ပျောက်ဆုံးနေသော အမေရိကန်စစ်သားများ ရှာဖွေရေး အမေရိကန်နှင့် မြန်မာ ဆွေးနွေး


ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့ကြသော အမေရိကန်စစ်သားများ၏ရုပ်အလောင်းများရှာဖွေရေး ပြန်လည်လုပ်ဆောင်နိုင် ရန် အမေရိကန်က စတင်လုပ်ဆောင်လျက် ရှိသည်ဟု သိရှိရသည်။ ရှာဖွေရေးကို လွန်ခဲ့သော ရှစ်နှစ်ကပင် ရပ်ဆိုင်းထားခဲ့ရာ ယခုအခါမြန်မာ- အမေရိကန်ဆက်ဆံရေးတိုးတက် ကောင်းမွန်လာပြီဖြစ်၍ အမေရိကန် အဆင့်မြင့် စစ်ဘက်အရာရှိများသည် ဤကိစ္စကို ယခင်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် ဆွေးနွေးမှုများပြုလုပ်လျက် ရှိသည်။

ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး ဦးဆောင်သော ဌာနပေါင်းစုံပါဝင်သော အဖွဲ့သည် ဆွေးနွေးမှုများကို စတင်နေ ပြီဟု ပြောခွင့်ရ အမျိုးသမီးရေတပ် ဗိုလ်မှူးလက်စလီဟားလ်ရိုက်က ဖေဖော် ၀ါရီလ ၂၄ ရက်နေ့တွင် ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း ခန့်မှန်းခြေ အမေရိကန် ၇၃၀ ခန့်ပျောက်ဆုံးသွားခဲ့ရာ အများစုမှာ အမေရိကန်လေတပ်မှဖြစ်ပြီး အိန္ဒိယမှ ထောက်ပံ့ရေးပစ္စည်း များကို တရုတ်ပြည်သို့ ပျံသန်းပို့ဆောင်စဉ် မြန်မာပြည်မြောက်ပိုင်းတော တောင်ထူထပ်သော သစ်တော ကြီးများထဲတွင် ပျက်ကျပျောက်ဆုံးခဲ့ ကြခြင်းဖြစ်သည်။

ထိုစစ်ပွဲမှာ ၁၉၄၅ ခုနှစ်တွင် ပြီး ဆုံးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ သမိုင်းဝင်အလည်အပတ်လာရောက်စဉ်က အမေရိကန် စစ်သည်အလောင်းများ ရှာဖွေပြီး ပြန်လည်ရယူရေးဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများ စွာ စစ်တပ်က စိုးမိုးအုပ်ချုပ်လာခဲ့ပြီး နောက် နိုင်ငံရေးအပြောင်းအလဲများ လုပ်ဆောင်လာသည်ကို တုံ့ပြန်၍ အမေရိကန်အစိုးရသည် မြန်မာအရပ်သားအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် ဧပြီကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် အစိုးရကလုပ်ဆောင်ပေးလျှင် ဤဖြစ်စဉ်မှာ ပို၍အရှိန်အဟုန်ရလာ ဖွယ်ရှိသည်။

အမေရိကန်နှင့် အခြား အနောက်နိုင်ငံများက တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေး လာဖွယ်ရှိသည်။

ဘော့ပ်နယူးဘယ်ရီသည် ပင်တဂွန် စစ်ဌာနချုပ်၊ စစ်အကျဉ်းသားနှင့် စစ်အတွင်းပျောက်ဆုံးနေသူများ အရေးကိစ္စဆိုင်ရာဌာန၏ အကြီးအကဲဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲများ၏ အသေးစိတ်ကိုလည်းကောင်း၊ မြန်မာအစိုးရဘက်မှ မည်သူတွေ ဦးဆောင်ပါဝင်ဆွေးနွေးသည်ကို လည်းကောင်း ပြောခွင့်ရအမျိုးသမီး ဟားလ်ရိုက်က ပြောကြားခြင်း မရှိချေ။

၂၀၀၃ နှင့်၂၀၀၄ ခုနှစ်များအတွင်း မြန်မာအစိုးရနှင့်ပူးပေါင်း၍ စစ်အတွင်းပျောက်ဆုံးသွားခဲ့သော စစ်သည်အလောင်းရှာဖွေရေးတွင် စစ်သား အလောင်း ခုနစ်လောင်းကို ဖော်ထုတ် တွေ့ရှိခဲ့သည်။

နောက်ထပ်အလောင်း များတွေ့ရှိခဲ့သော်လည်း အမေရိကန် စစ်သားအလောင်းဟုတ်၊ မဟုတ် စစ်ဆေးဖော်ထုတ်ခြင်း မပြုရသေးချေ။

စစ်သည်အလောင်းရှာဖွေရေးကို ပြန်လည်လုပ်ဆောင်မည်ဆိုလျှင်လည်း လာမည့်ဇန်န၀ါရီလမတိုင်မီ စတင်နိုင် ဖွယ်မရှိချေ။

အမေရိကန်စစ်သည်အများ စုပျောက်ဆုံးခဲ့ရာ ကချင်ပြည်နယ်မြောက်ပိုင်းတွင် ခြောက်သွေ့သော ရာသီ၌သာဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် တည်း။

အေပီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: