နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲဟောင်း ပြည့်တန်ဆာများနှင့် ပျော်ပါး


နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲဟောင်း Dominique Strauss-Kahn သည် ပြည့်တန်ဆာများနှင့် ပျော်ပါးမှုဖြင့် ပြင်သစ်နိုင်ငံမြောက်ပိုင်း လီလီမြို့တွင် ဖမ်း ဆီး စစ်ဆေးခံရသည်။ ပြည့်တန်ဆာ အမျိုးသမီးအချို့အား စစ်ဆေးမေးမြန်းရာ ၄င်းတို့ မှာ Strauss-Kahn နှင့် အတူနေပျော်ပါးမှုရှိခဲ့ကြောင်း ဝန်ခံကြသည်။ Strauss- Kahnကမူ အဆိုပါအမျိုးသမီးများမှာ ပြည့်တန်ဆာများဖြစ်ကြောင်း မသိရှိဟု ထွက်ဆို သည်။ Strauss-Kahn သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲအဖြစ်မှ ၂၀၁၁ ခုနှစ်တွင် မေလအတွင်းက နုတ်ထွက်ခဲ့သည်။ အမေရိ ကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဝန်ထမ်းအမျိုးသမီးအား အဓ္ဓမပြုကျင့်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရသော် လည်း နောက်ပိုင်းတွင် အဆိုပါအမှုအား ပိတ်သိမ်းခဲ့သည်။

Leave a comment