မြန်မာ့နေလှမ်းဆားကြမ်းများ ပြည်ပသို့ တင်ပို့ခွင့်ပြု၊ တန်ချိန် ၃၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့မည်


မြန်မာ့ နေလှမ်းဆားကြမ်းများ ကိုပြည်ပသို့တင်ပို့ခွင့်ပြုပြီဖြစ်ကြောင်း နှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအ တွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင် တင်ပို့သွားရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ တန်ချိန် ၃၀၀၀ အား ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၅ ဒေါ်လာဖြင့် ၀ယ်ယူမည်ဖြစ် ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ပြည်ပသို့တင်ပို့ရန် စီစဉ်ရခြင်းမှာ ဆားတောင်သူများအနေဖြင့် ထုတ်လုပ်စရိတ်ဖြင့်မကိုက်ညီဘဲ အရှုံးပေါ်ခြင်း၊ နှစ်စဉ်ရာသီဥတု ဖျက်ဆီးခြင်း၊ ရာသီဥတုဖျက် ဆီးမှုမရှိသည့်နှစ်တွင် ဆားဈေးကျဆင်းပြီး ဆုံးရှုံးခြင်းများ ဆက်တိုက်ကြုံတွေ့နေရခြင်းကို တစ်ဖက်တစ်လမ်းမှ ပြေလည်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိဆားတောင်သူများစုပေါင်း၍ ဧရာအဏ္ဏ၀ါအသင်းဖွဲ့စည်းကာ နှစ်စဉ်ဆားတောင်သူများ အရှုံးပေါ်နေမှုကို  ဖြေရှင်းရန်အတွက် နည်းလမ်းများ ရှာဖွေခဲ့ကြောင်း၊ ယင်းနောက်ပြည်ပသို့ တင်ပို့သည့်လမ်းကြောင်းချဲ့ထွင်ကာ  ဖြေရှင်းရန်ပြင်ဆင်ခဲ့ကြောင်း သိရသည်။  ပြည်ပသို့တင်ပို့ရာတွင် ဧရာအဏ္ဏ၀ါအသင်းအနေဖြင့် လတ်တလောတွင် တင်ပို့နိုင်ခြင်းမရှိသေးဘဲ ကြားခံကုမ္ပဏီဖြစ်သည့် ဧရာဟင်္သာကုမ္ပဏီမှ တာဝန်ယူတင်ပို့ပေးမည်ဖြစ် ကြောင်း၊ ဧရာဟင်္သာအနေဖြင့် တင်ပို့မည်ဖြစ်သော်လည်း ပြည်ပမှပေးချေသည့် ဆားကြမ်းတစ်တန် ၈၅ ဒေါ်လာအား ဧရာအဏ္ဏ၀ါအသင်းသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ တန်ချိန် ၃၀၀၀ တင်ပို့ခွင့်ရထားပါတယ်။ အခုတင်ပို့ဖို့အတွက် သင်္ဘောတင်တာကအစ အစီအစဉ်တွေ လုပ်နေပါပြီ။ အဓိကအချက်ကတော့ ဆားတောင်သူတွေ ဆက်တိုက်အရှုံးပေါ်နေတဲ့ အနေအထားကို လည်း တစ်ဖက်တစ်လမ်းက ပြေလည်စေဖို့ ရည်ရွယ်ပါတယ်။ တကယ်တော့ ဧရာအဏ္ဏ၀ါအသင်း ကိုယ်စား ကျွန်တော်တို့က တင်ပို့ပေးတာပဲရှိပါတယ်။ ဆားတောင်သူတွေ နှစ်တိုင်းဆုံးရှုံးနေရတဲ့ အခက်အခဲပြေလည်ဖို့ ပြည်ပပို့တဲ့ လမ်းကြောင်းဖော်ပေးရုံပါပဲ။ နောက်ပိုင်းမှာတော့ ဧရာအဏ္ဏ၀ါအသင်းကပဲ ပြည်ပပို့တဲ့လမ်းကြောင်းကို လုပ်ဆောင်သွားမှာပါ”ဟု ဆားကြမ်းတင်ပို့မည့် ဧရာဟင်္သာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
နှစ်တိုင်းရှုံးတယ်။ ရာသီမဖောက်ပြန်တဲ့နှစ်က မရှိသလောက်ပဲ။ ရာသီ မဖောက်ပြန်တော့လည်း ဈေးကျပြီး ရှုံးတာပဲ။ နာဂစ်ပြီးတော့ ဘာမှမကျန်ခဲ့တဲ့အတွက် နိုင်ငံတော်က စိုက်ထုတ်ပေးတာနဲ့ ပြန်လုပ်တယ်။ ဆားထွက်တဲ့အချိန်မှာ မိုးမိလို့ပျက်တယ်။ နိုင်ငံတော်ကို အကြွေးတင်သွားတယ် .  .  .

”နှစ်တိုင်းရှုံးတယ်။ ရာသီမဖောက်ပြန်တဲ့နှစ်က မရှိသလောက်ပဲ။ ရာသီမဖောက်ပြန်တော့လည်း ဈေးကျပြီးရှုံးတာပဲ။ နာဂစ်ပြီးတော့ ဘာမှမကျန်ခဲ့တဲ့အတွက် နိုင်ငံတော် က စိုက်ထုတ်ပေးတာနဲ့ ပြန်လုပ်တယ်။ ဆားထွက်တဲ့အချိန်မှာ မိုးမိလို့ပျက်တယ်။ နိုင်ငံတော်ကို အကြွေးတင်သွားတယ်။ နောက်ထပ်ထပ်ပြီး ထုတ်ချေးတာကို ယူပြီးလုပ်တယ်၊ အပြင်မှာလဲအတိုးနဲ့ဆွဲ၊ ဆားပေးယူပြီးလုပ်တယ်။ ဈေးကျလို့ရှုံးတယ်။ ဆား တစ်ပိဿာ ထုတ်လုပ်စရိတ် ပြန်ရတဲ့ဈေးမကာမိလို့ နှစ်တိုင်းရှုံးနေတယ်။ အခုပြည်ပပို့မယ်ဆိုတော့ ၀မ်း သာတယ်။ ဒါပေမယ့် ပြည်တွင်းစားသုံးမှုလည်း လုံလောက်မယ်၊ ဈေးလေးလည်း သင့်တင့်မယ့်အချိန်မှာတော့ ပြန်မပိတ်ဖို့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်ရှုံး ထားတဲ့စရိတ်ကို နောက်တစ်နှစ်လုပ်လို့ ပြန်မကျေဘူး။ အခုကဆက်တိုက် ရှုံးထားကြရတာလေ”ဟု ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ဆားတောင်သူကြီးတစ်ဦး က ပြောကြားခဲ့ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: