ရန်ကုန်မြို့ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုဖြစ်ပွား


နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၈)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။

အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။

မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေသော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြသည်။

ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။

ကြာသပတေးနေ့ နံနက် ၂ နာရီခန့်က အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီးက ရန်ကုန်မြို့ မြို့နယ် အများအပြား မှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။

ဂိုဒေါင် ၃၂ လုံးရှိရာ ပုဇွန်တောင်ကမ်းအနားအနီး ဂိုဒေါင်များတွင် မီးလောင်လျှက်ရှိပြီး အခင်းဖြစ်ပွားသော နေရာ ၏ “ကိုက် ၄၀၀၊ ၅၀၀ အကွာမှာရှိတဲ့ အေဘီစီ လမ်းမကြီးပေါ် တွင် ကျောက်ခဲများ ပြန့်ကျဲနေတာ မြင်မကောင်း” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။

အဆောက်အဦးပေါက်ပြီး ပြန့်ထွက်လာတဲ့ ခဲမှန်လို့ပင် ဒဏ်ရာရသူများကို တွေ့ရပြီး “သွေးသံရဲရဲနဲ့ လူအများ
ပြေးလွှားနေတာကိုတွေ့ရ” သည်ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ လူအများ အပြားကို မီးလောင်ရာနေရာမှ ဆွဲထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

“ကျနော်တို့အားလုံး ပြေးနေကြတယ်” ဟုဆိုကာ ပတ်ဝန်းကျင် တခုလုံး “ဝရုန်းသုန်းကား” ဖြစ်နေသည်ဟု အခင်းဖြစ်ပွားရာကို လွန်ခဲ့သည့် တနာရီကတည်းက ရောက်ရှိနေသူ တဦး ကပြောသည်။

ဒဏ်ရာရသူများကို သယ်ထုတ်နေသည်မှာ မပြီးပြတ်နိုင်သေးဘဲဖြစ်ပြီး အသေအပျောက် ရှိလိမ့်မည်ဟု အခင်းဖြစ်ပွားရာ ရောက်နေသော လုံခြုံရေးတဦးက ပြောသည်။

မီးလောင်ပေါက်ကွဲမှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ယနေ့ နံနက် ၄ နာရီအထိ ရောက်ရှိလာသော လူနာစုစုပေါင်း ၅၈ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၁ ဦးလည်း ရောက်ရှိလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိနေသော 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

“ရောက်လာတဲ့လူနာတွေထဲက အများစုက ရွှံ့တွေဗွက်တွေ ပေနေတယ်။ သံဃာတော်တွေလည်း ပါတယ်။ သေဆုံးတဲ့သူ ၁၁ ဦးက ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်လာတဲ့ အရေအတွက်ပါ။ ကျန်တာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်” ဟု သတင်းပေးပို့သည်။

မီးလောင်ပေါက်ကွဲမှုကြောင့် ရပ်ကွက်အတွင်းမှ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မြို့နယ် အ.မ.က (၂၀)၊ (၂၄) နှင့် ဘုန်တော်ကြီးကျောင်း တစ်ကျောင်းတို့တွင် နေရာချထားပေးပြီး လှူဒါန်းလိုသူများ သွားရောက်လှူဒါန်းနိုင်ကြောင်းကို ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လိုက်လံ အသိပေးကြေညာလျှက်ရှိသည်။

နံနက် ၄ နာရီ ၁၁ မိနစ်၊ မီးလောင်ကျွမ်းမှု အရှိန် မသေသေး၊ သဘောင်္ကျင်းအတွင်း ရှိ လောင်စာဆီကန်များနှင့် ကျန်ဂိုဒေါင်များထဲတွင် ဂဟေဆော်ရာတွင် သုံးသည့် ကာဗိုက်ကဲ့သို့ ဂိုဒေါင်များ လောင်ကျွမ်းမည်ကို စိုးသဖြင့် အနီးရပ်ကွက်မှ လူများ ကားပေါ်ပစ္စည်းနှင့် လူများ အသင့်တင်ကာ ထွက်ခွာဖို့ လုပ်ထားကြသည်။ ဆေးရုံကြီး မှ ရသည့် သတင်းအရ ယခုအချိန်ထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၅၈ဦး၊ အတည်ပြုပြီး၊ သေဆုံးသူထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ကိုအောင်အောင် ပါဝင်သည်ဟု သိရသည်။ ဒဏ်ရာရသူအများစုမှာ ခြေထောက်၊ လက်နှင့်ခေါင်းများတွင် ပေါက်ကွဲသည့်အစအနများကြောင့် ဖြစ်သည်ဟု သိရသည်သေဆုံးသူ ၁၁ ဦးမှာ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး အသေအပျောက်ရှာဖွေမှုများကို နံနက်မိုးလင်းမှ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

မီးလောင်ပါက အခြေခံ ဓါတုဗေဒ သင်ရိုးတွင်ပါသော အချက်ကို မှတ်မိကြမည် ထင်ပါသည်။ မီးလောင်ခြင်းကို အားပေးသော အောက်ဆီဂျင် ကို လောင်ကျွမ်းနေသော မီးတောက်မှ ဆွဲယူ ပစ်လိုက်သဖြင့် အပူရှိန်ကြောင့်ထက် အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့် မူးမိုက်လဲကျ တတ်ပါသည်။ မီးထုကြီးလေလေ အောက်ဆီဂျင်ကို သုံးစွဲမှု များပြားလေဖြစ်ပါသည်။ မီးလောင်လျှင် ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့များနှင့်အတူ အန္တရာယ်ကြီး လှသော ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့များ လည်း ရောနှောပါလာနိုင်ပါသည်။

လေ ဝဝ ရှုနိုင်သော နေရာတွင် ပြဿနာမရှိနိုင်သော်လည်း လေဝဝမရှုနိုင်သော နေရာတွင် ကာဗွန်မိုနော့ဆိုက်ဓါတ်ငွေ့အဆိပ်သင့်ခြင်းသည် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

နောက်ဆုံးသိရှိရသောသတင်းအရ စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုမှာ မီးငြိမ်းသတ်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ရန်ကုန်ဆေးရုံအုပ်ကြီးမှ သတင်းထောက်များအနေဖြင့် ရန်ကုန်ဆေးရုံမှ မီးဘေးသင့် လူနာများနှင့်ပတ်သက်ပြီး သတင်းရယူ လိုပါက နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးသို့ စာတင်ပြီးခွင့်ပြုမိန့် စာယူလာရန် ပြောဆိုခဲ့ကြာင်း ၊ ရန်ကုန်ဆေးရုံအတွင်း မီးဘေးသင့်ပြည်သူများနှင့် ပတ်သက်သော သတင်းရယူခွင့်ကိုလည်းပိတ်ပင်တားစီးထားကြောင်း သိရှိရသည်။

သေဆုံးသူများစာရင်းကို အောက်တွင် ဖေါ်ပြထားပါသည်။

၁။ မောင်စိုင်းမောင်မောင် (၃) နှစ်
၂။ မောင်မောင်ကြီး (၁၀)နှစ်
၃။ မောင်သိန်းဇော် (၉) နှစ်
၎။ မစ၀်ခွန်ချို (၅) လ
၅။ မပုံ့ပုံ့ (၂၁) နှစ်
၆။ မယုဇအောင် (၂၃) နှစ်
၇။ ဦးသိန်းစိုး (၅၀) နှစ်
၈။ ကိုသန်းလှိုင် (၃၆) နှစ်
၉။ မယဉ်ယဉ်စန်း (၃၄) နှစ်
၁၀။ မရီလွင် (၃၃) နှစ်
၁၁။ မနွယ်လေးဟန်(၇) နှစ်
၁၂။ ဦးစိုင်းလင်း (၅၅) နှစ်
၁၃။ မောင်အောင်အောင်(၂၈)နှစ် (မီးသတ်)
၁၄။ မောင်မျိုးကျော်ကျော် (၂၀) နှစ် (မီးသတ်)
၁၅။ ဦးဇော်ဌေး( ၅၀) နှစ် (မီးသတ်)
၁၆။ မောင်သော်ဇင်မျိုး (၂၁) နှစ်(မီးသတ်)
၁၇။ ဦးတင်စိုး (၃၄) နှစ် (မီးသတ်)
၁၈။ PR (လူ့အသားစများ)

အထက်ပါစာရင်းမှာ တာမွေရဲစခန်းမှ နောက်ဆုံးရစာရင်းဖြစ်ပါသည်။
အမှတ်စဉ် ၁၃ မှ ၁၇ အထိ ခြောက်ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။
နံပတ် ၁၈ မှာ ကောက်ယူရရှိသည့် လူ့အသားစများကို စုပေါင်းထားခြင်း ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: