တိမ်းရှောင် စခန်းရှိ ကလေးငယ်များ အာဟာရချို့တဲ့မှု၏ နောက်ဆက်တွဲများ ခံစားနေရ


ကချင် ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော် ၊ ဗန်းမော် မြို့များ၌ ဖွင့်လှစ် ထားသည့် တိမ်းရှောင် စခန်းရှိ ကလေးငယ် အများစုသည် အာဟာရ ချို့တဲ့မှု နောက်ဆက်တွဲ ရောဂါများကို ကြုံတွေ့ ခံစား နေရကြောင်း သိရသည်။ စခန်းမှာရှိတဲ့ကလေး ၁၀ ဦး မှာ ၈ ဦးလောက်က အသားဝါရော ဂါဖြစ်ကြတယ်ဟု မြစ်ကြီးနားမြို့ ရှတာပရူတိမ်းရှောင်စခန်းမှ သူနာပြု ဆရာမဒေါ်ကေထူးဘူးကပြောသည်။

၎င်းအပြင် အာဟာရချို့တဲ့ မှုကြောင့် စခန်းများရှိကလေးငယ် အများ စုသည် နှာစေး၊ ချောင်းဆိုး၊ အဆုတ် အအေးမိ၊ အသားဝါ၊ ယား နာနှင့်အခြားကူးစက်လွယ်သောရောဂါ များဖြစ်ပွား နေကြောင်းသိရသည်။ အဓိကက အာဟာရပြည့်ပြည့် ဝ၀ မရတဲ့ ပြဿနာပါပဲ။ မိဘတွေ ကိုယ်တိုင် အာဟာရပြည့်အောင် မစားသောက်ရတော့ ကလေးတွေ လည်း ဘယ်အာဟာရပြည့်တော့ မလဲ။ ကျွန်မတို့လည်းတတ်နိုင်သ လောက် ကြည့်ရှုပေးပါတယ်ဟု ၄င်းကဆိုသည်။

တိမ်းရှောင်စခန်း များသို့ သွားရောက်၍လူမှုကူညီမှုနှင့် ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့သည့် ဆရာဝန်တစ်ဦးကလည်း အာဟာရ မဖြစ်တော့ ရောဂါ ဖြစ်လွယ် ကြတယ်။ အတော် များများလည်း ချောင်းဆိုး၊ နှာစေး၊ အဆုတ်အအေးမိ၊ ယားနာတွေအဖြစ်များကြတယ်။ အဝတ်အစား လုံလောက်မှု မရှိတာရယ်၊ သန့်ရှင်းမှု မရှိတာရယ်လည်း ပါတာ ပေါ့။ ဝမ်းရောဂါလိုကူးစက်ရောဂါမျိုး ဖြစ်ပွားမယ် ဆိုရင်တော့မလွယ်ဘူး ဟု ဆိုသည်။

ရောဂါဖြစ်ပွားမှုသည် အသက် ၅ နှစ်အောက် ကလေးငယ်များ၌ ပိုမိုပြီး ယင်းနှင့်အထက် ကလေး ငယ်များ၌လည်း ဖြစ်ပွားလျက်ရှိ ကြောင်း၊ တီဘီဆေး သောက်သုံး နေရသည့်ကလေးငယ်များရှိကြောင်း ဒေါ်ကေထူးဘူးက ပြောသည်။ ယင်းဒေသများသို့ UNICEF၊ World Vision စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ အလှူရှင်များ ငွေကြေး၊ အစား အသောက်၊ အဝတ်အထည် စသည်များ သွားရောက် လှူဒါန်းမှု ရှိ သော်လည်း တစ်နေ့တခြားတိုးပွား လာသည့် တိမ်းရှောင်သူဦးရေ ကြောင့် အခက်အခဲများစွာနှင့် အစားအသောက်၊ အဝတ်အထည်၊ နေရာထိုင်ခင်းပြသာနာများ ကြုံတွေ့ နေရကြောင်း ဝိုင်းမော်မြို့နယ် ခပ်ချို ဒေသတိမ်းရှောင် စခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ဒီမှာနေရတာအဆင်ပြေ တယ်ဆိုပေမယ့် အများနဲ့ဆိုတော့ အခက်အခဲရှိတာ့ပေါ့။

အစားအ သောက်ဆိုလည်း ကိုယ်နဲ့မတည့် ပေမယ့်လည်းအများနဲ့ဆိုတော့ စားရ တာပါပဲ။ အထူးသဖြင့်ကလေးရှိတဲ့သူ တွေဆိုပိုပြီး အခက်အခဲ ဖြစ်တယ်ဟု ၂ လသား ကလေးငယ်၏ မိခင်ဖြစ်သူ မရွယ်အောင်ဘူက ပြောသည်။ ယင်းဒေသများ၌ ဖွင့်လှစ်ထား သည့် တိမ်းရှောင် စခန်းပေါင်း ၇၀ကျော် ရှိပြီး ဒေသတွင်းအခြေအနေများ ကြောင့်တိမ်းရှောင်လာသူသောင်းကျော် အနက် ၁၂ နှစ်အောက် ကလေး ငယ် ၄၀ဝ၀ ကျော်နှင့် ၅ နှစ်အောက် ကလေးငယ် ၂၀ဝ၀ ကျော်ရှိကြောင်း သိရသည်။

ဥာဏ်လင်းအောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: