မလေးရှားရဲ၏ 6P စီမံချက်ဖြင့် ဖမ်းဆီးမှုကြောင့် မြန်မာ အလုပ်သမားများ တိမ်းရှောင်နေရ


ခိုင်မောင်ဦး (မလေး)
————————
မလေးရှား အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေ (6p) စီမံချက်ဖြင့် တရားမ၀င် အလုပ် လုပ်ကိုင်နေသူ မြန်မာ နိုင်ငံသားများကို လိုက်လံဖမ်းဆီးနေ မှု ကြောင့် မြန်မာအလုပ်သမားများလည်း ထွက်ပြေး တိမ်းရှောင် နေရသည်ဟု သတင်းရရှိသည်။

” 6p ဆိုတာက လုပ်ဆောင်ချက်ကို ပြောတာပါ။ မှတ်ပုံတင်ခြင်း၊ တရားဝင်အလုပ်လုပ်ခြင်း၊စုံစမ်းစစ်ဆေးခြင်း၊လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်ပေးခြင်း    ပြည်နှင်ဒဏ်ပေးခြင်း ဆိုတဲ့ အချက် ၆ ချက်နဲ့ လိုက်ဖမ်းနေတာ ဖြစ်ပါ တယ်။” ဟု ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေကော်မတီ (မလေးရှား) တာဝန်ရှိ သူ ကိုစိုးသန်းက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ မလေးရှားအစိုးရမှ လိုက်လံ ဖမ်းဆီးနေသောကြောင့် တရားမ၀င်လာရောက်လုပ်ကိုင်နေကြသော မြန်မာတိုင်းရင်းသားများမှာ အလုပ်မဆင်း ရဲဘဲ တိမ်းရှောင်နေကြရသည်ဟု သူက ပြောသည်။

” အခု မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ Register ရပြီးသူရော၊ မရရှိသူတွေရော အဖမ်းအဆီးတွေ များလွန်နေတာကြောင့် လုပ်ငန်းရှင် သူဌေးတွေကလည်း တရားဝင် အလုပ်သမားတွေ အလုပ် မခန့်တာကြောင့် အလုပ်လုပ်ဖို့ အခက်တွေ့နေရကြရသလို တရားမ၀င် လုပ်ကိုင် သူတွေကလည်း အပြင်ကို မထွက်ရဲဘဲ ပုန်းရှောင်နေကြရပါတယ်” ဟု ပြောသည်။

မလေးရှားရဲများ ဖမ်းဆီးနေသည့် အခြေအနေနှင့် ပတ်သက်ပြီး မျက်မြင်တွေ့ခဲသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

” မနေ့ကဆိုရင် ကျွန်တော်တို့ရဲ့ ARRC- ရခိုင်ဒုက္ခသည်များကယ်ဆယ်ရေး ကော်မတီ) ရုံး MAY BANK ရှေ့ လူအသွား အလာများတဲ့ နေရာဆိုရင် Immgration က အရပ်ဝတ်တွေနဲ့ လာတဲ့လူတွေကို စစ်ဆေးနေတယ်။

ဘာမှ မရှိတဲ့လူတွေကျတော့ လက်ထိပ်ခတ်ပြီး ကားပေါ်တင်သွားတယ်။ အနည်းဆုံး လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးသွားတာ တွေ့လိုက်ရပါတယ်။”

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ လိုက်လံဖမ်းဆီးရာတွင် UN ကဒ် ကိုင်ဆောင်ထားသူ၊ အလုပ် သမားကဒ် ကိုင်ဆောင်ထားသူများ ကို ပြန်လည်လွှတ်ပေးပြီး တရားဝင် လက်မှတ်မရှိသော မြန်မာနိုင်ငံသား များကို ရဲစခန်းကို ပို့ပြီး မြန်မာနိုင်ငံကို ပြန်ပို့မည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့မည့် သတင်းများ ထွက်ပေါ်နေသည့်အတွက် ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်ရန် လုပ်ဆောင်ရပုံကို ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ တာဝန်ရှိသူ ကိုစိုးသန်းက ယခုကဲ့သို့ ရှင်းပြသည်။

” မလေးမှာ အလုပ်လုပ်နေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ Register ရပြီးသူရော၊ မရရှိသူတွေပါ အဖမ်းခံရလို့ ရှိရင် ကျွန်တော်တို့ သတင်းအချက်အ လက်တွေ၊ ဘော်ဒီနံပက်တွေ၊ နေရပ်လိပ်စာတွေ ရအောင်ယူတယ်။ ရလာတဲ့ အချက်အလက်တွေကို NGO လူမှု အဖွဲ့အစည်းကို ပို့တယ်။

အဲဒီကနေတဆင့် UN ကနေ့ ဒီစာရင်း တွေ မှက်ယူပြီးတော့ ဖမ်းသွားတဲ့လူတွေကို ထုတ်တယ်။ ဒါပေမယ် သာမာန် အိုပါစီ မပာုက်ဘဲနဲ့ ရဲတွေ ဖမ်းသွား ရင်တော့ ကျွန်တော်တို့ ARRC က တိုက်ရိုက် ရဲစခန်းကို သွားပြီးထုက်တယ်။ တစ်ချို့ ထုက်လို့မရတဲ့ နေရာတွေရှိတယ်။ အဲဒီအခါကျရင် ဖမ်းသွားတဲ့ လူတွေကို သွားတွေ့တယ်။ သူတို့ဆီကနေ သတင်းအချက် အလက်တွေကိုယူပြီး UNHCR သို့ Report လုပ်ပါတယ်။”

လက်ရှိ မလေးရှားနိုင်ငံတွင် တရားဝင် လာရောက်လုပ်ကိုင်သူနှင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသူ ရခိုင် အလုပ်သမား ၃ သောင်းကျော်ရှိသော် လည်း ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီတွင် Register လုပ်ထားသူ နှစ်သောင်းကျော်သာ ရှိကြောင်းသိရသည်။

Narinjara

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: