အခြေခံ ပညာအဆင့် ပြန်တမ်းဝင် ဦးရေ တိုးမြှင့် ခန့်ထားရန် စီစဉ်နေ


အခြေခံ ပညာ အဆင့် သင်ကြားရေး ဆရာ၊ ဆရာမ များအား ပြန်တမ်းဝင် အရာရှိများ အဖြစ် ပိုမို ခန့်အပ် သွားရန် ပညာရေး ဝန်ကြီး ဌာနမှ အစီအစဉ် များ စတင် ရေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။ “ဆရာ၊ ဆရာမအယောက် ၂၀ဝ မှာ ပြန်တမ်းဝင် အရာရှိ တစ်ယောက်လောက်ထားဖို့ အခု အစီအစဉ်ကိုဦးတည်ထားတယ်” ဟု နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာနမှထိပ်တန်းအဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

လက်ရှိ အခြေခံပညာ မူ၊ လယ်၊ ထက် အဆင့်များအားလုံး ၌ သင်ကြားရေးပိုင်းတွင် တာဝန် ယူနေသည့် ဆရာ၊ ဆရာမ အင် အား ၂၇၀ဝ၀ဝ ကျော်ရှိနေပြီး ထိုအထဲမှ ပြန်တမ်းဝင်အရာရှိ ဦး ရေမှာ၁၂၀ဝခန့်သာရှိနေကြောင်း၊ ထို့အတွက်ကြောင့် ခါးပြတ်နေ သည့်သဘောမျိုးရှိနေသည့်အတွက် ပိုမိုခန့်အပ်မည့် အထက်ပါအစီ အစဉ်ကိုပြုလုပ်ရခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

ထပ်မံ၍ ထိပ်တန်း အဆင့်မြင့် အရာရှိကြီးကလည်း “လက်ရှိက ၁၂၀ဝ ပဲရှိနေတယ်။ ဒါကို ခန့်မှန်း ခြေ ၅၀ဝ၀၊ ၆၀ဝ၀ လောက် ဖြစ် အောင် လုပ်လိုက်ရင် အားလုံး လည်း မက်မောလာမယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာ တွေလည်း ထပ်မြှင့်လာဖို့ပါ ရှိသွား တယ်” ဟု ပြောသည်။ ယင်းအစီအစဉ်ကို စတင် ရေး ဆွဲနေရာ ထိုထဲတွင် ပြန်တမ်းဝင် အရာရှိဦးရေ တိုးမြှင့်ခြင်းမှာ အသုံး ပြုရမည့် ဘတ်ဂျက် ပမာဏပါ တိုးမြင့်ရမည် ဖြစ်သဖြင့် ဤသည် ကိုပါ တွက်ချက်နေကြကြောင်း သိရ သည်။

အထက်ပါအစီအစဉ်သာ အကောင်အထည်ဖော်လိုက်ပါက ယနေ့ မြန်မာ့ပညာရေး လောက၌ ရှားပါးနေသည့် အမျိုးသား ကျောင်း ဆရာဦးရေပါ ပိုမိုဝင် ရောက်လာ မည်မှာမလွဲဟုပညာရေးအသိုင်းအဝိုင်း က သုံးသပ်ပြောဆိုသည်။ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ပင်လယ်နှင့် နီးစပ်သည့် ကျေးရွာတစ်ရွာမှ အခြေခံပညာ အဆင့် ဆရာတစ်ဦးက “ဘာပဲ ဖြစ်ဖြစ် အခုလုပ်တော့မယ်လို့ ကြား ရကတည်းကိုက ဝမ်းသာနေပါပြီ။ မျှော်လင့်လို့ ရသွားတာပေါ့။ အမှန် ပြောရရင် အခုရနေတဲ့ လစာက တစ်ယောက်တည်း အတွက်စစ်စစ် စီစီသုံးရင် လောက်ငပေမယ့် မိသားစုနဲ့ဆို အဆင်မပြေနိုင်ပါ ဘူး။ ဒါကြောင့် အိမ်ထောင်ဦးစီး လုပ်ရမယ့်သူက ကျောင်းဆရာ မလုပ်နိုင်တာပေါ့။ အခုသူတို့တွေ စဉ်းစားလာကြဖို့ များပါတယ်” ဟုပြောသည်။

ရန်ကုန်မြို့လယ်ခေါင်ရှိ ကျောင်းအုပ်ဆရာမကြီး တစ်ဦး က သားကို ဘွဲ့ရပြီးရင် B.Ed တက်ဖို့ စီစဉ်ထားတယ်။ ဘဝကို တည် တည်ငြိမ်ငြိမ် သိက္ခာရှိရှိနဲ့ ဖြတ်သန်းသွားစေချင်တာလည်း ပါတယ်။ အခု ရာထူးအဆင့် အတန်း တိုးမြှင့်ဖို့ လုပ်မယ်လို့ ကြားရတဲ့အတွက် ကိုယ်ထားခဲ့ တဲ့ ရည်ရွယ်ချက်ကမှန်သွားတာ ပေါ့ ဟု မှတ်ချက်ပြုသည်။

PN-051

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: