အမေရိကန်သမ္မတအိုဘားမား ပြည်ထောင်စုမိန့်ခွန်းတွင် စီးပွားရေးတရားမျတမှုရှိရေး အဓိကထားပြောကြား မြန်မာ့အရေး မျှော်လင့် ချက်သစ်ရှိလာမှုကိုလည်း ထည့်သွင်းပြောကြားခဲ့


အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် သမ္မတသက်တမ်းအတွင်း တတိယအကြိမ်မြောက်ပြည်ထောင်စုမိန့်ခွန်းကို ဇန်န၀ါရီလ ၂၄ ရက်နေ့ကပြောကြားခဲ့ပြီး ၀င်ငွေမညီမျှမှုနှင့် စီးပွားရေးတရားမျတမှုရှိရေးကို အဓိကထားပြောကြားသွားခဲ့သည်။

မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပြီး မြန်မာ့အရေးမျှော်လင့်ချက်သစ်ဖြစ်ထွန်းလာမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

”အမေရိကဟာပစိတ်ဖိတ်ဒေသရဲ့ ပါဝါတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့သေချာစေခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့စတင်မှုအသစ်ဟာ မျှော်လင့်ချက်အသစ်ကို ထွန်းညှိပေးခဲ့ပါ တယ်”ဟု အိုဘားမားက ရုပ်သံမှတိုက် ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် အိုဘားမားသည် ရီပတ်ဘလီကန်များ ဆန့်ကျင်နေသည့် ချမ်းသာသူများကို အခွန်ပိုကောက်ရေး အစီအစဉ်ကို ထပ်မံအလေးပေးပြောကြားခဲ့သည်။

အမေရိကန်စီးပွားရေး အားလျော့နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရှိနေချိန်တွင် အိမ်ဖြူတော်၏ မူဝါဒကိုထုတ်ဖော်သော ပြည်ထောင်စုမိန့်ခွန်းကို တစ်နာရီကျော်ကြာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ”ကျွန်တော်တို့တိုင်းပြည်အတွက် လုပ်နိုင်တာနှစ်ခုထဲက တစ်ခုရွေးရမယ်။ တစ်မျိုးက လူနည်းနည်းပဲ တစ်ကယ်ကိုကောင်းကောင်းနေရပြီး လူများစုကတော့ ဘာမှမရတာမျိုး။ နောက်တစ်မျိုးက လူတိုင်းမျှတတဲ့ အခွင့်အရေး၊ မျှတတဲ့ဝေစုရမဲ့ တူညီတဲ့စည်းမျဉ်းစည်းကမ်းနဲ့ ကစားရမဲ့ စီးပွားရေးတစ်ခုကို ပြန်အသက်သွင်းဖို့ပဲ”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အိုဘားမားက အမေရိကန်အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ၀ါရင်းဘတ်ဖတ်ပြောကြားခဲ့ခြင်းကြောင့် ဘတ်ဖတ်စည်းမျဉ်းဟု ထင်ရှားသည့် အယူအဆကိုလည်း ထောက်ခံပြောကြားသွားခဲ့သည်။ အခွန်စနစ်ကြောင့် သူ့အတွင်းရေးမှူးမှာ သူ့ထက်အခွန် ပိုဆောင်နေရခြင်းကို ရည်ညွှန်းပြီး အခွန်စနစ်ကို ပြင်ဆင်သင့်ကြောင်း ပြောခဲ့သည့် အယူအဆဖြစ်သည်။ တစ်နှစ် ဒေါ်လာတစ်သန်းထက်ပိုရသူများသည် အခွန် ၃၀ ရာခိုင်နှုန်းထက် မနည်း ပေးဆောင်သင့်သည်ဆိုသော ယင်းအယူအဆကို အိုဘားမားက ထောက်ခံပြောကြားခဲ့ပြီး တစ်နှစ်ဒေါ်လာ ၂၅၀၀၀၀ အောက်ရသူများကိုမူ အခွန်တိုးကောက်မည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။ ”ခင်ဗျားတို့ ဒါကို လူတန်းစား တိုက်ပွဲဆိုတဲ့ တံဆိပ်ကပ်ချင်ကပ်လို့ ရတယ်။ ဒါပေမဲ့ ဘီလျံနာတစ်ယောက်ကို သူ့အတွင်းရေးမှူးထက် အခွန်လျော့ယူရမလား။  သာမန်စဉ်းစားဥာဏ်ရှိတဲ့ အမေရိကန်သားအများစုကတောင် နားလည်နိုင်ပါတယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

ရီပတ်ဘလီကန်တို့ကမူ ချမ်းသာသူများကို အခွန်တိုးကောက်မည့် အိုဘားမား၏ မူဝါဒကိုဆန့်ကျင်ထားပြီး ပြန်အရွေးခံရရေးအတွက် လူတန်းစား တိုက်ပွဲဆင်နွှဲနေခြင်းဟု ဝေဖန်ထားသည်။ အိုဘားမားမိန့်ခွန်းပြောအပြီးတွင် ရီပတ်ဘလီကန်ဘက်မှ တုံ့ပြန်မှုအဖြစ် အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး မစ်ခ်ျဒန်နီရယ်လ်က အိုဘားမားမိန့်ခွန်းသည် မွဲတေမှုကိုလိုလားသည့် သဘောထားကိုပြသသည့် မိန့်ခွန်းဟု ဝေဖန်သွားခဲ့သည်။
အစောပိုင်းကလည်း ရေပန်းအစားဆုံး ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေသည် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၂ သန်းဝင်ငွေရခဲ့သော်လည်း အခွန် ၁၄ ရာနှုန်းသာပေးခဲ့ရကာ အမေရိကန်နိုင်ငံသားတစ်ယောက်အ နေဖြင့် အနည်းဆုံးပေးဆောင်ရသည့် အခွန်ရာခိုင်နှုန်းဖြစ်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။

အိုဘားမား၏ စီးပွားရေးအပေါ်ကိုင်တွယ်မှုကို မနှစ်သက်ခြင်းကြောင့် ထောက်ခံမှုမှာ ၅၀ ရာခိုင်နှုန်းအောက် ရောက်နေသည်။ သို့ရာတွင် လွှတ်တော်သည် အိုဘားမားထက်ပင် လူထုထောက်ခံမှုနည်းနေပြီး ရီပတ်ဘလီကန်တို့နှင့် ဒီမိုကရက်တို့ ညှိနှိုင်းမရနိုင်ခြင်းအတွက် ရီပတ်ဘလီကန်ဘက်ကို အပြစ်တင်မှုပိုများနေသည်ဟု စစ်တမ်းများက ဆိုသည်။

Ref:BBC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: