ကုန်းတွင်းရေနံလုပ်ကွက်များ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်များ ချုပ်ဆို


မြန်မာ့ကုန်းတွင်း ရေနံလုပ်ကွက်များအတွင်း လုပ်ကိုင်လျက်ရှိသော ပြည်ပနှင့် ပြည်တွင်းကုမ္ပ ဏီများအကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်နှစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း က ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး ကပြော သည်။ ယင်းချုပ်ဆိုမှုသည် နိုင်ငံတော်အစိုးရမှ မြန်မာ့ကုန်းတွင်းရေနံလုပ်ကွက် ကိုး ကွက် အား ၂၀၁၁ နှစ်ကုန်ပိုင်းမှစတင်ခါ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားမှုစနစ်ဖြင့် ပြည်ပနှင့် ပြည်တွင်း ကုမ္ပဏီခုနစ်ခုအား ခွင့်ပြုပြီးနောက်ပိုင်းတွင် ပထမဦး ဆုံးချုပ် ဆိုသော စာချုပ် နှစ်ခုဖြစ်သည်။

မတ်လ ၉ ရက်နေ့က ဟောင်ကောင်မှ EPI Holding Ltd နှင့် ပြည်တွင်း ကုမ္ပဏီဖြစ်သော Aye Myint Khine Co. Ltd., တို့သည် အတူရင်းနှီးမြှုပ်နှံ ကြမည့် မကွေးတိုင်းဒေသကြီး ကံမ-နတ်တောင်ရှိ RSF-10 ၏ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်း အပေါ် ခွဲဝေခံစားရေးစာချုပ်ကို ၎င်း ဆွစ်ဇာလန်နိုင်ငံ Geo Petrol International Holding Inc နှင့် A1-Mining Co. Ltd., တို့သည် မတ်လ ၁၁ ရက်နေ့ တွင် ပဲခူးတိုင်းဒေသ ကြီး ပြာလိုနှင့် ပေါက်ခေါင်းရှိ RSF9 လုပ်ကွက် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားရေး စာချုပ်အား နေပြည်တော်တွင် ချုပ်ဆိုခဲ့သည်။

စွမ်းအင်စီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်အောင်က ပြည်တွင်းကုမ္ပဏီများအား ပြည်ပကုမ္ပဏီများနှင့်တွဲဖက်၍ လုပ်ကိုင်လိုရခြင်းမှာ နည်း ပညာ မျှဝေနိုင်စေရန် ရည်ရွယ်ချင်းဖြစ်ကြောင်း ပြောသည်။

“၀င်ရောက်လုပ်ကိုင်ကြတဲ့ ပြည်တွင်းကုမ္ပဏီအများစုက၀န်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေဖြစ်ပြီး ရှာဖွေထုတ်လုပ်ရေးပိုင်းမှာ နည်းပညာပိုင်း အားနည်းနေ ပါ သေးတယ်။ အနာဂတ်မှာ သူတို့ကိုယ်တိုင် ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးပိုင်းမှာ ကိုယ်တိုင်လုပ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြော သည်။

လက်ရှိမြန်မာနိုင်ငံတွင် မုတ္တမကမ်းလွန်၊ တနင်္သာရီကမ်းလွန်နဲ့ ရခိုင်ကမ်း လွန်ဒေသများတွင် ရှာဖွေရေးလုပ်ကိုင်ရန် ကမ်းလွန် လုပ်ကွက် ၁၅ ကွက်ရှိ ပြီး ရေတိမ်အကွက် ခြောက်ကွက်နှင့် ရေနက်အကွက် ကိုးကွက်တို့ ဖြစ်ကြောင်းလည်း ဦးထင်အောင်က ပြောသည်။

ကုန်းတွင်းလုပ်ကွက်များအတွက် လစ်လပ်နေရာများ ၃၅ ကွက်ခန့် ကျန်ရှိ နေပြီး လက်ရှိတွင် မြန်မာ့ကုန်းတွင်း လုပ်ကွက် ၁၉ ကွက်တွင် ကုမ္ပဏီပေါင်း ၁၂ ခုလုပ်ကိုင်လျက်ရှိပြီး ကမ်းလွန်ပိုင်း တွင် ကုမ္ပဏီ ၁၃ ခုမှ လုပ်ကွက် ၂၆ ကွက် တွင် လုပ်ကိုင်လျက် ရှိသည်။

ဂျူးလိယက်
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ – ၂၂ ၊ ၃၊ ၂၀၁၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: