်ကူညီခဲ့ သူတစ်ဦးမှ ပြောကြားရာတွင် “ဒီလိုအသက်အရွယ် လည်းမပြည့်သေး၊ ကိုယ့်ကျောင်းစရိတ်နဲ့ မိဘအတွက် ရှာဖွေပေးနေတဲ့ကလေးတစ်ဦးကို ဒါမျိုးတော့ မလုပ် သင့်ဘူး။ ဖြစ်တဲ့နေ့ကလည်း ကျွန်တော် မြို့ထဲက ပြန် လာတော့ ၁၁ လမ်းထိပ်က ဖုန်းဆိုင်မှာ ဝင်ပြီးစကား ပြောနေတုန်း ဆာလာအိတ်လွယ်ပြီး ထော့နင်းထော့နင်း နဲ့ ထွက်လာတယ်။ ခြေထောက်မှာကလည်း သွေးတွေနဲ့ ဆို့တော့ သနားလို့ခေါ်ပြီး မေးကြည့်တော့ မနန္ဒာက ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ အမှန်တကယ်ဆိုရင် တော့ ကျွန်တော်နဲ့ ဘယ်လိုမှမပတ်သက်ပါဘူး။ ဒါပေ မယ့် လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ အခုလို ကူညီပေးတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်လည်း မရှိပါဘူး။

အမှန်တရားဘက်ကနေ ဝင်ပြီးရပ်တည်ပေး တာပါ” ဟု ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင် မိသားစုနှင့် ကူညီသူများ၏ ပြောပြချက် အရ မနန္ဒာမှာ ခွေးကိုက်ခံခဲ့ရသော်လည်း ခွေးပိုင်ရှင်၏ လျစ်လျူရှုခံခဲ့ ရသည့်အပြင် ဆေးရုံမှတောင်းခံသည့် ငွေကျပ် တစ် သောင်းကို မပေးနိုင်သဖြင့် ဆေးကုသခြင်းမပြုနိုင်မှု ကြောင့် စေတနာရှင်များနှင့်Legal Aid Project မှ ပံ့ပိုးကူညီခဲ့ကြခြင်းဖြစ်ကြောင်း အဆို ပါဖြစ်စဉ်နှင့်ပတ် သက်၍ ခွေးကိုက်ခံရသူကျောင်းသူမနန္ဒာ၏ မိဘများမှ ဒဂုံဆိပ်ကမ်းမြို့ နယ်ရဲစခန်းတွင် (ပ)၃၇၆/၁၁၊ ပုဒ်မ ၂၉၄၊ ၂၈၉၊ ၃၂၃၊ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ ယင်းကလေးငယ်တွင် မွေးရာပါနှလုံးရောဂါရှိသူဖြစ် ကြောင်းနှင့် မိသားစုဝင်စုစုပေါင်း ၄ ဦးရှိကြောင်းသိရ သည်။

*******************************

မက်ဆင်ဂျာဂျာနယ်
– အယ်ဒီတာအဖွဲ့(ဒေါက်တာနေဇင်လတ်အား ဝေါလ်စထရိဂျာနယ်က တွေ့ဆုံမေးမြန်းခြင်း)

Venus News ဂျာနယ်
– ကြည်မင်း (ခိုးတတ်ဖို့လိုသည်)
– ဒေါက်တာထွန်းဝင်း (ဆရာ၊ ဆရာမအပေါင်း တို့သည် တပည့်တွေကို ဘယ်လိုပုံသဏ္ဌာန်ဖြစ်အောင် ထုဆစ်ကြမှာလဲ)
– တင်ညွန့် (ပုဂ္ဂလိကကျောင်းပညာရေး)

True News ဂျာနယ်
– လူထုစိန်ဝင်း (ပညာရေးအဆင့်မြှင့်တင်ဖို့)
– ကိုတာ (ငြိမ်းချမ်းရေးယဉ်ကျေးမှု)
– မောင်ဝံသ (ပင်နယ်တီတော့ကန်လိုက်ပြီ)

Voice ဂျာနယ်
– အယ်ဒီတာ့ထံပေးစာများ (စာမျက်နှာ ၂၉)
– စံထက် (နိုင်ငံရေးပြဿနာနှင့် ရာနှုန်းပြည့် ထောက်ခံမှု)
– မြသောင်း (ထာဝရငြိမ်းချမ်းရေး)
– ကျော်ကျော်မိုး (သံသယဖြင့် စောင့်ကြည့်နေ မည့်အစား)

Express Times ဂျာနယ်
– ယောဂျော် (စမတ်ကတ်ယောဂျော်) ကတ်ပြားလေးနဲ့မှ စမတ်ကျတတ်လို့ စမတ်ကတ် ယောဂျော်လေးပါခင်ဗျာဆိုပြီး ဟာသဆန်ဆန် ရိသဲ့သဲ့ လေး တင်ပြထားခြင်းပင်ဖြစ်သည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
– ဒေါက်တာနေဇင်လတ် (အသိအမှတ်ြပုခြင်း ဖြင့် ယုံကြည်မှုတည်ဆောက်လျှင်)

Popular News ဂျာနယ်
– နောင်ကျော် (အပျင်းပြေအောင် မေးခွန်းတွေကို ဖြေကြည့်ပါ)
– ဒေါက်တာခင်မောင်ညို (တကယ်လုပ်မယ့် စတုတ္ထမဏ္ဍိုင်)

ပြည်သူ့ခေတ်ဂျာနယ်
– မောင်ဝံသ (နိုင်ငံရေးမျိုးဆက်လက်ဆင့်ကမ်း)
– မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ) [မဲပြားများ သို့မဟုတ် ဆန္ဒမဲလက်မှတ်များအကြောင်း” ကြားဖြတ်ရွေးကောက်ပွဲလည်း ရှိနေသဖြင့် သိထား သင့်သည်မို့ ဖတ်ကြည့်သင့်ပါသည်။ ယခင်အပတ်မှ အဆက်ဖြစ်၍ မဲပြားအကြောင်း ဂဃနဏသိထားလျှင် ပိုကောင်းပါ၏)
– ဒဂုန်တာရာ (ဆန်းနှင့်ကြည်)
– အောင်ဆန်းစုကြည် (နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း)
– ကျောေ် စာမင်း (အပင်မြှင့် မှာ သဇင်တင့်ပါစေ)
– ဒေါက်တာကျော်လတ် (မြန်မာပြည်အတွက် ပညာရေးစနစ်)

Favourites News ဂျာနယ်
– လူထုစိန်ဝင်း (စာရိတ္တစံနှုန်းမြင့်မြင့်ထားတဲ့ လူမျိုး)
– ထက်ကျော် (တစ်ကြောင်းစွဲလားမှားတတ် တယ်)
– မယု (ကျောင်းကြီးကကောင်း စာကြည့်တိုက် က ဟောင်းလောင်း)

မြန်မာပို့စ်ဂျာနယ်
– ပါမောက္ခဒေါက်တာ အောင်ထွန်းသက် (အကျင့် သီလကို ကိုယ်နဲ့စဖို့လိုအပ်ပါတယ်)
– နေဇင်လတ် (အမှန်တွေ ဘာကြောင့်မှားကြရ တာလဲ)

Weekly Eleven ဂျာနယ်
– လူထုစိန်ဝင်း (ကမ္ဘာကြီးကို ခါးစောင်းတင် ထားနိုင်မှ တော်ကာကျတယ်)
– ဒေါက်တာခင်မောင်ညို (ကျောင်းတွေရဲ့ လက်တွေ့ပြဿနာ)

Hot News ဂျာနယ်
– ဒေါက်တာထွန်းဝင်း (လွှတ်တော်ကိုယ်စား လှယ် တို့၏အသံနှင့် ပြည်သူတို့၏ စဉ်းစားဥာဏ်)
– AKM (ကိုမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံခြင်း (၁)

Flower News ဂျာနယ်
– သဲစုလှိုင် (ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း)

ယခုလိုဖတ်ကြည့်သင့်သည့် ဆောင်းပါးများရွေးချယ်ရာ၌ ကျန်းမားရေးဂျာနယ်၊ အားကစားဂျာနယ်၊ ပေါ့ပ် ဆန်သော အနုပညာဂျာနယ်များ မပါဝင်ပါကြောင်းအထူးသဖြင့် သတင်း ဂျာနယ်များမှ ဆောင်းပါးများ ကိုသာ ရည်ညွှန်းရွေးချယ်ဖတ်ရှုခဲ့ပါကြောင်း စာဖတ်သူအပေါင်းအားသိစေအပ်ပါသည်။

စာရေးသူ

ချိုမြင့်သစ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: