သမ္မတကြီး ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ


သမ္မတကြီးရှင့်

ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင်အတော်များများမှာ ကျောင်းနေအရွယ် မူလတန်း၊အလယ်တန်း အရွယ် ယောက်ျားလေးများ စားပွဲထိုး လုပ်ကိုင်နေပါတယ်။ ကျွန်မနှင့်သူငယ်ချင်းများက ထို ကလေးသူငယ်များ စားပွဲထိုးလုပ်ကိုင်နေသော လက်ဖက်ရည်ဆိုင်များသို့ တစ်ဆိုင်ပြီး တစ်ဆိုင် သွားရောက်ကာ လက်ဖက်ရည်မှာသောက်ပြီး ကလေးများနဲ့ စကားပြောဖို့ အခွင့်အရေးရအောင် ကြိုးစားခဲ့ကြပါတယ်။ အသက် ဘယ်လောက်ရှိပြီလဲ မေးကြည့်သောအခါ အသက် ၉ နှစ်အရွယ်ကလေးများပင် ပါရှိပါတယ်။ ကျောင်းမနေဘူး လားလို့ မေးတော့ ကျောင်း ထွက်လိုက်ပြီလို့ ပြောပါတယ်။

ကျောင်းမနေချင်ဘူးလားလို့ မေးတော့ တချို့ကလေးများက ကျောင်းနေချင်တယ်လို့ ပြန်ဖြေပါတယ်။ တချို့ကလေးများ ကတော့ ကျောင်းပြီး သွားပြီလေ ဟုပြောပါတယ်။ ၄ တန်းအောင်ပြီးလို့ ကျောင်းပြီးသွားပြီလို့ ပြောပါတယ်။ ကလေးအများစုမှာ နယ်မြို့များမှ ရောက်လာ အလုပ်လုပ်ကြတဲ့ ကလေးများဖြစ်ပါတယ်။ မိဘက ကျောင်းနုတ်ပြီး ရန်ကုန်ကို ပို့ပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခိုင်းတာဖြစ်ကြောင်း ကလေးအများစုဆီက သိခဲ့ရပါတယ်။ ကျောင်းပြန်နေချင်လို့ ငိုနေတတ်တယ်

ဆိုတဲ့ကလေးများကိုလည်း ကျောင်းပြန်တက်နိုင်အောင် ကူညီပေးဖို့ စကားကမ်းလှမ်းသော်လည်း ဆိုင်ပိုင်ရှင်များက သူတို့၏ စီးပွားရေးဖြစ်သောကြောင့် ကျွန်မတို့ ကလေးများနှင့်စကားပြောခြင်းကို မနှစ်သက်ကြပါ။ ဆိုင်ရှင်များနှင့် စကားပြောကြည့်ပြီး ကျွန်မတို့က ဒီကလေးတွေ ကျောင်းမတက်နိုင်ရင်တောင် အတန်းစာများ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့ကို သူတို့နားချိန်မှာ စာလာသင်ပေးချင်ပါတယ်လို့ ဆိုင်ရှင်များကို စကားကမ်းလှမ်းကြည့်ပါတယ်။ ဆိုင်က ပိတ်ရက်မရှိဘူး။ ည ၈နာရီဆို ပိတ်တယ်။ စာလာသင်ချင်ရင် ည၈နာရီနောက်ပိုင်းမှာ လာသင်ပါလို့ ပြောလိုက်တဲ့ ဆိုင်ရှင်၊ စာလာသင်မှာကို လက်မခံတဲ့ဆိုင်ရှင်များသာ ကြုံတွေ့နေရပါတယ်။ သူတစ်ပါး၏ စီးပွားရေးဖြစ်သောကြောင့် ကျွန်မတို့ဘက်က အတင်းအကျပ်တောင်းဆိုရန်မှာ မဖြစ်နိုင်ပါ။ ကျောင်းနေအရွယ်ကလေးများကို ပညာမသင်စေဘဲ ဒီအတိုင်းသာထားမည်ဆိုပါက ကလေးများ၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အတွက် နစ်နာစရာများ ဖြစ်လာပါမယ်။

ကလေးများ၏ မိဘများကိုလည်း ဒီကလေးကို လက်ဖက်ရည်ဆိုင်မှာ မလုပ်ခိုင်းပါနဲ့.. ကျွန်မတို့ ကျောင်းထားပေးပါမယ်…ကလေး ယခုရရှိနေသော စားပွဲထိုးလုပ်အားခအတိုင်း ကျွန်မတို့က မိဘများကို ထောက်ပံ့ပေးပါမည်ဟု ဆိုရအောင်လည်း လောဘတက်တတ်သော လူ့သဘာဝကြောင့် ရေရှည်မှာ မဖြစ်နိုင်ပါ။ ကလေးများကို ကျောင်းထားပေးနိုင်သည်ထားဦး …ကလေး၏ မိဘများက နောက်နောင်တွင် ငွေ ထပ်ကာ ထပ်ကာတောင်းလာမည်နှင့် ကလေးကို ကျောင်းမထားတော့ဟု အကြပ်ကိုင်လာမည်ကိုလည်း စိုးရပါသည်။

သမ္မတကြီးအနေဖြင့် ကလေးတိုင်း ကျောင်းနေနိုင်မည့် ပညာရေးအစီအစဉ်များ ချမှတ်လုပ်ဆောင်ပေးနိုင်မည်ဟု အားကိုးတကြီး မျှော်လင့် မိပါသည်ရှင့်။

သမ္မတကြီး ရွှင်လန်းချမ်းမြေ့ပါစေ။

ရိုသေလေးစားအားကိုးစွာဖြင့်

ဟနနှင့် သူငယ်ချင်းများ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: