ရခိုင်-ကရင် မျိုးချစ် ရဲဘော် ၃၄ ဦး အနက် ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ကျဆုံးသွားသည့် ရဲဘော် မင်းသာထွန်း အတွက် ရည်စူး ဆွမ်းကပ်လှူဒါန်း


ရခိုင်-ကရင် မျိုးချစ် ရဲဘော် ၃၄ ဦးထဲမှ ရခိုင်ပြည်တပ်မတော်(Arakan Aarmy) မှ ကျဆုံးသွားသည့် ရဲဘော် မင်းသာထွန်း အတွက် တပတ်ပြည့် ရက်လည်ဆွမ်းကပ် လှူဒါန်းခြင်း အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဘိက္ခပူရှီိ (Burma Community Reserve Center-BCRC)   တွင် ယနေ့ နံနက် (၁၁း ၀၄) နာရီတွင် ပြုလုပ်ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဘော် မင်းသာထွန်း အားရည်စူး၍ တပတ်ပြည့် ရက်လည်ဆွမ်းကျွေးပွဲ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည် တပ်မတော်(Arakan Army) မှ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဓညလင်းက Arakan Review သို့ပြောကြားရာတွင်-

ဟုတ်ပါတယ် “ ကျွန်တော်တို့ ရဲဘော်က ကျွန်တော်တို့ ရခိုင်ပြည်တပ်မတော် (Arakan Army) မှာ ကျွန်တော်တို့နဲ့အတူ တာဝန် ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တစ်ဦးပါ။ ၁၉၈၈-ခုနှစ် အရေးအခင်းဖြစ်တဲ့အချိန်က ရှစ်တန်းကျောင်းသားလေး တစ်ယောက်ပါ။ စစ်အစိုးရ ထောက်လှမ်းရေးတွေ လိုက်ဖမ်း ရာမှ ထွက်ပြေးလွတ်မြောက်လာယင်း ကျွန်တော်တို့နဲ့အတူ ရခိုင်ပြည်တပ်မတော် (Arakan Army) မှာ ၁၉၉၆ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။  ၁၉၉၈ ခုနှစ် အိန္ဒိယစစ်ထောက်လှမ်းရေးတွေရဲ့ ယုတ်မာ ချက်ကြောင့် Land Fall ကျွန်း ပင်လယ်မျှော့စစ်ဆင်ရေး (Operation leech) တွင် စစ်ဦးစီးချုပ် ခိုင်ရာဇာနန့် တတူ အဖမ်းခံရခဲ့ရပါတယ်။ အိန္ဒိယအကျဉ်းထောင်တွေမှာ ၁၃ နှစ် ကြာ အကျဉ်းကျခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် မေလ ၁၉ ရက် နေ့ တွင် ကျွန်တော်တို့နဲ့အတူ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ရဲဘော် ၃၄ ယောက်ထဲက တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။

ရခိုင်ပြည်တပ်မတော်(Arakan Army) တွင် ဒု ဗိုလ်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ထိုင်းနိုင်ငံ ရနောင်းမြို့ တာဝန်ခံဖြစ်ပါ တယ်။ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ညနေ ၁၁း ၅၀ နာရီလောက်မှာ သူ့အိပ်ခန်းဆောင်အတွင်း အိပ်နေရာက ဟောက်သံလို လိုကြားလို့ ရဲဘော်တွေ သွားရောက် ကြည့်လိုက်တဲ့ အချိန်မှာတော့ သတိမရဖြစ်နေပါတယ်။ ဒါကြောင့် အနီးအနားရှိ အသိ မိတ်ဆွေတွေကို အကူအညီတောင်းပြီး ဆေးရုံးကြီးကို ကားဖြင့်လိုက်ပို့ လိုက်တော့ ဆေးရုံရောက်လို့ အချိန်အနည်းငယ်လောက် အကြာမှာ ကွယ်လွန်သွားပြီလို့ ဆရာဝန်ကပြောပြတဲ့အတွက် ကျွန်တော်တို့ အားလုံးကတော့ ၀မ်းနည်းရပါတယ်။

ကျွန်တော်တို့နဲ့အတူ ဒုက္ခအမျိုးမျိုးကို ခံလာခဲ့တဲ့ ရဲဘော် ရဲဘက်ကောင်း တစ်ဦး ဖြစ်ပါတယ်။ သူ့ဘ၀ တလျှောက်လုံးမှာလည်း တိုင်းပြည်နဲ့ လူမျိုး အတွက် ပေးဆပ်ခဲ့တယ်။ အချိန်မတန်မီ စောစောစီးစီး အခုလို ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်တို့နဲ့အ တူ တော်လှန်ရေးအင်အားစုတွေ အား လုံးက ၀မ်းနည်းကြပါတယ်။ ဒါကြောင့် ဒီနေ့ မတ်လ ၁ ရက်နေ့မှာတော့ သူကွယ်လွန်တဲ့ တပတ်မြောက်နေ့ ဖြစ်တဲ့အတွက် ကုသိုလ်ကောင်း မှု တွေလုပ်ပေးပြီး အမျှအတန်းတွေဝေကြ ပါတယ်။” လို့ ပြောကြားခဲ့ပါသည်။

ကွယ်လွန်သူ ရဲဘော် မင်းသာထွန်းမှာ ရသေ့တောင်မြို့နယ် မစဲကမ်း မင်းကွန်းချောင်း ကျေးရွာဇာတိဖြစ်သည်။

ဖခင် ဦးစံရွှေမောင်နှင့် မိခင် ဒေါ်သောင်းမြစိန်တို့၏ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။

ယနေ့ကျင်းပသော ရဲဘော် မင်းသာထွန်း အားရည်စူး ဆွမ်းကပ်လှူ အမျှ မေတ္တာဝေပွဲ အခမ်းအနားသို့ တော်လှန်ရေး အင်အားစုများအပါဝင် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသူ/သား ၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး သံဃာတော် ၁၁ ပါးတို့အား ဆွမ်းကပ်လှူ ဒါန်းခဲ့ကြကြောင်း Arakan Review မှ သတင်းရ ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: