ဖေ့စ်ဘွတ်ခ် သုံးစွဲသူအားလုံး မှတ်တမ်းစဉ် Timeline ၀န်ဆောင်မှု စတင်အသုံးပြုနိုင်ပြီ


ဖေ့စ်ဘွတ်သုံးစွဲသူအားလုံး အသုံးပြုမှုမှတ်တမ်းစဉ် (Timeline) ၀န်ဆောင်မှုသစ်ကို စတင်သုံးစွဲနိုင် ပြီဖြစ်သည်။လွန်ခဲ့သော သုံးလကတည်းက ဖေ့စ်ဘွတ်ခ်က ယင်း ၀န်ဆောင်မှုကိုစတင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မှ ဖေ့စ်ဘွတ်သုံးစွဲသူ သန်း ၈၀၀ စလုံးအတွက် စတင်ဖြန့် ဖြူးပေးခြင်းဖြစ်သည်။

အသုံးပြုလိုမှသာ Activate လုပ်ရန်လိုပြီး စာမျက်နှာတိုင်း၏ Profile ထိပ်များတွင် အသိပေး ကြေညာချက် ပေးပို့ထားသည်ဟု သိရသည်။ ယင်းဝန်ဆောင်မှုဖြင့်  အသုံးပြုသူသည် တင်ထားသည့် ပို့စ်များ၊ ဓာတ်ပုံများ၊ အရေးပါသော မှတ်တမ်းများ(မင်္ဂလာဆောင်၊က လေးမွေး၊မွေးနေ့ စသည်)ကို ရက်စွဲအစဉ်အတိုင်း ပြန်ကြည့်နိုင်မည် ဖြစ်သည်။ ကော်လံကို နှစ်ခုခွဲထားပြီး ညာဘက်ကော်လံတွင် မိမိ ပြန်ကြည့်လိုသော လ၊နှစ်သို့ အမြန်ကျော်ကြည့်နိုင်မည့် ခုနှစ်၊ လ အစဉ် ပါရှိသည်။ ယင်း Timeline Profile တွင် မူလ Profile ကဲ့သို့မဟုတ်ဘဲ မျက်နှာဖုံးပုံအကြီးကို တင်နိုင်မည်ဟု သိရသည်။

လူတစ်ဦးချင်းစီ၏ဘ၀မှတ် တမ်းနှင့်အောက်မေ့ဖွယ်နေ့စွဲများကို အစဉ်အတိုင်း အလွယ်တကူဖန်တီး နိုင်ရန်ရည်ရွယ်ပြီး ယခုဝန်ဆောင်မှု ကို ဖန်တီးထားခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: