ဘန်ကောက်ပေါက်ကွဲမှုအတွက် အီရန်ကို အစ္စရေးက ပြစ်တင်ပြောကြား


ဘန်ကောက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အီရန်ကို အစ္စရေးက ပြစ်တင် ပြောဆိုမှုများ ပြု လုပ်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အင်္ဂါနေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေး ကာကွယ်   ရေး ဝန်ကြီးဌာနက အီရန်နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော ဟစ်ဇဘိုလာ စစ်သွေးကြွများသည် ယင်းလုပ်ရပ် ၏ နောက်ကွယ်တွင် ရှိနေကြောင်း စွပ်စွဲလိုက်သည်။ အီဟွတ်ဘာရတ်က “တစ်ကမ္ဘာလုံးမှာ ဒေသတွင်း တည် ငြိမ်မှု ပျက်ပြားအောင် ဖောက်ခွဲရေး ပစ္စည်းတွေကို အီရန် အစိုးရက ဖြန့်ဝေနေတယ်” ဟု ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဘန်ကောက်မြို့တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုများမှာ အီရန်နှင့် ပတ်သက်မှု တစ်စုံတစ်ရာမရှိကြောင်းဖြင့် အစ္စရေး၏ စွပ်စွဲချက်ကို ငြင်းဆိုလိုက်သည်။

ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်တွင် ပေါက်ကွဲမှု (၃)ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၄)ဦး ဒဏ်ရာများ ရရှိ ခဲ့ကြောင်း ကြေညာထားသည်။ ဒဏ်ရာရသူ စာရင်းတွင် လက်ပစ်ဗုံးများ သယ်လာသည်ဟု သတင်းများက   ဖော်ပြထားသည့် ဖောက်ခွဲရေးသမား ကိုယ်တိုင်လည်း ပါဝင်နေသည်။

အိန္ဒိယနှင့် ဂျော်ဂျီယာတို့တွင်လည်း သံရုံးများကို ဦးတည်ခဲ့သည့် တိုက်ခိုက်မှုအချို့ ရှိခဲ့သော်လည်း အစ္စရေး   နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့် ရ အရာရှိ ယီဂယ်လ် ပယ်လ်မာက လတ်တလောတွင် အစ္စရေးကို တိုက်ခိုက်မည့် အရိပ်အယောင်များ မတွေ့ ရသေးဟု ပြောဆိုထားသည်။

၎င်းက တနင်္လာနေ့တွင် အိန္ဒိယနှင့် ဂျော်ဂျီယာတို့၌ အစ္စရေး သံအရာရှိများကို ပစ်မှတ်ထားခဲ့သည့် တိုက်ခိုက်မှုများကိုလည်း ဝေဖန်သွားသည်။

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအကြမ်းဖက်တပ်ဖွဲ့သည် ၎င်းတို့၏ခေါင်းဆောင်ဖြစ်သူ အီမက်မက်နီယားအသတ်ခံရမှု(၄)နှစ်ပြည့်နှစ်ပတ် လည်နေ့ ကို ကျင်းပမည်ဖြစ်သည်။

မက်နီယားသည်ထူးဆန်းသောပေါက်ကွဲမှုတစ်ခုအတွင်းသေဆုံးသွားပြီး ယင်းသည်အစ္စရေး၏လက်ချက်ဟုစွပ်စွဲမှုများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ သည်။

အစ္စရေးသည် လတ်တလောတွင် လူစည်ကားသောနေရာများ၌လုံခြုံရေးတိုးမြှင့်ထားပြီးအကြမ်းဖက်မှုနှင့်ဆက်နွယ်သည့် မည်သည့် ထောက်လှမ်းရေး သတင်း အချက်အလက်ကိုမျှ ရရှိမထားဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားထားသည်။

Source: FoxNews

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: