အဆင့်မြင့် သန့်စင်ခန်းတွင် ဗုံးကွဲ


လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်တည် ရှိသော အများသုံး အိမ်သာတစ်ခုအတွင်း ယနေ့နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။

လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော သန့်စင်ခန်းနှင့်အနီးတစ်ဝိုက်တွင် မိုင်းရှာခွေးများဖြင့် ဗုံးရှာဖွေလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာ သန့်စင်ခန်းအတွင်း နောက်ထပ် ဗုံးတလုံး ကျန်ရှိသေးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ အဆိုပါနေရာသို့ စစ်ကားနှစ်စီး၊ ရဲကားနှစ်စီး၊ သူနာပြုယာဉ်နှစ်စီး ရောက်ရှိနေကြောင်း၊ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တက္ကသိုလ်ရိပ်သာလမ်းအား ယာဉ်ကြောတခြမ်း ခေတ္တခဏပိတ်ထားကြောင်း၊ ယင်းနေရာသို့ လုံခြုံရေးအင်အား အယောက် ၅၀ ထက်မနည်း ရောက်ရှိနေပြီး လာရောက်ကြည့်ရှုသူ ၃၀၀ ဦးခန့် ရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အခင်းဖြစ်ပွားရာသို့ နေ့လည် ၁၂ နာရီတိတိတွင် ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ရောက်ရှိလာပြီး မီးသတ်ယာဉ်နှစ်စီးလည်း ထပ်မံရောက်ရှိလာသောကြောင့် သန့်စင်ခန်းအတွင်း ဗုံးထပ်မံတွေ့ရှိသည့် အခြေအနေဟု ယူဆရကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီး၏ ရုပ်အလောင်းကို ၁၂ နာရီ ၈ မိနစ်တွင် သန့်စင်ခန်းအတွင်းမှ သယ်ထုတ်နေပြီဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: