အိုက်ဇက်နယူတန်ရဲ့ လက်ရေးမှတ်တမ်းများ ၀ဘ်ဆိုဒ်ပေါ်တင်


ရူပဗေဒပပညာကို လေ့လာနေကြသူများအတွက် သတင်းကောင်းတစ်ခုကို Cambridge University Library ကနေ ကူညီမူတစ်ခုကို ပြုလိုက်ပါတယ်။ အဲဒါကတော့ သိပ္ပံပညာရှင် တော်တော်များများရဲ့ လေ့လာမူ မှတ်တမ်းများကို ဒီ university library ကင်းဘရစ်ခ်ျ စာကြည့်တိုက်မှ တဆင့်လေ့လာမူများ ပြုလုပ်နိုင်ပြီ ဆိုတာပါပဲ။

အခုဆို ကမ္ဘာဆွဲငင်အားနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိခဲ့တဲ့ အိုင်ဇက် နယူတန် ရဲ့ လက်ရေး မူရင်းစာမျက်နှာပေါင်း ၄၀၀၀ လောက်ကို အွန်လိုင်းမှာ တင်ပြီး ဖြစ်ပါတယ်။ အရင်က အဲဒီမူရင်းစာရွက်များကို လေ့လာချင်တယ်ဆိုရင် Cambridge University ကို သွားရောက်ပြီးမှ လေ့လာလို့ရခဲ့ပေမဲ့ ခုချိန်အခါမှာတော့ အွန်လိုင်းပေါ်မှာ ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် လေ့လာလို့ရတော့မှာ ဖြစ်ပါတယ်။

မှတ်တမ်းတိုက် (Archive) ထဲမှာပါတာတွေကတော့ နယူတန်ရဲ့ မှတ်စုစာအုပ်နဲ့ သူ့ရဲ့ အရေးကြီးဆုံး စာရွက်စာတမ်းများကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ၁၆၆၀ ခုနှစ်က သူရေးခဲ့တဲ့ သင်္ချာနဲ့ ပတ်သက်သော ဥပဒေသ၊ ကက်ကုလပ်စ်၊ အမြင်နဲ့ ဆွဲအားအကြောင်းတွေ ပါဝင်ပါတယ်။

သင်္ချာမှတ်တမ်းထဲမှာကတော့ နယူတန်ရဲ့ law of motion and gravity ရွေ့ရှားမူနှင့် ဆွဲအား ဥပဒေသတွေ ဖော်ပြထားပါတယ်။ အဲဒီဥပဒေသကတော့ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးဥပဒေသ ဖြစ်ပါတယ်။

ဒါကြောင့် သိပံ္ပ ပညာရှင် အိုက်စက် နယူတန် တွက်ထုတ်ခဲ့တဲ့ နည်းဥပဒေသတွေကို  စာပေလေ့လာချင်သူ ဘယ်သူမဆို ဘယ်နေရာမှာပဲ ရှိနေရှိနေ လွယ်လွယ်ကူကူ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ရယူနိုင်ကြောင်းကို ကင်းဘရစ်ခ်ျ library’s digitization manager က ကြေငြာခဲ့ပါတယ်။

အခုလို မျိုး အွန်လိုင်းမှာတင်လိုက်ချင်းဖြင့် နယူတန်ရဲ့ လက်ရေးမူရင်းတွေကိုလည်း စိတ်ဝင်စားသူများ အသေအချာ လေ့လာနိုင်တော့မှာပါ။ နောက် သိပံ္ပပညာရှင်များဖြစ်ကြတဲ့ ချားလ်စ် ဒါဝင်၊ လော့ဒ် ကယ်ဗင်၊ ယူသာဖို့တို့ရဲ့ စာရွက်များကိုလည်းတဖြည်းဖြည်းချင်း အွန်လိုင်းပေါ် တင်သွားမယ်လို့ ပြောပါတယ်။ အခု ဒါဝင်ရဲ့ စာအုပ်ပေါင်း တစ်ရာလောက်ကတော့ အွန်လိုင်းပေါ်မှာ စတင်ရောက်နေပါပြီ။
မမေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: