နိုက်ဂျီးရီးယားအကျဉ်းထောင်စီးနင်းမှုကို ပြုလုပ်ခဲ့ကြောင်း ဘိုကိုဟာရမ်တို့ကြေညာ


နိုက်ဂျီးရီးယားတွင် အကျဉ်းထောင် တစ်ခုကို စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား (၁၀၀)ကျော်ကို လွှတ်ပေး လိုက်ခြင်းမှာ ၄င်းတို့လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ် အစွန်းရောက်အုပ်စု ဘိုကိုဟာရမ်က ပြောကြားလိုက် သည်။

ဗုဒ္ဓဟူးနေ့က နိုက်ဂျီးရီးယားရှိ အကျဉ်းထောင်တစ်ခုကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ပြီး အကျဉ်း သား (၁၀၀)ကျော်ကို လွှတ်ပေးလိုက်သည်။

ပြည်နယ်အကျဉ်းထောင်တစ်ခုကို သေနတ်သမားများက ၀င်ရောက်တိုက်ခိုက်ရာ လုံခြုံရေး အရာရှိတစ်ဦးသေ ဆုံးသွားခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဖြစ်စဉ်အတွင်း အကျဉ်းသား (၁၁၈) ဦးကို လွှတ်ပေးလိုက်ကြောင်းလည်း တာဝန်ရှိသူများ က ပြောကြားခဲ့သည်။

အကျဉ်းထောင်ကို သေနတ်သမားများ စီးနင်းသည့် အချိန်တွင် အနည်းဆုံး ထောင်သား (၂၀)ခန့်က ထွက်ပြေးရန် ငြင်းဆိုခဲ့ကြသည်။

ထွက်ပြေးသူများအနက် (၁၅)ဦးကိုမူ ပြန်လည် ဖမ်းဆီးရမိထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ဘိုကိုဟာရမ်တို့သည် (၂၀၁၀)ပြည့်နှစ်၊ စက်တင်ဘာလကလည်း အနောက်မြောက်ပိုင်း ဘူချီပြည်နယ်မှ အကျဉ်းထောင် တစ်ခုကို ၀င်ရောက်တိုက်ခိုက်ကာ အကျဉ်းသား (၇၀၀)ကျော်ကို လွှတ်ပေးဖူးသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: