လုံခြုံရေးအခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင်ကြသူများအား မန္တလေးမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့်ဗန်းမော်အသင်းမှသွားရောက်လှူဒါန်း


ကချင်ပြည်နယ်အတွင်းနယ်မြေ မငြိမ်သက်မှုများကြောင့် ရွှေ့ပြောင်း နေထိုင်ရသူများအား မန္တလေးမြို့ အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ စိမ်းရောင်စို  Activies ၊ ဗန်းမော်အသင်း(မန္တလေး) နှင့် မန္တလေးမြို့မှ အလှူရှင်များက ကျပ်သိန်း ၂၁၀ ကျော်ဖိုးသွားရောက် ကူညီလှူဒါန်းခဲ့ကြောင်းသိရှိရသည်။

”ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းနဲ့ ကူညီကယ်ဆယ် ရေးစခန်းထဲတွေအတွက် မန္တလေးက စိမ်းရောင်စို Actives ၊ ဗန်းမော် အသင်း(မန္တလေး)နဲ့ မန္တလေးမြို့က အလှူရှင်တွေရဲ့ ထည့်ဝင်မှုနဲ့ သွား ရောက်လှူဒါန်းခဲ့ပါတယ်။ ဆန်၊ ဆီ၊ ကုလားပဲ၊ အားလူးနဲ့ ဆေးဝါးတွေကို လှူဒါန်းခဲ့တယ်။ ဒီလိုလှူဒါန်းရာမှာ အကုန်အကျသက်သာအောင် ကျွန်တော်တို့ဆီက တစ်ယောက်၊ ဗန်းမော်အသင်း (မန္တလေး)က သုံးယောက်ပဲ သွားရောက်ခဲ့တာပါ။ မန္တလေးက သီးခြားအလှူရှင်တွေရဲ့လှူဒါန်းမှုတွေလည်း ပါပါတယ်”ဟု စိမ်းရောင်စို Activies မှ ဦးမောင်မောင်ဦးက ပြောသည်။

ယင်းသို့သွားရောက်လှူဒန်းခဲ့ သည့်နေရာများမှာ ဗန်းမော်မြို့ နယ်အတွင်းရှိ ဂရုဏာဗန်းမော် နှစ် ၂၀၀၀၊ ရောဘတ်၊ ထွယ်ဆမ်၊ လီဆူးသာသနာ ဘုရားကျောင်းများ၊ ရိုးကြီး ရွာမဘုန်းကြီးကျောင်း၊ HIV ဝေဒနာရှင်များ ထားရှိသော Good Friend ကယ်ဆယ်ရေးစခန်းနှင့် မိုးမောက်မြို့နယ်အတွင်းရှိ နိသောကကျောင်းတိုက်တို့ဖြစ်ပြီး ဇန်န၀ါရီလ ၁၉၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့များက သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: