မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း CPI ကုမ္ပဏီမှ ၀န်ထမ်းအချို့ ကျန်ရှိနေသေးကြောင်း သိရ ၊ တရုတ်နှစ်ကူးမတိုင်မီ ဆက်စပ်စီမံကိန်းများ ပြောင်းရွှေ့ရန်နှင့် စက်ပစ္စည်းများ ပြန်လည်စွန့်ခွာနိုင်ရန် စီစဉ်ထား


မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း CPI ကုမ္ပဏီမှ ၀န်ထမ်းအချို့ ကျန်ရှိနေသေးကြောင်း ကချင်ပြည်နယ်အစိုး ရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ယခုအစိုးရလက်ထက်၌ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ညွှန်ကြားထားပြီး ဖြစ်သည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မြစ်ဆုံရေကာတာ စီမံကိန်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ ယခုအစိုးရ လက်ထက်မှာတော့ ရပ်ဆိုင်းထားပြီးလို့တော့ ပြောကြားထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကနေ သ၀ဏ်လွှာနဲ့လွှတ်တော်တွေမှာ ကြေညာပြီး တစ်နိုင်ငံလုံး သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ယခု အချိန်မှာ အဲဒီမှာရှိနေတဲ့ CPI ကုမ္ပဏီ ကပုဂ္ဂိုလ်တွေကတော့ သူတို့လက်ရှိ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်တွေကို တွက်ချက်နေခြင်းနဲ့ တခြားစီမံကိန်းတွေဖြစ်တဲ့ လမ်းဖောက်တဲ့ စီမံကိန်း စတဲ့ တခြားစီမံကိန်းတွေကို ရွှေ့သွားဖို့နဲ့ တချို့စက်ပစ္စည်းတွေကို ပြန်လည်စွန့်ခွာဖို့ စနစ်တကျနဲ့ အခု အချိန်မှာ အစည်းအဝေးတွေ နေ့စဉ် နေ့တိုင်းဆောင်ရွက်ပြီးမှ စနစ်တကျ စွန့်ခွာနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်စပ်စီမံကိန်းများ ရွှေ့ပြောင်းခြင်းနှင့် စက်ပစ္စည်းများ ပြန်လည်စွန့် ခွာမှုများကို လာမည့် တရုတ်နှစ်ကူး (ဇန်န၀ါရီလအတွင်း) မတိုင်မီ အပြီးသတ်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီနှင့်နီးစပ် သည့် အသိုင်းအ၀ိုင်းမှ သိရသည်။ မြစ်ဆုံဒေသခံတစ်ဦးက “မြစ်ဆုံစီမံကိန်းကတော့ ဆက်လုပ်နေတာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် စီမံကိန်းနေရာတွေမှာ တရုတ်ကုမ္ပဏီက တရုတ်နိုင်ငံသား ၀န်ထမ်းတချို့ ကျန်ရှိနေတာ တွေ့ရတယ်။ လုပ်ငန်း လည်ပတ်မှုကိုတော့ မတွေ့ရဘူး”ဟု ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: