အိန္ဒိယ အခြေပြု ANC ဥက္ကဌ ဘင်္ဂလာဒေခ်ျ့တွင် ညီညွှတ်ရေး စကားဝိုင်း ပြုလုပ်


ထွန်းထွန်း
———-
အိန္ဒိယနိုင်ငံတွင်အခြေပြုသော ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)မှ ဥက္ကဌဖြစ်သူ အသျှင်အရိယ၀ံသသည် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ရောက်ရှိ လာပြီး နိုင်ငံရေး သမားများ၊ ပြည်သူများနှင့်တွေ့ဆုံကာ အမျိုးသားညီညွှတ်ရေး ဆွေးနွေပွဲစကားဝိုင်းတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အမျိုးသား ညီညွှတ်ရေး စကားဝိုင်း ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ တောကျောင်း၌ ဖေဖေါ်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ရာ လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ANC ဥက္ကဌ ဆရာတော် အသျှင် အရိယ၀ံသက အမျိုးသားညီညွှတ်ရေးစကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။

“အမျိုးသားညီညွတ်ရေး စကားဝိုင်းကို ဘာကြောင့် ပြုလုပ်ရသလဲဆိုတော့ ရခိုင်လူမျိုးအတွက် အမျိုးသားညီညွတ်ရေးဟာ ဒီကနေ့ နောက်ဆုံးဖြစ်   ပေါ်နေတဲ့ အခြေအနေအရရော၊ အရင်အချိန်ကပါ အစဉ်သဖြင့် တောင်းဆိုနေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အရာတခုဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့စကား ၀ိုင်းကို အမျိုးသား ညီညွှတ်ရေး စကားဝိုင်းလို့ နာမည်တပ်ကာ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အခမ်းအနားတွင် သာဘာပတိအဖြစ် ဟာရ်ဘင်း ဆရာတော်ကြီး ဦးရာဇိန္ဒ၊ ဆရာတော် ဦးအရိယ၀ံသ တို့မှထမ်းဆောင် ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဦးပေါ်လင်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယခု စကားဝိုင်းမှ အမျိုးသားရေးအတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း အသျှင် အရိယံဝသက ပြောသည်။

” ဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ ရဟန်း သင်္ဃာတွေနဲ့ အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ်များ အကြားမှာ အချင်းချင်း အမြင်ချင်း ဖလှယ်ခြင်း အားဖြင့် တစ်ဦးနဲ့ တစ်ဦး အကြားမှာ နားလည်မှု၊ ယုံကြည်မူတွေကို တည်ဆောက်နိုင်တဲ့ အပြင် ရှေ့လုပ်ငန်းတွေ အတွက် လမ်းစတွေ၊ ညီညတ်ရေး အတွက် မျှော်မှန်းချက်တွေ၊ အတွေးအခေါ် တွေကအစ ရရှိပါတယ်။ ဒီစကားစကားဝိုင်းက ပြောဆို ဆွေးနွေးကြတာဟာ ANC ရဲ့ ရှေးလုပ်ငန်း လမ်း စဉ် အတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

စကားဝိုင်းအတွင်း တက်ရောက်လာသော နိုင်ငံရေးပါတီမှ တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ် အသီးသီးတို့မှလည်း အမျိုးသားညီညွတ်ရေး ကိုရှေ့ရှုသော အမြင်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်အမျိုးသား ကောင်စီ (အေအန်စီ) မှာ ယခုအခါ အသျှင် အရိယ၀ံသ ဦးဆောင်သော အေအအန်စီနှင် ဦးသီဟ ဦးဆောင်သော အေအန်စီ ဟု နှစ်ခု ကွဲနေသဖြင့် နိုင်ငံရေး အရ ဘေးကျပ် နံကျပ် ဖြစ်ကာ နိုင်ငံရေး အရ ရှေ့သို့ မတက်လှမ်းနိုင်သည့် အပြင် လူထု ထောက်ခံမူကိုလည်း မရရှိ ဘဲ ဖြစ်နေကြောင်း သိရသည်။

အေအန်စီ နှစ်ခု ဖြစ်နေသဖြင့် ရှေ့တွင် အေအန်စီကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ အသျှင်အရိယ၀ံသက ခုလို ဆက်ပြောသည်။

” အေအန်စီတခုတည်း ဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ပေါင်းစည်းမှုရအောင်အတွက်လည်း ဆောင်ရွက်နေပါတယ်။ ဦးပဉ္ဖင်း အခု ဘင်္ဂလားဒေ့ခ်ျ ကပြီးရင် ထိုင်းကိုသွားမှာပါ။ မကြာခင် ပေါင်းစည်းမှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ဆက်လက်မိန့် ကြားသည်။

ANC မှပြုလုပ်သော အမျိုးသားညီညွတ်ရေးစကားဝိုင်းအပေါ် AASYC မှ အတွင်းရေးမှူး(၂)ကိုကံမြင့်က သူ့အမြင်ကို နိရဉ္စရာသို့ယခုလိုပြော သည်။

“ကျနော့်အမြင်တော့ ANC ကစကားဝိုင်းလုပ်နည်းလုပ်ဟန်ထက် ဘယ်သူတွေနဲ့အကွဲအပြေးဖြစ်နေတယ်။ ဘယ်သူတွေနဲ့ ဆွေးနွေးသင့်တယ် ဆိုတဲ့ အပေါ်မှာအဓိကထားပြီး အမျိုးသားညီညွတ်ရေး အတွက်လုပ်သင့်ပါတယ်။ ပြီးရင်ကွဲပြေးနေတဲ့ ပါတီက   ခေါင်းဆောင်တွေကို ဖြစ်အောင်ခေါ် ရပါမယ်။ သူတို့မပါတဲ့ လူထုစကားဝိုင်းဟာ အမျိုးသားညီညွတ်ရေးကိုဦးတည်တယ်လို့ မမြင်ဘူး။ ခုလုပ်တဲ့စကားဝိုင်းက Propaganda တခုအဆင့်   လောက်လုပ်တယ်လို့ပဲမြင်ပါတယ်“ ဟုပြောသည်။

အခမ်းအနားကို နေ့လည် ၂နာရီမှ စတင်ကာ ညနေ၆နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံရေး ပါတီများ ဖြစ်ကြသော ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ၊ ရခိုင်ပြည် လွတ်လပ်ရေး အင်အားစု၊ ရခိုင်အမျိုးသမီး အစည်းအရုံး၊ အေအန်စီ၊ သာသနာဦးသျှောင်အဖွဲ့များမှ ရဟန်းတော် များနှင့် ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးမှုစကားဝိုင်းအတွင်း တစုံတရာဆုံးဖြတ်ချက်များမချမှတ်နိုင်ခဲ့သော်လည်း ANCနှစ်ခုပေါင်းစည်းရေးအတွက် အမျိုးသားညီညွတ်ရေးကော် မတီ တစ်ရပ်ဖွဲ့ကာ ပြည်သူများပါ တက်ရောက်နိုင်သော ကျယ်ပြန့်သောညီလာခံတစ်ခုခေါ်၍ ဆောင်ရွက်သွားရန် အကြမ်းအားဖြင့် တက်   ရောက် လာသူများမှ သဘောတူ ခဲ့ကြသည် ဟုသိရသည်။

Narinjara သတင်းဌာနမှ ဖေါ်ပြသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: