ဆင်ခြင်တုံ တရားနဲ့ ချစ်ကြမယ်


Love all, trust a few, do wrong to none. Shakespeare အလုံးစုံချစ်ပါ၊ နည်းနည်းပဲယုံ ကြည်ပါ။ အမှားအယွင်းတော့ မလုပ်မိပါစေနဲ့ ရှိတ်စပီးယား အချစ်ဆိုတာ နူးညံ့တဲ့ ခံစား ချက်တစ်ခုဖြစ်သလို လူသားတိုင်းရဲ့ နှလုံးသားမှာရိုက်ခတ်နိုင်တဲ့အရာ ပါ။ အချစ်ကို ကဗျာတစ်ပုဒ်နဲ့ နှိုင်း ယှဉ်နိုင်သလို လှပတဲ့ သီချင်းတစ် ပုဒ်နဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ အချစ်ကြောင့် ပျော်ရွှင်ရသူတွေရှိ သလို အချစ်ကြောင့် ဝမ်းနည်းရသူ တွေလည်းရှိပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ ပူလောင်ခြင်းကင်းဝေးပါတယ်။

နွေးထွေးမှု၊ အေးမြမှုကိုပဲ ပေးစွမ်း မှာပါ။ တကယ်ချစ်တဲ့သူတွေဟာ အချစ်ကပေးလာတဲ့ ဘယ်လိုဝေဒ နာမျိုးကိုမဆို လက်ခံရယူဖို့ အဆင် သင့်ဖြစ်နေ တတ်ပါတယ်။ ကိုယ်ချစ် တဲ့သူဟာ လူကောင်းတစ်ယောက်၊ ကိုယ်လက်အင်္ဂါစုံလင်သူတစ်ယောက် ဖြစ်နိုင်သလို မသန်စွမ်းသူ တစ် ယောက် လည်း ဖြစ်နိုင်ပါတယ်။

ချစ်သူရဲ့ ချို့ယွင်း အားနည်းချက် တွေကို ချစ်ခြင်းက သင်ပုန်းခြေပေး နိုင်လို့ပါပဲ။ မျက်စိမမြင်တဲ့ သူတစ် ယောက်၊ နားမကြားတဲ့ သူတစ် ယောက်၊ ခြေထောက် မသန်တဲ့သူ တစ်ယောက် ကို ချစ်ရဲတဲ့သူဟာ စစ်မှန်တဲ့ အချစ်ကြောင့်ပါ။ တစ် ခါတစ်ရံမှာ သနား ကရုဏာ သက် ခြင်း ကလည်း အချစ်ကိုမွေးဖွားပေး ပါတယ်။

ပတ်ဝန်းကျင်က ဘာပဲ ပြောပြော ကိုယ်ထင်ရင် ခုတင် ရွှေနန်းဆိုတဲ့ စကားလည်းရှိနေ တာပဲလေ။ ရယူမှုတွေများနေရင် ဒါဟာ အချစ်မဟုတ်ပါဘူး။ တောင်းဆိုမှု တွေ၊ လိုလားမှုတွေ များနေရင် လည်း ချစ်သူတွေကြားက အချစ်က ခိုင်မြဲနိုင်မှာမဟုတ်ပါဘူး။ ချစ်သူ ကနေ ကျေကျေနပ်နပ်ပေးလာတဲ့ အခွင့်အရေးကိုပဲ ယူသင့်ပါတယ်။

အဖိုးတန်တဲ့ပစ္စည်းတွေ ဝယ်ပေးဖို့ ပူဆာမိပြီဆိုရင် ကိုယ်က အယူသ မားလို့ ပြောလိုက်တာနဲ့ အတူတူပဲ ဆိုတာ သတိရပါ။ ချစ်သူဘက်က နေ အလိုက်တသိ ပေးလာတဲ့ ပန်း စည်းတစ်စည်းပဲဖြစ်ဖြစ်၊ လက်ပတ် နာရီတစ်လုံးပဲဖြစ်ဖြစ် လက်ခံတာ က ပိုပြီးဂုဏ်သိက္ခာရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်ဘက် ကပဲစပြီးချစ်သူကို လက်ဆောင် ပေးသင့်ပါတယ်။ ဒီလို လက် ဆောင်ပေးရာမှာလည်း တခြားနေ့ တွေထက် အမှတ်တရ ဖြစ်စေတဲ့ နေ့တွေမှာ ပေးတာက ပိုကောင်းပါတယ်။ ဥပမာ အားဖြင့် အဖြေပေးတဲ့နေ့၊ ချစ်သူရဲ့ မွေးနေ့လို နေ့တွေမှာပါ။

ဘောလ်ပင်လေး တစ်ချောင်းပဲဖြစ်ဖြစ်၊ စာအုပ်လေး တစ်အုပ်ပဲဖြစ်ဖြစ်ပေါ့။ ကော်ဖီဆိုင် တွေမှာ ထိုင်ကြရင်တစ်ယောက် တစ်လှည့်စီ ပိုက်ဆံရှင်းတဲ့ အလေ့ အကျင့်ကို ပြုစုပျိုးထောင်ပါ။ ကိုယ် က ဘယ်တော့မှ ပိုက်ဆံမရှင်းဘဲ ချစ်သူကိုချည်း ပိုက်ဆံရှင်းခိုင်းနေ ရင် အထင်သေးသွားပါလိမ့်မယ်။ တချို့ မိန်းကလေးတွေက Beauty Salon သွားတာက အစ ကိုယ့်ရည်းစားကိုခေါ်သွားချင်ပါ တယ်။ ဒါက မဖြစ်သင့်ပါဘူး။

အင် တာနက်ဆိုင်ကို လိုက်ချင်လိုက်မှာ ဖြစ်ပေမယ့် အလှပြင်ဆိုင်လို နေရာ ကို ယောကျာ်းလေးတွေက သိပ် စိတ်မဝင်စားပါဘူး။ သူ့အချိန်၊ ကိုယ့်အချိန်လေးစားသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေဆုံ ကြရင် စိတ်ဆိုး၊ စိတ်ကောက်၊ ရန် တွေ့တဲ့ စကားတွေပြောမယ့်အစား ဘဝကို ဘယ်လိုမြင့်မားအောင် တည်ဆောက်မလဲဆိုတာ ပြောဆို ဆွေးနွေးကြရင်ပိုကောင်းပါတယ်။

ကိုယ့်ချစ်သူက အင်္ဂလိပ်စာလေ့လာ နေရင် အဘိဓာန်ကောင်းကောင်း တစ်အုပ်ဝယ်ပေးတာ၊ သူနားမ လည်တဲ့ဝေါဟာရတွေရှင်းပြတာ မျိုးလုပ်သင့်ပါတယ်။ ချစ်သူက စိတ်ဓာတ်ကျနေရင် စိတ်ဓာတ်တက်ြွကစေတဲ့ စကား တွေပြောပေးပါ။ တကယ်လို့ ချစ်သူ က ဂီတကို ဝါသနာထုံသူတစ် ယောက်ဆိုရင် သူနားဆင်ချင်တဲ့ အခွေတွေဝယ်ပေးပါ။

တကယ်လို့ ချစ်သူက ပန်းချီကို ဝါသနာထုံသူတစ်ယောက်ဆိုရင် ပန်းချီဆွဲဖို့ အားပေးပါ။ ပန်းချီနဲ့ ပတ်သက်တဲ့ ဖတ်စရာလေ့လာစရာ စာအုပ်တွေ ရှာပေးပါ။ ပန်းချီပြပွဲ တွေကို နှစ်ယောက်အတူသွားကြည့် ပါ။ ယုံကြည်မှုဟာချစ်သူတွေကြား မှာ အမှန်တကယ်ပဲလိုအပ်ပါတယ်။ ဒါပေမဲ့ ယုံကြည်စေမယ့် အပြု အမူ၊ လုပ်ရပ်တွေ ရှိနေမှသာ ယုံ ကြည်ရမှာပါ။ ယုံကြည်မှုလွန်ကဲ သွားလို့ ရင်နင့်စရာဖြစ်ရပ်နဲ့ တွေ့ ကြုံခဲ့ရတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ကိုပြောပြ ချင်ပါတယ်။

ကရင်တိုင်း ရင်းသူလေး တစ်ယောက်က မလေး ရှားကိုသွားပြီး အလုပ်လုပ်ပါတယ်။ အလုပ်အားတဲ့အချိန်မှာ Online တက်ပြီး မိတ်ဆွေဖွဲ့ရင်း သူငယ်ချင်း တွေနဲ့ Chatting ထိုင်ပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ တခြား နိုင်ငံတစ်ခုကို ရောက်နေတဲ့ ကောင် လေးတစ်ယောက်ကနေ မိတ်ဆွေ ဖွဲ့လာပါတယ်။ မိတ်ဆွေတွေအဆင့် က တက်ပြီး ဖုန်းနံပါတ်တောင်း၊ ဖုန်းတွေဆက်တာကနေ ချစ်တယ် လို့ ပြောပြီးအဖြေတောင်းခံခဲ့ပါ တယ်။ ကောင်မလေးက အစော ပိုင်းမှာ လက်မခံခဲ့ပါဘူး။

ဒါပေမဲ့ ကောင်လေးက တကယ်ပဲအပြောကောင်းပါတယ်။ သူ့ဘဝမှာ ဒီမိန်းကလေးလို ရိုးသား တဲ့မိန်းကလေးတစ်ခါမှ မတွေ့ဖူး ကြောင်း၊ အပျော် သဘော ချစ်တာ မဟုတ်ကြောင်း၊ တကယ် လက် ထပ်ယူမှာဖြစ်ကြောင်း၊ သူနေတဲ့နိုင် ငံကိုခေါ်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် ကားနဲ့ ထားမှာဖြစ်ကြောင်း၊ သေတဲ့ အထိ သစ္စာရှိရှိနဲ့ ချစ်သွားမှာဖြစ် ကြောင်းတွေပြောလာတော့ ကောင် မလေးက ယုံသွားပါတယ်။ စာ တိုက်ကနေလည်း လက်ဆောင် ပစ္စည်းတွေ ခဏခဏပို့ပေးလာပါ တယ်။

ဇာတ်လမ်းလေးက စိတ်ဝင် စားစရာကောင်းပါတယ်။ တစ်နေ့ မှာတော့ ကောင်မလေးရှိနေတဲ့ မလေးရှားကို ကောင်လေး ရောက် လာပါရော။ အပျော်ကြီးပျော်ပြီး လျှောက်လည်ကြပါတယ်။ စေ့စပ် လက်စွပ်တစ်ကွင်းလည်း ကောင် လေးက ပေးသွားပါသတဲ့။ ကောင် မလေးမှာ မထင်မှတ်ဘဲ ကိုယ်ဝန် ရှိသွားတဲ့အခါ အခြေအနေ တွေက အားလုံးပြောင်းလဲသွားပါတယ်။

ပထမပိုင်းမှာ ကောင်လေးက လက်ထပ်မယ်လို့ ပြောခဲ့ပေမယ့် နောက် ပိုင်းမှာ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ပဲ မြန်မာ ပြည် ပြန်ရောက် လာခဲ့ပြီး ကောင် လေးရဲ့မိဘတွေဆီ သွားတွေ့ခဲ့တော့ လည်း သူတို့ဘာမှမသိလို့ တာဝန် မယူတဲ့ အကြောင်း ပြောလိုက် သတဲ့။ ကောင်မလေးရဲ့အဖေက နှလုံးရောဂါ အခံရှိတော့ စိတ်ထိခိုက် ပြီးဆုံး ပါးသွားရှာပါတယ်။ နောက် ဆက်တွဲတွေကိုတော့ ဆက်မရေး ချင်တော့ပါဘူး။

ဒါကြောင့် ရုပ်ဝတ္ထု တွေတိုးတက် ပါတယ်ဆိုတဲ့ ခေတ်ကြီး ထဲမှာ ချစ်တယ်လို့ပြောလာတိုင်း အလွယ်တကူ မယုံကြည်သင့်ပါ ဘူး။ အယုံလွယ်ခြင်းရဲ့ အကျိုး ဆက်တွေက ကြောက်စရာကောင်း ပါတယ်။ တစ်ယောက်ရဲ့ သဘောထား ကို တစ်ယောက်ကလေ့လာ၊ စောင့် ထိန်းသင့်တာကိုစောင့်ထိန်း၊ နား လည်မှု ကို အချိန်ယူပြီး တည် ဆောက်မှသာ စစ်မှန်တဲ့အချစ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ရှိတ်စပီးယားပြော ခဲ့သလိုပဲ အနည်းငယ်ပဲယုံကြည်၊ အမှားအယွင်းကင်းဖို့ ဂရုစိုက်မှသာ အနာဂတ်ဖြောင့်ဖြူးမှာပါလို့ပြောပါ ရစေလား။

ပန်းပွင့်ကဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: