တပ်မတော်ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အမိန့်ချရက် ရွေ့ပြောင်း


နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကို  အကျဉ်းထောင်အက်ပုဒ်မ ၄၂ဖြင့်တရားစွဲ ဆိုခဲ့သော အမှုအား အမိန့်ချရန် ဇန်န၀ါရီလ ၂၄ရက်နေ့သို့ ရွေ့ပြောင်း လိုက်ပြီဖြစ်ကြောင်း  ကာယာကံရှင်ကိုယ်တိုင်သို့ပြောကြားသည်။

“တရားလိုပြ သက်သေစစ်ဖို့ကျန်သေးလို့ ကျန်သေးတယ်။သောကြာနေ့ကို လိုပြ(တရားလိုပြ)သက်သေစစ်မယ်။ ပြီးမှ အမိန့်ချမယ်ထင်တယ်”ဟု ၄င်းက ဆိုသည်။ တပ်မတော်ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် အကျဉ်းကျနေစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ် ၂ ထည်၊ သော့ချိတ် ၆ခု (ဗိုလ်ချုပ်အောင် ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ)၊ ဗိုလ်ချုပ် BGပါ စတစ်ကာ (တစ်လက်မ ပတ်လည်) ၁၅ နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံနောက်ခံဖြင့် သမ္မတကြီး ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့သော ဂျာနယ်တစ်စောင် ကို ထောင်ထဲ သွင်းယူရန် ကြိုးပမ်းခဲ့သည်ဟူသော အကျဉ်းထောင် အက်ဥပဒေ ၄၂ အရ တရားစွဲဆိုထားခြင်းဖြစ်သည်။
“ကျွန်တော့်ကို ၂၀၁၀ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ သိမ်းပြီးတရားစွဲထားတာ။ထောင်ကလွတ်ပြီး ဇန်န၀ါရီလ ၁၃ရက်နေ့မှ ရုံးထွက်ရတယ်။ အင်းစိန်တရားရုံးမှပါ။” ဦးနေမျိုးဇင်က ဆိုသည်။ တပ်မတော် ဗိုလ်ကြီးဟောင် ဦးနေမျိုးဇင်သည် ၂၀၀၆ခုနှစ်တွင် အွန်လိုင်းမီဒီယာများတွင် စာပေရသဆောင်းပါးများကို ရွှေဘ၊ရွှေဘန်းစသောကလောင်နာမည်များဖြင့် ရေးသားခဲ့ပြီး ၂၀၁၀နှစ်ဆန်းပိုင်းတွင် အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံထားရာမှ ၂၀၁၁ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

The Voice weekly

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: