မနာလိုဝန်တိုတတ်သည့်  ဘင်္ဂါလီကုလားရဲ့ ဇနီးအပေါ်ရက်စက်မှု


၎င်း၏ခွင့် ပြုချက်မရပဲ ဘွဲ့ ရရန် ပညာဆက်လက်သင်ကြားခဲ့ သည့် ဇနီးဖြစ်သူအား မနာလိုဝန်တိုဖြစ်ကာ သူမ၏လက်ချောင်းများအား ဓါးဖြင့် ခုတ်ဖြတ် ခဲ့ သည့် ခင်ပွန်းဖြစ်သူအမျိုးသားတစ်ဦးဟာ ထောင်ဒါဏ်အပြစ်ပေးခံရတော့ မှာဖြစ်ပါတယ်…

အသက် ၃၀ အရွယ်ရှိ ရာဖီကူလ်အစ္စလမ် ဟာ အသက် ၂၁ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဟာဝါအက္ကသာ အားပါးစပ်ကို တိပ်ဖြင့် ပိတ်ကာ သူမအား အံ့ သြ စရာ လက်ဆောင်တစ်ခုပေးမလို့ ဟုပြောကြားခဲ့ ပါတယ်…

ထိုသို့ လက်ဆောင်ပေးမည့် အစား သူမ၏လက်အားဆွဲကိုင်ကာ လက်ချောင်းငါးချောင်းစလုံးကို ခုတ်ဖြတ်ခဲ့ တာဖြစ်ပါတယ်…

သူရဲ့ ဆွေမျိုးတစ်ဦးက မစ္စအက္ကသာ ၏လက်ချောင်းပြတ်များအား ဆရာဝန်များမှ ပြန်လည်မဆက်ပေးနိုင်ရန် အမှိုက်ပုံးထဲသို့ လွှင့် ပစ်လိုက်ပါတယ်…

Hawa Akhter has said she will continue her studies, despite the horrific attack

ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုပြုခံရပြီးသည့် တိုင်အောင် သူမအနေဖြင့် ပညာဆက်လက်သင်ကြားသွားမည်ဟု ဟာဝါအက္ကသာ ကပြောကြားခဲ့ ပါတယ်…

ယူအေအီးနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ သည့် အလုပ်သမားတစ်ဦးဖြစ်သူ မစ္စတာအစ္စလမ် က ဇနီးဖြစ်သူအနေဖြင့် ပညာသင်ကြားမှုအား မစွန့် လွှတ်ပါ က ပြင်းထန်ဆိုးဝါးသည့် ဆိုးကျိုးများခံစားရလိမ့် မည်ဟု သတိ

ပေးခဲ့ ပါတယ်…

” သူဘင်္ဂလားဒေ့ ရှ် ကိုပြန်လာခဲ့ ပြီးနောက် ကျွန်မနဲ့ သူစကားပြောဆိုဆွေးနွေးပါတယ်….”လို့ မစ္စအက္ကသာ က တိုင်းမ်စ် သတင်းစာကိုေ ပြာကြား ခဲ့ ပါတယ်…

ရုတ်တရက်ပဲ သူကကျွန်မမျက်လုံးတွေကို အ၀တ်နဲ့ စည်းလိုက်ပြီး လက်တွေကိုလည်း ချည်နှောင်လိုက်ပါတယ်…သူကကျွန်မ ပါးစပ်ကိုလည်း တိပ်နဲ့ ပိတ်လိုက်ပါသေးတယ်…ပြီးတော့ သူက ကျွန်မအံ့ သြသွားစေမယ့် လက်ဆောင်ပေးမယ်လို့ ပြောပါသေးတယ်….

ဒါပေမယ့် သူက ကျွန်မလက်ချောင်းတွေကိုဖြတ်လိုက်ပါတယ်…” လို့ သူမကပြောကြားခဲ့ ပါတယ်…ဘင်္ဂလားဒေ့ ရှ် ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ဆလူဒင် ကတော့  မြို့ တော်ဒါကာတွင် မစ္စတာအစ္စလမ်အားဖမ်းဆီးခဲ့ ပြီးနောက် ပြစ်မှုအားဝန်ခံခဲ့ သည့် အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းအား ပြတ်တောက်စေသည့် အတွက် တရားစွဲဆိုခံရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်…

” သူဟာစိတ်ဆိုးဒေါသထွက်နေခဲ့ တာဖြစ်ပါတယ်…သူကပညာအရည်အချင်း ၈ တန်းပဲရှိနေချိန်မှာ သူမကတော့ ကောလိပ်မှာကျောင်းဆက်တက်၊ စာဆက်သင်နေတာဖြစ်ပါတယ်…” လို့ မစ္စတာ ဆလူဒင် ကပြော

ကြားခဲ့ ပါတယ်…

သူမဟာ ဘယ်ဖက်လက်နဲ့ စာရေးနိုင်ဖို့ လေ့ ကျင့် နေပြီး ပညာဆက်လက်သင်ကြားဖို့ စိတ်ဆုံးဖြတ်ထားတယ်လို့ လည်းမစ္စအက္ကသာ ကပြောကြား ခဲ့ ပါတယ်…ယခုတော့ သူမဟာ သူမမိဘများ၏အိမ်တွင်ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်…

ယခုကဲ့ သို့ အကြမ်းဖက်မှုကျူးလွန်ခြင်းဟာ မွတ်ဆလင်အများစုလွှမ်းမိုးသည့်တိုင်းပြည်တွင် ပညာတတ် အမျိုးသမီးများအား ဦးတည်ကာ ဖိနှိပ် ချူပ်ချယ် တိုက်ခိုက်ခြင်းများ၏ နောက်ဆုံးကျူးလွန်မှုတစ်ခုလည်းဖြစ်ပါတယ်…

လွန်ခဲ့ သည့် ဇွန်လကလည်းအလုပ်လက်မဲ့ အမျိုးသားတစ်ဦးကဒါကာတက္ကသိုလ်တွင်လက်ပါမောက္ခရာထူးဖြင့်တာဝန်ထမ်းဆောင်နေသည့်ဇနီးဖြစ်သူအား ကနေဒါတက္ကသိုလ်တစ်ခုတွင် အဆင့် မြင့် ပညာရေးသင်တန်း ဆက်တက်နေမှုအပေါ် မနာလိုမရှုစိမ့် နိုင်တာကြောင့် သူမ၏ မျက်လုံးများအား ဖောက် ထုတ်ပစ်ခဲ့ မှုဖြစ်ပွားခဲ့ ပါသေးတယ်…

(ကိုပီတာရဲ့အတွေးပုံရိပ်များ ဘလော့ဂ်က ကူးယူဝေငှတာပါ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: