မူနဲ့လူ


မူနဲ့လူကို ထပ်မပြောခင်မှာ အရင်ဆုံး ကျွန်တော်တို့ မူတွေကို ကဏ္ဍခွဲပြီး လေ့လာကြည့်ကြ ရအောင်။ မူတွေကို အဓိကအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ဘာသာရေးတွေ မှာ သေချာ လေ့လာနိုင်ပါတယ်။

နိုင်ငံရေး

နိုင်ငံရေးမှာ မူတွေကို ခွဲခြားကြည့်လျှင် ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဒီမိုကရေစီ၊ စည်းမျဉ်းခံ ဘုရင်စနစ်၊ ဆိုရှယ်ဒီမိုကရက်တစ် အစရှိသည်ဖြင့် များစွာရှိကြပါတယ်။ မူတိုင်းမှာ အားသာချက် အားနည်းချက်တွေရှိကြပါတယ်။ ကမ္ဘာမှာ အားနည်းချက်မရှိတဲ့၊ ပြီးပြည့်စုံတဲ့ မူဝါဒ မရှိပါဘူး။ ပြည်သူကို ကောင်းကျိုး ဘယ်လောက်အထိ ပေးလည်းဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာလို့ရပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့  ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ မူဝါဒကို ရွေး ချယ်ရမှာပါ။

စီးပွာရေး

စီးပွားရေးမူဝါဒတွေဟာ နိုင်ငံရေးထက်ပိုပြီး အပြောင်းအလဲမြန်ပါတယ်။ ကမ္ဘာမှာ ဆယ်စု နှစ်တစ်ခုကို မူဝါဒ တစ်ခု အနည်းဆုံး ပြောင်းလဲနေပါ တယ်။ များစွာသော စီးပွားရေး မူဝါဒ သီအိုရီတွေထဲကမှ မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ ကိုက်ညီတဲ့ မူဝါဒကို လက်ခံကျင့်သုံးမှ တိုင်းပြည်တစ်ခု အောင်မြင်နိုင် မှာပါ။

စစ်ရေး

စစ်ရေးတွင် မူကတော်တော်ကြီးကို အရေးပါလှပါသည်။ တိုက်ပွဲတပွဲချင်းစီအတွက် နည်းဗျူဟာ၊ မဟာဗျူဟာမြောက် မူဝါဒတွေ သီအိုရီတွေ အရေးကြီးပါသည်။ မိမိထက် စစ်ရေး၊ လူအင်အား၊ အစစ အရာရာ သာသည့် ရန်သူကို အနိုင်ယူဖို့အတွက် စစ်ရေး မဟာဗျူဟာသည် အရေးကြီးလှပါသည်။ စစ်ရေးမူဝါဒသည် စီးပွားရေး၊ နိုင်ငံရေးတို့ထက် အချိန်တိုအတွင်း အရှုံးအနိုင်ကို ညွှန်ပြသည်။

နိုင်ငံရေး၊ စီးပွားရေးတို့တွင် မူကော၊ လူကော ကောင်းပါက  အောင်မြင်သင့်သလောက် အောင်မြင်ကြသော်လည်း စစ်ရးတွင် မအောင်မြင်နိုင်ပါ။ စစ်ရေးတွင် မူ၊ လူ နှင့် အခြေအနေ၊ အချိန်အခါဆိုသည့် အချက်ကြီး ၃ ချက် ညီဖို့ အရေးအကြီးဆုံးဖြစ်သည်။ မူကော လူကော ကောင်းမွန်ပြီး  အခြေအနေ အချိန်အခါမဟုတ်ပါက ကျရှုံးသွားကြသည်။ အထင်ရှားဆုံးမှာ ၀ါတာလူးစစ်ပွဲ၊ စတာလင်ဂရက်စစ်ပွဲနဲ့ ရန်ကပူးလ်စစ်ပွဲ(အာရပ် အစ္စရေး စတုထ္ထစစ်)တို့တွင် တွေ့ နိုင်သည်။

ဝါတာလူးစစ်ပွဲ

ဝါတာလူးစစ်ပွဲတွင် နပိုလီယံသည် အင်္ဂလိပ်တပ်များ ပရပ်ရှားတပ်များ၊ မဟာမိတ် တပ်များမဆုံခင် အပြင်းချီတက်တိုက်ခိုက်ခဲ့သည်။ နပိုလီယံ၏ စစ်ရေးဗျူဟာ အလွန်ကောင်းမွန်ခဲ့သည်။ ဗိုလ်ချုပ်ဝယ်လင်တန်အနေနဲ့လည်း မိမိထက် အရည်အချင်း စစ်အင်အားသာသည့် နပိုလီယံ၏ တိုက်စစ်ကို ခုခံနိုင်ရန် စစ်မြေပြင်(Battlefield ) ကို အကောင်းဆုံးရွေးချယ်ကာ ၀ါတာလူးသို့ စစ်ဆုတ်ကာရင်ဆိုင်ခဲ့သည်။ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် နပိုလီယံ၏ စစ်တပ်သည် ၀ါတာလူးသို့ရောက်ဖို့ ရွှံ့ တောကြီးကို ဖြတ် သန်းခဲ့ရသည့်အတွက် ခရီးပန်း၊ လူပန်းဖြစ်ကာ နပိုလီယံ စစ်ရှုံးခဲ့ရသည်။ နပိုလီယံသည် ခရိးပန်းနေသည်ကိုမကြည့်တော့ဘဲ မဟာမိတ်တပ်များ မပေါင်းမိခင် ဗိုလ်ချုပ်ဝယ်လင်တန်၏ တပ်ကို အတင်း ၀င်ရောက်တိုက်ခိုက်ရာ ခရီးပန်းသည့်အတွက်ကြောင့် လည်ကောင်း၊ ဗိုလ်ချုပ်ဝယ်လင်တန်း၏တပ်က အသေခံ ခုခံတိုက်ခိုက်သည်က တစ်ကြောင်း ဗိုလ်ချုပ်ဝယ်လင်တန်း၏ တန်ပြန်ထိုးစစ်ဗျူဟာကြောင့် လည်ကောင်း နပိုလီယံစစ်ရှုံးခဲ့ရသည်။ ၀ါးတာလူး စစ်ပွဲတွင် နပိုလီယံသည် ၀ယ်လင်တန် ထက် အရည်အချင်းသာသည်၊ စစ်အင်အားတွင်လည်း နပိုလီယံ၏ ပြင်သစ်စစ်တပ်သည် ၀ယ်လင်တန်၏ စစ်တပ်ထက်သာသည် သို့သော် ကံတရား၊ စစ်မြေပြင်အခြေအနေ၊ အချိန်အခါ တွင်တော့ ၀ယ်လင်တန်က အသာအစီးရ ခဲ့သည့်အတွက် နပိုလီယံ စစ်ရှုံးခဲ့ရခြင်းဖြစ်သည်။  ၀ယ်လင်တန်သည် မိမိ၏ အားနည်းချက်ကို ရာသီဥတုဖြင့်အကာအကွယ် ယူကာ  နိုင်အောင် တိုက်ခိုက်ခဲ့လေသည်။ (အကျယ်ကို ၀ါတာလူး စစ်ပွဲတွင် လေ့လာနိုင်ပါသည်)

စတာလင်ဂရက်စစ်ပွဲ

ဒုတိယကမ္ဘာစစ်တွင် ဂျာမနီတပ်သည် ရုရှားနိုင်ငံသို့ စစ်မကြေငြာဘဲ အငိုက်ဖမ်းကာ ထိုးစစ်ဆင်ခဲ့သည်။ ရုရှားသမ္မတ စတာလင်သည် ဂျာမာန်တို့၏ ထိုးစစ်ဆင်မည်ကို သိသည့်အတွက် အကောင်းဆုံးတပ်တွေကို  ဆုတ်ကာ ခံစစ်ပြင်ခဲ့သည်။  ဂျာမန်တို့သည် ၁၉၄၁ ဂျွန်လ ၂၂ ရက် (22 June 1941) နေ့တွင် Operation Barbarossa စစ်ဆင်ရေးဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ စတာလင်ဂရက်သို့ စစ်ကြောင်းတစ်ကြောင်း၊ လီနင်ဂရက်(အခုအခါ စိန့်ပီတာစဘက်ဟုခေါ်သည်)သို့ စစ်ကြောင်းတစ်ကြောင်းနှင့် ယူကရိန်ဒေသသို့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းကြီး ၃ ကြောင်းဖြင့် အလျှင်အမြန် ချီတက်တိုက်ခိုက်ခဲ့သည်။ ဂျာမန်စစ်ဗိုလ်ချုပ်တို့သည် နပိုလီယံ၏ ရုရှားတိုက်ပွဲကို သေချာလေ့ လာကာ ပြင်ဆင်တိုက်ခိုက်ခဲ့ကြသည်။ ရုရှားဆောင်းရာသီ မ၀င်ခင်ပြီးအောင်တိုက်ဖို့ စီမဲကိန်းရေးစွဲကာ တိုက်ခိုက်ခဲ့ကြသည်။ စစ်ကြောင်း ၃ ကြောင်းလုံး၏ စစ်ဦးစီးချုပ်များသည် ဒေါင်ဒေါင်မြည်များဖြစ်သည်။ စစ်သားများသည်လည်း တိုက်ရေခိုက်ရေအကောင်းဆုံး တပ်များဖြစ်သည့် အတွက်  5 August 1941 တွင် ကာစ်ဒေသနှင့် လီနင်ဂရက်အထိ ရောက်ရှိအောင် တိုက်ခိုက် နိုင်ခဲ့သည်။ စတာလင်ဂရက်စစ်ကြောင်းတွင် ဂျာမန်တို့၏ နာမည်ကျော် စစ်သူကြီးဗွန်မက်စတန် Erich von Manstein (နောင် စစ်သေနာပတိချုပ်ဖြစ်လာသူ) ကိုတိုင် ဦးဆောင်ကာ တိုက်ခိုက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ကမ္ဘာတွင် ချိုးဖျက်လို့မရဟု နာမည်ကြီးသည့် စီဗာစတိုပိုလ်ခံစစ် (Sevastopol) ကို အံသြသင့်ဖွယ် ချိုးဖျက်ကာ စတာလင်ဂရက်အထိ အပြင်းချီတက်ခဲ့သည်။ စီဗာစတိုပိုတိုက်ပွဲတွင် ဂျာမန်တို့သည် မိမထက် အင်အားကြီးမားသော ရုရှားတပ်နီကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရုရှားတို့၏ ခံစစ်စည်းကို ကျော်ဖြတ်ကာ စတာလင်ဂရက်နှင့် ကော့စ်ဒေသတို့အထိ ဆက်လက်ချီတက် သိမ်းပိုက်ရန် ချီတက်ခဲ့သည်။ သို့သော် အဆိုပါချီတက်နေစဉ် မိုးများအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် နှောင်းနှေးကာ ဆောင်းတွင်းသို့ ၀င်ရောက် သွားသည့်အတွက် စတာလင်ဂရက်၊ လီနင်ဂရက်နှင့် ကောစ့်ဒေသတို့ကို ၀ိုင်းရံထားခဲ့ရသည်။  ရုရှားဆောင်း၏ ရာသီဥတုဆိုးရွာမှုကြောင့် ဂျာမန်တို့ သည် ထိုးစစ်အကုန် ရပ်တန့်ခဲ့ရသည်။ နွေဦးရောက်မှ ထိုးစစ်စတင်နိုင်ရန်အတွက် အချိန်စောင့်ခဲ့ရသဖြင့် ရုရှားတို့က စစ်မျက်နှာအသီးသီးတွင် အားဖြည့်နိုင်ရန် အချိန်ရလိုက်သည့်အတွက် ဂျာမန်တို့စစ်ရှုံးခဲ့ရသည်။ ထိုစစ်ပွဲတစ်ခုလုံးတွင် ရာသီဥတုဆိုးရွာမှုသာမဖြစ်ခဲ့လျှင် ဂျာမန်တို့ မော်စကို အထိ သိမ်းပိုက်နိုင်မည်မှာ မလွဲပါ။ ဘာဘာရိုဆာ စစ်ဆင်ရေးမအောင်မြင်ရခြင်းမှာ ဂျာမန်စစ်ခေါင်းဆောင်တို့၏ အရည်အသွေး ညံဖျင်းမှု ကြောင့် မဟုတ်ဘဲ ရာသီဥတု၊ ပတ်ဝန်ကျင် အခြေအနေကြောင့် မအောင်မြင် ခဲ့ရခြင်းဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: