Call Center တွင် ကရင်၊ ရှမ်း၊ ကချင် စသည့် တိုင်းရင်းသား ဘာသာစကားများဖြင့် ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်နေ


Call Center  တွင် ကရင်၊ ရှမ်း၊ ကချင်စသည့် တိုင်းရင်းသားဘာသာစကားများဖြင့် ဖြေကြားဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အဆိုပါ Call Center ၌ မြန်မာဘာသာစကားအပြင် အင်္ဂလိပ်၊ တရုတ်၊ မလေးရှား၊ ဂျပန်စသည့် နိုင်ငံခြားဘာသာစကားများဖြင့်လည်း ဖြေ ကြား ၀န်ဆောင်မှုပေးနေကြောင်း သိရသည်။

”မြန်မာနဲ့အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကတော့ နေ့ရောညပါ ၂၄ နာရီလုံး ဖြေကြားဝန်ဆောင်မှုပေးနေပြီး တရုတ်၊ မလေးရှားနဲ့ ဂျပန်ဘာသာ စကားတွေကတော့ နေ့ခင်းဘက်ပိုင်းပဲ ရမှာပါ။ ဒီလိုမျိုး ၀န် ဆောင်မှုရှိတာကို နိုင်ငံခြားသားတွေ အနေနဲ့ Tourist Guide တွေကနေတစ်ဆင့်သိကြပြီး ဆက်သွယ်မေးမြန်းကြတာပါ။ Guide  တွေကပဲ ဆက်သွယ်မေးမြန်းပေးတာလည်း ရှိပါတယ်။

ကရင်၊ ရှမ်း၊ ကချင်စတဲ့ တိုင်းရင်းသားဘာသာစကားတွေနဲ့လည်း ဖြေကြားပေးနိုင်ဖို့ စီစဉ်နေပါတယ်။ တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းတဲ့ဝန် ထမ်းတွေ ခန့်ထားပြီးဖြစ်ပေမယ့် လက်ရှိမှာလိုအပ်တာတွေကို သင်ကြားလေ့ကျင့်နေပါတယ်။ နောက်နှစ်လလောက်ဆိုရင် စတင်ဝန်ဆောင်မှုပေးဖို့ ရှိပါတယ်”ဟု Call Center မှ တာဝန်ရှိသူက ဆိုပါသည်။

မည်သည့်ကိစ္စရပ်မဆိုသိရှိလိုပါက Call Center သို့ဆက်သွယ်မေးမြန်းနိုင်ပြီးအထွေထွေကိစ္စရပ်များအတွက် သီးခြားဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။ အထွေထွေကိစ္စရပ်များ မေးမြန်းခြင်းအတွက် ၂၀၁၂ ခုနှစ် ဖေ ဖော်ဝါရီလဆန်းပိုင်းမှစ၍ တစ်မိနစ်လျှင်ကျပ် ၃၀ နှုန်းဖြင့် စတင်ကောက်ခံ ပြီး ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယင်းမှာဖုန်းအားလုံးတွင် တစ်ပြေးညီ စတင်နိုင်ခြင်းမရှိသေးသော်လည်း နောက်ပိုင်းတွင် ဖုန်းစနစ် အမျိုးမျိုး၌ ထိုသို့ကောက်ခံဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ အထွေထွေကိစ္စရပ်များ မေးမြန်းခြင်းမှာ နှစ်လအတွင်း မေးမြန်းမှုပေါင်း ၅၀၀၀ နှင့် ၁၀၀၀၀ အကြားတွင်ရှိပြီး ဖုန်းနံပါတ် ၁၈၇၆ သို့ မေးမြန်းရကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: