၂၂၇ နှစ်မြောက် ရခိုင်ပြည် အချုပ်အခြာ အာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အကြို စုပေါင်း သွေးလှူဒါန်း


မိုးမိုးကျော်
———–
မဲဆောက် ရခိုင်သူ/သားများ စုပေါင်းပြီး ၂၂၇-နှစ်ပြည့် ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အကြို သွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉း၀၀) နာရီအချိန်မှာ မဲဆောက်မြို့၊ မယ်တော် ဆေးခန်းတွင် ကျင်းပပြုလုပ် သွားခဲ့သည်ဟု သတင်းရရှိပါသည်။


၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ သည် ရခိုင်အမျိုးသားနိုင်ငံတော်ကို မြန်မာ(ဗမာ)ဘုရင် ဘိုးတော်မောင်ဝိုင်း ၀င်ရောက် သိမ်းပိုက်ပြီး ကိုလိုနီစနစ်သို့ အသက်သွင်းခဲ့သည့် ၂၂၇ – နှစ်ပြည့် ရခိုင်ပြည် အချုပ်အခြာအဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ် ယနေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် မဲဆောက်ရောက် ရခိုင်သူ/သား ၅၀ ကျော်ခန့်သွားရောက်ပြီး သွေးလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ကြသည်။ ထိုအခမ်းအနားသို့ မဲဆောက်ရောက် ရခိုင်ရွှေ့ပြောင်း အလုပ်သမားများနှင့် အခြားသော တိုင်းရင်းသား ရွှေ့ပြောင်း အလုပ်သမားများလည်း တက်ရောက် ခဲ့ကြသည်။

သွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍ Arakan Review မှ မေးမြန်းရာ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများထဲမှ ကိုခိုင်မင်း က ပြောကြားခဲ့သည်မှာ-

“ကျွန်တော်တို့ဟာ တိုင်းပြည်မဲ့ နိုင်ငံမဲ့လူထု လူတန်းစားတစ်ခုလို ဖြစ်နေပါတယ်။ ဒီနှစ် ဒီဇင်ဘာလ (၃၁) ရက်၊ မနက်ဖြန် ဆိုရင် ရခိုင်ပြည်သူ/သားတွေ အနေနဲ့ ကိုလိုနီဘ၀ကို ကျရောက်ခြင်းမှာ နှစ်ပေါင်း ၂၂၇-နှစ်ပြည့်ပါပြီ။  အခုအချိန်ထိ ရခိုင်လူထုအတွက် မသေချာမရေတဲ့ အလင်းမဲ့ ဘ၀ကိုကျရောက်နေရတာကို ရင်ထုမနာ ဖြစ်ရပါတယ်။ တိုင်းတပါးမှာ အသက်ရင်းပြီး ငွေရှာရတဲ့ ကျွန်တော်တို့ ရခိုင်သူ/သား တွေ အပါအဝင် အခြားတိုင်းရင်းသားတွေ ကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ နောက်ပြီး သယံဇာတ အလွန်ပေါများတဲ့ ကျွန်တော်တို့ ရခိုင်ပြည်ကြီးဟာ ကိုလိုနီဘ၀မှာ ရောက်နေတဲ့အတွက် မိမိဒေသထွက် သဘာဝ အရင်းအမြစ် တွေကိုလည်း သုံးစွဲပိုင်ခွင့်မရှိ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးရာတွေကိုလည်း အုပ်ချုပ်လာတဲ့ အစိုးရ အဆက်ဆက် သာမန်လောက်အဆင့်မှ မရှိပဲ၊ မျက်ကွယ်ပြုထားပါတယ်။

အဖက်ဖက်က နှိမ့်ကျလွန်းလို့ အလုပ်အကိုင်မဲ့တဲ့အဆုံး  နယ်စပ်ဒေသကို ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ရခိုင်အပါဝင် အနယ်နယ်အရပ်ရပ်မှ ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုမှာ အဓိက အရေးပါတဲ့အတွက် “သွေး” ကို ကျွန်တော်တို့ လှူဒါန်းရခြင်း ဖြစ်ပါတယ် ဟု Arakan review သို့ ပြောကြား ခဲ့ပါတယ်။”

ဤသို့ သွေးလှူဒါန်းခြင်း အခမ်းအနားကို “ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး” (AASYC) မှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး နှစ်စဉ် ကျင်းပ ပြုလုပ်မြဲဖြစ်သည်ဟု သိရှိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: