မောင်တောမြို့နယ် ကမ်းခြေဒေသထွက် ငါးခြောက်များကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လာနိုင်


မောင်တောမြို့နယ် ကမ်းခြေဒေသထွက် ငါးခြောက်များကို ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လာနိုင်ကြောင်း သိရသည်။

မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတွင် ယခုနှစ် ငါးခြောက်ထုတ်လုပ်မှု တိုးတက်လာသဖြင့် တဖက်နိုင်ငံသို့ တင်ပို့လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူဒေသထွက် ငါးခြောက် များကို မှာယူတင်ပို့ခဲ့ရကြောင်းနှင့် ယခုနှစ်တွင် ဒေသထွက် ငါးခြောက်များကိုပါ စုဆောင်း တင်ပို့လာနိုင်ခြင်းဖြစ်   ကြောင်း၊ လက်ရှိအချိန်ထိ တန်ချိန် နှစ်ဆယ်ကျော်အထိ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

”အခုနှစ်မှာ ဒေသထွက် ငါးစုံကလေးခြောက်တွေကို ၀ယ်ယူစုဆောင်းပြီး တဖက်နိုင်ငံကို တင်ပို့ နိုင်ခဲ့တယ်။

နောက်ထပ် ၀ယ်ယူရရှိသလောက် တင်ပို့သွားဖို့ ရှိပါတယ်” ဟု ရိုးမအားမာန်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ပို့ကုန်များကို အခွန်လျော့ပေါ့ပေးထားသော်လည်း ဘင်္ဂလားဒေ့ရှ် တာကာငွေ ဈေးကျဆင်းနေမှုနှင့် တဖက်နိုင်ငံ ဆိပ်ကမ်းများတွင် အခွန်ပေးဆောင်ရမှု များပြားနေခြင်းကြောင့် ပို့ကုန်သမားများ တွက်ခြေမကိုက်ဖြစ်   နေကြောင်း သိရသည်။

EMG

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: