မှိုင်းပေါက်ကွဲမှုကြောင့် ရခိုင်အမျိုးသား (၂) ဦး သေဆုံး


ဖားကန့်မြို့နယ်မှ မိုးကောင်းမြို့သွား ခရီးသည်တင်မှန်လုံယာဉ် တစ်စီးသည် ဇန်နဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ကာမိုင်းမြို့နယ်ခွဲ ခွန်ဆိုင်ဇွပ်ရွာအနီး ကားလမ်းယာဘက်ဘေး၌ ခေတ္တရပ်နားစဉ် ကားပေါ်မှဆင်းပြီး အပေါ့သွားသူခရီးသည် မင်းပြားမြို့နယ် ဆင်အိုးချေကျေးရွာနေ မောင်ဆန်းဝင်း အသက်(၁၈) နှစ်သည် မိုင်းတစ်လုံးအားနင်းမိပြီး ပေါက်ကွဲခဲ့သဖြင့် ၎င်းမောင်ဆန်းဝင်းနှင့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)တို့နှစ်ဦး အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့ပြင် မိုင်းပေါက်ကွဲမှုကြောင့် ယာပေါင်းကျိုး၊ ယာတံတောင်ဆစ်နှင့် လက်ဖျံခြောက်လက်မခန့် ပွင့်ထွက်၊ ဝဲခြေဖျားမှ ဒူးအထိ ညိုမဲဒဏ်ရာများ ရရှိခဲ့သည်။ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စင်အုံးရွာနေ မောင်အောင်ထွန်းခိုင် အသက် (၂၁) နှစ်မှာ မိုးကောင်းဆေးရုံသို့ ပို့ဆောင်စဉ် မိုးကောင်း မြို့အဝင်၌ ရရှိဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရှိရသည်။ အလားတူ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နမ့်စန်း (၂) ကျေးရွာနေ မောင်ရွှေတိုးအောင် အသက် (၁၈) နှစ်သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ယင်းကျေးရွာ မူလတန်းကျောင်းနှင့် ကိုက်(၅၀) ခန့်အကွာ လမ်းမပေါ်၌  မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ဘယ်ခြေသလုံးကျိုးကြေ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာအား တာဝန်ရှိသူများက လုံးခင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိသည်။

မြန်မာအစိုးရ သတင်းစာများတွင် ဖေါ်ပြချက်အရ ကချင်ပြည်နယ်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်တိုင်းသည် KIO ၏ လက်ချက်ဖြစ်သည်ဟု သုံးနှုန်း ထားကြောင်း သတင်းရရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: