မှတ်တမ်းမတင် သမိုင်းဝင်မောင်နှမ


”အဓိကကတော့ လူငယ်တွေ ကို စာများများဖတ်ပြီး အသိပညာ ဗဟုသုတပြည့်ဝစေချင်လို့ပါ။ ပညာ ဘယ်လောက် တတ်တတ် စာအုပ် စာပေကမှ သူတို့ရဲ့ ဥာဏ်ပညာကို ပိုပြီး ပွင့်လန်းစေတာ။ ဒါကြောင့် ဒီမြေကွက်ကိုလှူတာ” ဟု ကရင်တိုင်းရင်းသား ဦးမန်းထွန်းလှပွား က ကျေးရွာစာကြည့် တိုက် ဖြစ်မြောက်ရေးအတွက် သူပိုင်မြေကွက် လှူရ   ခြင်းရည်ရွယ်ချက်ကို ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာနေသူ ဦးမန်းထွန်းလှပွားသည် ကရင်တိုင်းရင်းသူတိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွား ခဲ့ပြီး ငယ်စဉ်ကတည်းကပင် ရိုးရာတောင်သူအလုပ်လုပ် ကိုင်ခဲ့သည်။ မိသားစုအရင်းဆို၍ တစ်အူထုံ့ဆင်း ညီမတစ်ဦးသာရှိပြီး ယနေ့အချိန်ထိ လူပျိုကြီး အပျိုကြီး အဖြစ် ရိုးရှင်းစွာ ဖြတ်သန်းနေသည်။ တစ်ကိုယ်ရည်ဘဝများကို ရပ်ရွာလူထုပရဟိတအတွက် မြှုပ်နှံထားသည်။

တစ်ချိန်တွင် ကမာပါကျေးရွာ လူထုအကျိုးရှေးရှု ဆောင်ရွက်နိုင်ရမည်ဟူသော အတွေးက မောင်နှမနှစ်ဦး၏စိတ်ကို နိုးကြားစေခဲ့သည်။ ၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်က တိုက်ခတ်ခဲ့သော ကြမ္မာဆိုးနာဂစ် မုန်တိုင်းကြောင့် သူတို့၏ မျှော်လင့်ချက်ကို ဝေဝါးစေခဲ့သည်။ သို့သော် ဇွဲမလျှော့ခဲ့။   မောင်နှမနှစ်ဦးသာရှိ သော အိမ်ထောင်စုတွင် လယ်ယာ စိုက်ပျိုးရေးအလုပ် လုပ်ကိုင်ရင်း ဈေးရောင်းသည်။ ဖြစ်ချင်သော ဆန္ဒတစ်ခုကို ဖုံးကွယ်မြိုသိပ်ထား ခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မောင်နှမနှစ်ဦး အနှစ်နှစ်အလလမျှော်လင့်ခဲ့သော မျှော်လင့် ချက်တစ်ခု အထမြောက် အောင်မြင်ခဲ့သည်။ အခြားမဟုတ်။ ကမာပါ ကျေးရွာလေး၏ မျှော်လင့်ချက်။ ကျေးရွာနေ ကရင်တိုင်းရင်းသားတို့၏ အလင်းရောင်။ ဦးမန်းထွန်းလှပွား နှင့် ညီမဒေါ်ထွေး တို့၏ စိတ်ကူး စတင်အကောင် အထည်ပေါ်သော နေ့။ သုတဘဏ်စာကြည့်တိုက်။

ဦးမန်းထွန်းလှပွားနှင့် ညီမ ဒေါ်ထွေးတို့သည် ရိုးသားသော တိုင်းရင်းသား မိဘနှစ်ပါးမှ ဆင်းသက်လာသည့်နည်းတူ လယ်လုပ် ဈေးရောင်းအလုပ် သာ သူတို့ကျွမ်း ကျင်သည်။ ထို့အတွက် စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ၁၆ သိန်းတန် ပေ ၄ဝ ပတ်လည်မြေ ကွက်တစ်ကွက် လှူဒါန်း ခဲ့သော်လည်း စာကြည့်တိုက်အုတ်မြစ်ချသူအဖြစ်လည်း မှတ်တမ်းမဝင်။ စာ ကြည့်တိုက်ကော်မတီ၌လည်း သူတို့မပါ။ တစ်ခုပဲရှိသည်။ မမြင်ရ သော သူတို့ စေတနာတွေက စာ ကြည့်တိုက်ထဲက စာအုပ်များ၊ စာများထက်ပင် ပိုနေလိမ့်မည်။

သေချာသည်။ သိန်း ၅ဝ ခန့် ကုန်ကျသော စာကြည့်တိုက်အတွက် နိုင်ငံတော်၏ ထောက်ပံ့ငွေ ကျပ် ၁ဝ သိန်း အပါအဝင် နီးစပ်ရာ ဆွေမျိုးမိတ် သင်္ဂဟကို အကူအညီ တောင်းသည်။ ဒါတွေသည် ဦးမန်းထွန်းလှပွားနှင့် ညီမ ဒေါ်ထွေးတို့၏ ကြိုးပမ်းမှု။ အထူးသဖြင့် စာပေအထုံ ဝါသနာ နည်းသော ကရင်တိုင်းရင်းသား ကမာပါ ရွာသူ ရွာသားတို့အတွက် မောင်နှမနှစ်ဦး၏ စေတနာ။

”မြေနေရာကို စာချုပ်နဲ့အပြီး လှူလိုက်တယ်။ အဆောက်အအုံ ဆောက်ဖို့လိုတယ်ပြောတော့လည်း နီးစပ်ရာ ဆွေမျိုးတွေဆီက အလှူ ထပ်ခံပေး လိုက်တယ်။ နောက် မီးရဖို့၊ စာကြည့်တိုက် စာလာဖတ်တဲ့သူ တွေ တီဗီကြည့်ချင် ကြည့်လို့ရ အောင်လို့ တီဗီတစ်လုံးပါ ထပ်ထည့် လှူထားတယ်။ တစ်ဖက်တစ်လမ်း က ဗဟုသုတ တိုးအောင်လို့ပါ” ဟု ဒေါ်ညိုက ကရင်တိုင်းရင်းသားသံ ဝဲဝဲဖြင့် စာကြည့်တိုက်သို့ ငွေနှင့် စာအုပ်စာစောင်များ လာရောက်လှူ ဒါန်းသည့် မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းနှင့်အတူ ပါလာသည့် မီဒီယာများက မေးမြန်းသမျှ ကို ပြန်လည်ပြောပြသည်။

ထို့ထက်မကဘဲ စာကြည့် တိုက်စာဖတ်လာရောက်သူကျောင်း သားကျောင်းသူများအား အင်္ဂလိပ် စာဂရမ်မာပိုင်နိုင်ကျွမ်းကျင်ရန် စာ ပြပေးဖို့ စီစဉ် ထားသည်။ ဒါတွေ အားလုံးသည် စာကြည့်တိုက်တွင် ကမ္ဗည်းတင်မထားသော ဦးမန်း ထွန်းလှပွားနှင့် ညီမဒေါ်ထွေးတို့၏ ထပ်ဆင့်စေတနာများပင်။
”ဒီမှာ ကလေးတွေကို အင်္ဂလိပ်စာ ဂရမ်မာ ကျွမ်းကျင် အောင် ဆရာတစ်ယောက် ခေါ် ပေးထားတယ်။ သူကလည်း အခမဲ့ လာသင်ပေးတယ်။ သူက အင်္ဂလိပ်စာ ဆရာမြောင်းမြဗဆွေ ပါ”ဟု အသက် ၅ဝ ဝန်းကျင်ရှိ ဒေါ်ထွေးက ရှင်းပြသည်။

ဦးမန်းထွန်းလှပွားနှင့် ညီမ ဒေါ်ထွေးတို့၏ မျှော်လင့်ချက်တို့ ပြည့်မြောက်ခဲ့သည်။ သူတို့ချစ် သော ကမာပါရွာကလေးနှင့် ကရင် တိုင်းရင်းသားတို့၏ ဘဝမျှော်လင့် ချက်အကောင်အထည်ပေါ်ခဲ့ပြီဖြစ် သည်။ လူတိုင်း၏ အမြင်တွင် မှတ်တမ်းမတင်သော်လည်း သမိုင်းဝင် စိတ်ကူးနှင့် မောင်နှမနှစ်ဦး ဘဝက လန်းဆန်းတက်ကြွ လို့နေသည်။

မိုးမြင့်မြတ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: