၂၂၇-နှစ်ပြည့် ရခိုင်ပြည်အချုပ်အခြာအာဏာ ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကျင်းပ


မိုးကျော်ကျော်

ဒီဇင်ဘာလ (၃၁) ရက် ၂၀၁၁- ခုနှစ်။ ၂၂၇-နှစ်ပြည့် ရခိုင်ပြည်အချုပ်အခြာအာဏာ ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို “ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး”(AASYC) ဗဟိုဌာနချုပ်ရုံး၊ ထိုင်း-မြန်မာနယ်စပ် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


အခမ်းအနားသို့ ရခိုင်ရွှေ့ပြောင်းအလုပ်အသမားများ၊ တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားများ၊ ရခိုင်ဒီမိုကရေစီအဖွဲ့(ပြည်ပ) တာဝန်ခံနှင့် အဖွဲ့ဝင်များ၊ ရခိုင်မျိုးစောင့်အဖွဲ့မှ အဖွဲ့ဝင်များ၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)မှ နာယကအဖွဲ့ဝင်များနှင့် ဗဟိုကော်မတီဝင်များ၊ တသီးပုဂ္ဂလအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)မှ ရဲဘော်/မယ် စုစုပေါင်း လူ ၆၀-ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို မွန်းလွဲ ၁း၀၀ နာရီတွင်စတင်ခဲ့ပြီး တက်ရောက်လာသူများက ၂၂၇-နှစ်ပြည့် ရခိုင်ပြည်အချုပ်အခြာအာဏာ ကျဆုံးခြင်းအတွက် ၀မ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ၁-မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်းမေ့တ္တာပို့သခဲ့ကြသည်။


အခမ်းအနားမှုးအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)တာဝန်ခံ ဒေါ်လှသိန်း ကဆောင်ရွက်ပြီး အခမ်းအနားတွင် ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)မှ နာယကအဖွဲ့ဝင် ဦးမောင်မောင်က “လမ်းကြောင်းမှန်ဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်အမျိုးသား ကောင်စီ(ANC)မှ ဒုတိယ ဥက္ကဌ ဦးကောင်းဇံ က “ပြည့်သူ့အချုပ်အာဏာ ရရှိလာစေရန်နည်းလမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့(ပြည်ပ)တာဝန်ခံ ဒေါ်လှသိန်း က “စည်းလုံးခြင်းဖြင့် အနာဂတ်ခရီးဆက်မယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊

ရခိုင်ပြည်လုံးဆိုင်းရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ဗဟိုဌာနချုပ်)မှ ရဲဘော် ကျော်နိုင် က “ရခိုင်ပြည်လုံးဆိုင်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)မှ ၂၂၇-နှစ်ပြည့် ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် ထုတ်ပြန်ကြေငြာချက်”ကို လည်းကောင်း၊ ရခိုင်ရွှေ့ပြောင်း အလုပ်သမားများအထဲမှ ကိုယ်စားလှယ် မချေချေ က “ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ၏ ယနေ့ခေတ် အခြေအနေ” ခေါင်းစဉ်များဖြင့် ပြောကြားခဲ့ကြပြီး အခမ်းအနားကို ညနေ ၄း၀၀ နာရီ တွင်ပြီးဆုံးခဲ့ကြောင်း Arakan Review မှ သတင်း ရရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: