ကုလားတန်မြစ်ကြောင်းနှင့်ပတ်သက်ပြီး ချင်းအမျိုးသားပါတီက လေ့လာမှုများပြုလုပ် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေသော နည်းလမ်းများရှာရန်လိုကြောင်း ပါတီအတွင်းရေးမှူးပြောကြား


ချင်းအမျိုးသားပါတီမှဥက္ကဋ္ဌ ဦးဇိုဇမ်း၊ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိစ်ထောင်တို့ပါဝင်သော သုံးဦးသည် ဖော်ဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍  ခုနစ်ရက်တိုင်တိုင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းခရီးဖြင့် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။



ယင်းသို့လေ့လာရာတွင် စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-ပလက်ဝမြို့နယ်များမှ ဒေသခံများနှင့် တွေ့ဆုံခြင်းများပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ပလက်ဝမြို့နယ်အတွင်း ‘လယ်မြေသို့တိုင် သွားရောက်လေ့လာခဲ့ကြောင်း လည်း သိရှိပါသည်။ ယင်းသို့ လေ့လာခဲ့မှုနှင့်ပတ်သက်ပြီး အတွင်းရေးမှူးဖြစ် သူ ဆလိုင်းကျဲအိုဘိစ်ထောင်က ”ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တဲ့တစ်လျှောက်မှာ အဓိကတွေ့ရတာက ပြည်သူတွေဟာ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှအခိုင်အမာမသိကြဘူး။ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမယ်။ စီးပွားရေးလုပ်ငန်းတွေလည်း ကောင်းလာ ကောင်းကောင်းလာနိုင်တယ်လို့ ထင်ထားကြတာရှိသလို ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိနိုင်တဲ့ စီမံကိန်းကြီးအဖြစ်လည်း တွေးထင်ထားကြတယ်။ ‘ဒါကလည်း သူတို့အထင်ပါဘဲ။ ဘာကြောင့်လဲဆိုတော့ စီမံကိန်း နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ အချက်တွေဘာမှမရှိဘူး။

ဘာတွေကို ဘယ်လို လုပ်မယ်ဆိုတာကိုလည်း ပြည်သူတွေကို ချပြ ထားတာမရှိဘူးလေ။ တချို့ကတော့ မြစ်ကြောင်းတူး ဖော်ရေးကိစ္စတွေအတွက် စိုး ရိမ်နေကြတယ်။ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျွန်းတွေဟာ မြေနုကျွန်း တွေဖြစ်နေ တာကြောင့် မြစ်ကြောင်းတူးလိုက်ရင် စိုက်ပျိုးရေးလုပ်ငန်း   တွေထိခိုက်နိုင်တယ်လို့ ယူဆထားကြပြီး စိုးရိမ်နေကြတယ်။

မြေပဲစိုက်တဲ့ ကျွန်းကလည်း ဧကသောင်းဂဏန်းလောက် ရှိတယ်လေ။ ဒီလိုပျက်စီးလာရင် ဘယ်သူတွေက တာဝန်ယူမလဲ အဲဒါကိုလည်း သိချင်ကြ တယ်။

ဥပမာ-ကျောက်တော်ကနေ ပလက်ဝကိုဖောက်တဲ့ ကားလမ်းဖြတ်သွားတဲ့အထဲ လယ်ပိုင်ရှင် သုံးလေးဦးရဲ့ လယ်မြေငါးဧကလောက် ပါသွားတယ်။ အဲဒီအတွက်လည်း ဘာလျော်ကြေးမှမရဘူးလို့ ရွာသားတွေက ပြောပြတယ်”ဟု ပြောကြားခဲ့သည်။

တချို့ကျေးရွာတွေမှာဆို ရွာသားတွေနဲ့အစည်းအဝေးပုံစံနဲ့ ဆွေးနွေးခဲ့ကြတယ်။ သူတို့ရဲ့အသံတွေကို နားထောင်ခဲ့တယ်။ အဲဒီအချက်အလက်တွေကို စုပေါင်းပြီး ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိသလို၊ လိုအပ်ရင် တင်ပြတောင်းဆိုမှုတွေလည်း လုပ်သွားဖို့ရှိပါတယ်။

ထို့အပြင် စီမံကိန်းနှင့် ပတ်သက်ပြီး လေ့လာရာတွင်လည်း စိတ်ဝင်စားစရာများကိုတွေ့ရှိရကြောင်း၊ လက်ရှိကာလတွင် စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲခြား ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဆလိုင်းကျဲအို ဘိစ်ထောင်က” ESSAR ကုမ္ပဏီက နိုင်ငံခြားသား ၀န်ထမ်း တစ်ဦးကို မေးကြည့်တော့ သူတို့ဟာ ဆိပ်ကမ်းတည်ဆောက်ရေး တစ်ခုတည်းကိုပဲ လုပ်သွားဖို့ရှိတယ်။ တခြားအပိုင်းတွေကို ဘယ်သူတွေ လုပ်မယ် ဆို တာကို မသိဘူးလို့ပြောတယ်။

မြစ်ကြောင်း တူးဖော်ရေးလုပ်ငန်းတွေကို ဘယ်သူတွေလုပ်မလဲ။ ပလက်ဝကနေ အိန္ဒိယအထိကားလမ်းဖောက်ဖို့ ဘယ်သူတွေကလုပ်မလဲဆိုတာကို လည်း စိတ်ဝင်စားစရာ ဖြစ်လာတယ်။ တချို့ကျေးရွာတွေမှာဆို ရွာသားတွေနဲ့ အစည်းအဝေးပုံစံနဲ့ ဆွေးနွေးခဲ့ကြတယ်။ သူတို့ရဲ့အသံတွေကို နားထောင် ခဲ့တယ်။

အဲဒီအချက်အလက်တွေကို စုပေါင်းပြီး ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိသလို၊ လိုအပ်ရင် တင်ပြတောင်းဆိုမှုတွေလည်း လုပ်သွားဖို့ရှိပါ တယ်။

အဓိကတော့ ဒီစီမံ ကိန်းနဲ့ပတ်သက်ပြီး EIA နဲ့ SIA တွေကိုလည်း လုပ်သွားဖို့လိုအပ်နေသလို HIA ကိုလည်း ထည့်သွင်းလုပ်သွားဖို့ လိုပါတယ်။

ဒါတွေကို စနစ်တကျ စစ်တမ်းမကောက်ဘဲ မလေ့လာဘဲ လုပ်မယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။

မြစ်ကြောင်းတစ်လျှောက် နေ့စဉ်ထောင်နဲ့ချီတဲ့ တံငါသည်တွေ လုပ်ကိုင်ရှာဖွေ စားသောက်နေကြတာကို တွေ့ရတယ်။ ဒီလူတွေအတွက် ဘယ်လောက် အတိုင်းအတာထိ ထိခိုက်နိုင်သလဲဆိုတာကိုလည်း လေ့လာသင့် တယ်”ဟု လည်း ဆက်လက်ပြောကြားခဲ့ပါသည်။

”နောက်တစ်ခုက မြစ်ကြောင်းတစ်လျှောက်မှာ သောင်တွေတူးမယ်ဆိုတော့ ဘယ်လောက်ကြီးမားတဲ့ သင်္ဘောတွေသွားလာဖို့အတွက် သောင်တွေကို တူးမှာလဲ။ ဘယ်နေရာတွေမှာ တူးမှာလဲ။ သောင်တူးလိုက်ရင် ထွက်လာတဲ့မြေတွေကို ဘယ်နေရာမှာ ထားမှာလဲပေါ့။ သေချာတာကတော့ သောင်တူး မယ်ဆိုရင် ကျောက်တော်အထက်ဘက်မှာ မိုင်းခွဲစရာတွေ အများကြီးရှိတယ်။

‘ဒီလိုခွဲလိုက်ရင် ပတ်ဝန်းကျင်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လောက် ထိခိုက်သွားမလဲဆိုတာကို လေ့လာဖို့လိုတယ်။ ပြီးတော့ ပလက်ဝအထက် မှာ ကားလမ်းတွေဖောက်မယ်ဆိုရင် ဘယ်နေရာကဖြတ်မလဲပေါ့။ လယ်ကွင်းက ဖြတ်မလား။ သစ်တောကဖြတ်မလား။ သစ်တောတွေပြုန်းတီးမှုတွေကို ကာကွယ်ရမယ်။ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေတဲ့ နည်းလမ်းတွေကို ရှာဖို့လိုတယ်လို့မြင်တယ်။  အခုသွားရောက်လေ့လာချက်တွေကို ပြန်ပြီး အသေးစိတ်ဆန်းစစ်မှုတွေလုပ်မယ်။

ပညာရှင်တွေရဲ့ အကူအညီကိုလည်း ရယူသွားမယ်လေ။ ဒီရလဒ် အပေါ်တွေ့ရှိချက်တွေအပေါ် ထုတ်ပြန်ချက် တစ်စုံတစ်ရာတော့ ထုတ်ပြန်ဖို့ လိုလိမ့်မယ် လို့ ထင်ပါတယ်။

နောက်ဆုံးပြောချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကို ရှင်းလင်းပြောကြားဖို့ သင့်နေပြီလို့ ပြောချင်ပါတယ်။

အဲဒါဟာ အရေးကြီးဆုံးအချက်လို့   မြင်ပါတယ်”ဟု လည်း ဆလိုင်းကျဲအိုဘိစ်ထောင်က ပြောကြားခဲ့ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: