ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


ဝန်ထမ်းမသမာမှု၊အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့်တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း   ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက လုပ်ပိုင်ခွင့်ရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်သြဇာ ကျင့်သုံးမှု များ ဆက်လက်ပြုကျင့်နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ ပျောက်ကွယ်သွား ရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ”၀န် ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော် အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြား ထားကြောင်း၊ ယင်းကဲ့ သို့ ကျူးလွန်မှုများ ပေါ်ပေါက်ပါက တိုင်းကြားနိုင်ရန် ၀န်ကြီးဌာနများအလိုက် တယ်လီဖုန်းနံပါတ်များ ထုတ်ပြန်ပေးထားပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ၀န်ထမ်းမသမာမှု၊ အဂတိ လိုက်စားမှုတွေနဲ့ မလျော်သြဇာသုံးစွဲမှုတွေပပျောက်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လာဘ်ပေးသူ၊ လာဘ်ယူသူတွေ ပြုပြင်ဆင်ခြင် ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူများအကြား အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူခြင်းတို့နဲ့ ကုစားဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

တိုင်ကြားသူတွေအနေနဲ့လည်း ဖြစ်ရပ်မှန်ကို ပြည့်စုံမှန်ကန်တဲ့ အချက်အလက်၊ ခိုင်လုံတိကျတဲ့အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားဖို့လိုပါ တယ်။

ဒါမှသာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ပတ်သက်ကျူးလွန်နေသူတွေ စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာအရေးယူဆောင်ရွက် သွားနိုင် မှာဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင်  ပြန်လည်ဖြေကြား ခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုနဲ့မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူသို့မဟုတ် ပြည်သူများ အနေဖြင့် အဖြစ်မှန်အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာ တာဝန်ယူပြီး စနစ်တကျတိုင်ကြားပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: