ဟောမုဇ်ရေလက်ကြားကို အမေရိကန် စစ်သင်္ဘော အုပ်စု ဖြတ်သန်း


အင်္ဂါနေ့က ဟောမုဇ်ရေလက်ကြားကို အမေရိကန်၏ လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် အေဗရာ ဟမ်လင်ကွန်း ဦးဆောင်သော စစ်သင်္ဘော အုပ်စုတစ်ခု ဖြတ်သန်းခဲ့ကြောင်း သိရှိရသည်။

အီရန် ရေတပ်သင်္ဘောများက မလှမ်းမကမ်းမှ လိုက်လံ စောင့်ကြည့်နေသော်လည်း အမေရိကန် ရေတပ်ကြီး သည် တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရနှင့်ပင် ဟောမုဇ်ကို ကျော်ဖြတ်သွားသည်။ အမေရိကန်နှင့် အနောက်အုပ် စု နိုင်ငံများက အီရန်၏ နျူကလီးယား စီမံကိန်းများအတွက် ဖိအားပေး ကန့်ကွက်နေသည့်အပေါ်လက်တုံ့ပြန် ရန် ဟောမုဇ်ကို ပိတ်ပစ်မည်ဟု အီရန် အစိုးရက ခြိမ်းခြောက်နေချိန်တွင်ပင် ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ် မတော်ကို ပိုင်ဆိုင်သော အမေရိကန်တို့က ဟောမုဇ်ကို ကူးချည်ဖြတ်ချည် ပြုလုပ်နေခြင်းဖြစ်သည်။

ဟောမုဇ်ကို အိုမန်နှင့် အီရန်နိုင်ငံတို့က ပူးတွဲ ထိန်းသိမ်းထားသည်။ လေယာဉ်တင် သင်္ဘောကြီးပေါ်မှ အရာရှိများက အီရန်တို့၏ ထောက်လှမ်းရေး လှုပ် ရှားမှု အရိပ်အယောင် အချို့ကို တွေ့မြင်ခဲ့ရသော်လည်း မည်သည့် ပြဿနာမျှ မရှိခဲ့ဟု ပြောကြားသွားသည်။

လေယာဉ်တင်သင်္ဘောကြီးသည် ပင် လယ်ကွေ့ ဒေသအတွင်း စစ်ဆင်ရေး တာဝန်များ ပြီးဆုံးပြီးနောက် တင်းမာမှုများ မြင့်တက်နေသည့် ရေပြင်ကို ခုတ်မောင်း ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် ဟောမုဇ်အနီးတွင် ရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဟု ကြေညာထားသေးသည်။

ဟောမုဇ်သည် ကမ္ဘာ့ရေနံ စီးဆင်းသယ်ယူမှုတွင် အချက်အချာ အကျဆုံး လမ်းကြောင်းတစ်ခုဖြစ်ပြီး ယင်းနေရာကို ထိပါးလာသည့် မည်သည့်နိုင်ငံကို မဆို သည်းခံမည် မဟုတ်ကြောင်း အမေရိကန်က သတိပေးထားသည်။

Source: CBSNews

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: