နိုင်ငံတော်တည်ငြိမ်ရေးအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုတည်ဆောက်ရေးသည် အရင်းခံအကျဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများပြောကြား


နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင်လည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေး သည် အရင်းခံအကျဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများက (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၈၈မျိုးဆက်   ကျောင်းသားများ၏ သ၀ဏ်လွှာ တွင်အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရာတွင် လက်ရုံးရည်ထက် နှလုံးရည်ဖြင့်ဆွေးနွေး ညှိနှိုင်းမှုကို မြှင့်တင်ကြိုးပမ်းသင့်သည်ဟု ယုံကြည် သည်။ တိုင်းရင်းသား တန်းတူညီမျှရေး အခြေ ခံဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေ ဖြင့် အခြေခံ အကျ ဆုံး သဘောတူညီမှုများကို ရှာဖွေဖော်ထုတ်ရာမှတစ်ဆင့် ပြီးပြည့်စုံသော နိုင်ငံရေးဆွေးနွေး ပွဲများအထိ အရှိန်မြှင့်ကြိုးပမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်”ဟုလည်း သ၀ဏ်လွှာ တွင် ၈၈ မျိုးဆက်ကျောင်းသားများက ပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများက

”ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်လျှင် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိ ယမြန်မာနိုင်ငံတော်အထိ နိုင်ငံတော်စုစည်း တည်ဆောက်မှု အဆက်ဆက်သည် လက်ရုံးရည် အခြေပြုတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ရှုမြင် သုံးသပ် သည်။  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်သည် စတုတ္ထမြန်မာ   နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည်။  စတုတ္ထမြန်မာနိုင်ငံတော်တည်ဆောက်ရန် တိုင်းရင်းသားများစု စည်းလုံး ညီညွတ်မှုကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ နှလုံးရည်ဖြင့်ကြိုးပမ်းခဲ့ကြသော် လည်း ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခများကြောင့် အကောင်အထည်ဖော်ခွင့်မရခဲ့ချေ”ဟု ယင်းသ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ယနေ့အချိန်အခါသည် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့် နိဒါန်းဖွင့်လှစ်ခဲ့သော ပဉ္စမမြန်မာနိုင်ငံတော် တည်ဆောက်ရေး အသွင်ကူးပြောင်းနေဆဲကာ လဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

EMG

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: