သမုဒ္ဒရာ၏ အနက်ဆုံးအပိုင်းသို့ ဆင်းသက်ရန် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်စီစဉ်


လူတစ်ယောက်စီး ရေငုပ်သင်္ဘောငယ်လေး တစ်စင်းဖြင့် သမုဒ္ဒရာအောက်သို့ အနက်ဆုံး ဆင်းသက်နိုင်ရန် ဂျိမ်းစ်ကင်မရွန်က မျှော်လင့်လျှက်ရှိသည်။ ၎င်းသည် ပါပူအာ နယူးဂီနီ ကမ်းလွန်တွင် ၎င်းပိုင် ရေငုပ် သင်္ဘော ငယ်လေးကို အသုံးပြုကာ အစမ်းရေငုပ်ခဲ့မှုတွင် (၈) ကီလိုမီတာ အနက်ထိ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ လာမည့် သီတင်းပတ်များတွင် ကမ္ဘာ့စံချိန်တင် ရေအနက်ထိ ငုပ်လျှိုးရေး စီမံကိန်းကို ကင်မရွန် အနေဖြင့်  အကောင်အထည် ဖော်ဖွယ်ရှိသည်။

(၁၉၆၀)ပြည့်လွန်နှစ်များကသာ လူနှစ်ဦးသည် မာရီယာနာ သမုဒ္ဒရာ ချောက်မြောင်းကြီးသို့ ဆင်းသက် ရောက် ရှိခဲ့ဖူးသည်။ ကင်မရွန်သည် ဂျပန်ကမ်းလွန်ရှိ အဆိုပါ ပဟေဠိဆန်သော နယ်ပယ်သို့ ချဉ်းနင်းရောက်ရှိရန် အ ထူး တက်ကြွလျှက်ရှိသည်။

Avatarဇာတ်ကား ဒါရိုက်တာကြီးက “နက်ရှိုင်းတဲ့ ချောက်ကြီးတွေဟာ ဒီကမ္ဘာပေါ်မှာ လူသားတွေ စူးစမ်းလို့ မရသေးတဲ့ နောက်ဆုံး ခံတပ်နေရာတွေ ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း (၁၀၀)လောက် အချိန်ယူခဲ့တဲ့ သိပ္ပံပညာ ဟာ သူတို့ရဲ့ လျှို့ဝှက်ချက်ကို မဖောက်ထွင်းနိုင်သေးဘူး”ဟု ဆိုသည်။

ကင်မရွန်သည် ၎င်း၏ ရေငုပ်သင်္ဘောလေးကို Deep sea Challenge ဟု အမည်ပေးထားသည်။ ဩစတြေးလျမှ အင်ဂျင်နီယာများ တည်ဆောက်ပေး ထားသည့် ယာဉ်ငယ်လေးသည် လူတစ်ဦးသာ ၀င်ဆံ့သည်။ ယာဉ်ငယ်သည် ရေအနက် (၁၁)ကီလိုမီတာတွင် ရှိနိုင်သည့် ဖိအားဒဏ်ကို ခံနိုင်ရည် ရှိကြောင်း သိရသည်။

ကင်မရွန်သည် မာရီယာနာ သမုဒ္ဒရာ ချောက်အတွင်းတွင် (၆)နာရီကြာ စူးစမ်းမှုများ ပြုလုပ်မည်ဖြစ်ပြီး ရေငုပ်သင်္ဘောတွင် တပ်ဆင်ထားသည့် 3D ကင်မရာက လျှို့ဝှက်မှောင်မိုက်သော သီးခြားကမ္ဘာကို မှတ်တမ်းတင် ဖော်ထုတ်နိုင်မည် ဖြစ်သည်။ “မျိုးဆက်တိုင်းမှာ သိပ္ပံပညာဆိုင်ရာ အောင်မြင် မှုတွေ ရယူဖို့ဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပဲလေ”ဟု ကင်မရွန်က ဆိုသည်။ ၎င်း၏ ခရီးစဉ် မျှော်မှန်းထားသည့်အတိုင်း အပြည့်အ၀ အောင်မြင်ပါက ကင်မရွန်သည် သမိုင်းတွင် ပင်လယ်ရေအောက်သို့ အနက်ရှိုင်းဆုံး ငုပ်လျှိုးနိုင်သူ ဖြစ်လာမည်ဟု သိရသည်။

Source: BBC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: