ကိုးရီးယားရေနံတင် သင်္ဘောတစ်စင်း ပေါက်ကွဲနစ်မြုပ်ခဲ့ရာမှာ မြန်မာ သဘောင်္သားတွေ သေဆုံး


တနင်္ဂနွေနေ့ မနက်က တောင်ကိုးရီးယားနိုင်ငံ အနောက်ဖက် ကမ်းရိုးတမ်းနားမှာ ကိုးရီးယားရေနံတင် သင်္ဘောတစ်စင်း ပေါက်ကွဲ နစ်မြုပ်ခဲ့ရာ မှာ မြန်မာ သဘောင်္သားတွေ သေဆုံးခဲ့ပါတယ်။

ပေါက်ကွဲ နစ်မြုပ်ခဲ့တဲ့ သင်္ဘောအမည်က Doora No 3 သင်္ဘောဖြစ်ပြီး သင်္ဘောအပေါ်မှာ မြန်မာ သင်္ဘောသား ငါးဦးနဲ့ တောက်ကိုးရီးယား သင်္ဘောသား ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦး ပါပါတယ်။

တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့ ဆိပ်ကမ်းမှာ ဆီအတင်အချ လုပ်နေတုန်း အခုလို ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

လောလောဆယ် အလောင်း ငါး လောင်း ရှာတွေ့ခဲ့ရာတွင် မြန်မာသင်္ဘောသား နှစ်ဦး ပါပြီး သက်နိုင်ဝင်းနဲ့ မျိုးမင်းဇော်တို့ ဖြစ်တယ်လို့ Fedration of Korean Seafarers Unions ကိုရီးယား သင်္ဘောသား သမဂ္ဂများ ဖယ်ဒရေးရှင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဟေဂျွန်ကင်မ်က ပြောကြားခဲ့ပါတယ်။

ပျောက်ဆုံးနေသူ ငါးဦးထဲမှာလည်း မြန်မာ သင်္ဘောသား သုံးဦး ပါတယ်လို့ သိရပြီး ဆန်းထွန်းလင်း၊ ကျော်မျိုးအောင်နဲ့ အောင်ကျော်စန်း တို့ဖြစ်တယ်လို့ ပြောပါတယ်။

သင်္ဘော ကပ္ပတိန်နွဲှ့ အင်ဂျီနီယာချုပ် တို့ကတော့ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဘော ဘာ့ကြောင့် အခုလိုပေါက်ကွဲခဲ့တာလဲဆိုတာကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ပျေက်ဆုံးသူတွေကို ခုချိန်ထိ ရှာဖွယ်နေကြဆဲပဲလို့ ကိုးရိးယား သင်္ဘောသား သမဂ္ဂများ ဖက်ဒရေးရှင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဟေဂျွန်ကင်မ် က ပြောကြားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: