မြန်မာ့လေကြောင်းမှ မော်လမြိုင်၊ ထားဝယ် စသည့် မြို့များကို ဗဟိုပြုကာ ထိုင်းနိုင်ငံနယ်စပ်မြို့များသို့ ပြေးဆွဲရန်စီစဉ်


မြန်မာ့လေကြောင်းလိုင်းမှ မော်လမြိုင်၊ ထားဝယ်စသည့် မြို့များကို ဗဟိုပြုကာ ထိုင်းနိုင်ငံရှိ နယ်စပ်မြို့များသို့ ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့စီစဉ်ရခြင်းမှာ မော်လမြိုင်၊ ထားဝယ်စသည့်မြို့များမှ မြ၀တီ(မဲဆောက်)၊ ဘန်ကောက် စသည့်မြို့များသို့ ကူးသန်းရောင်းဝယ်လျက် ရှိသည့် ကုန်သည်များ နှင့် ခရီးသည်များ နေ့စဉ်ရှိနေသည် ကို သိရှိရသည့်အတွက် ယင်းသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်ရာတွင် မော်လမြိုင်၊ ထားဝယ်စသည့် မြို့များမှ ဘန်ကောက်၊ မဲဆောက်၊ ဟွာဟင်း စသည့်မြို့များသို့ ပြေး ဆွဲရန် ကနဦးလျာထားပြီး ယင်းမြို့များမှ ဒေသခံများအား စစ်တမ်းကောက်ယူမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

“မော်လမြိုင်၊ ထားဝယ်စတဲ့ မြို့တွေကနေ ဘန်ကောက်၊ မဲဆောက်လို မြို့တွေကို ကုန်သည်တွေ သွားလာမှုရှိတယ်ဆိုတာ သိရတယ်။ တခြား ကိစ္စနဲ့သွားတဲ့ ခရီးသည်တွေလည်း ရှိတာကြောင့် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာတော့ ခရီးသည် အခြေ အနေ ကို သိရဖို့ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ပြီးပါပြီ”ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

“ကျွန်တော်က မော်လမြိုင်မြို့ကနေပြီး ဘန်ကောက်၊ မဲဆောက် ကို ကုန်ပစ္စည်းတွေ အရောင်းအ၀ယ် လုပ်နေကျပါ။ ကျွန်တော်တို့ မော်လမြိုင် ကနေပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့တွေကို လေကြောင်းနဲ့ သွားလာနိုင်မယ်ဆိုရင် အခုထက် အများကြီး ပိုအဆင်ပြေနိုင်မှာပါ” ဟု မော်လမြိုင်မြို့မှ ဒေသ ခံတစ်ဦးက ပြောပြခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: