အစိုးရနယ်ခြားစောင့်တပ်(BGF)က ဒီကေဘီအေ ကလို့ထူးဘောပိုင် ကားတစီးကို ပစ်ခတ်


ယမန်နေ့ မနက် (၄) ခန့်တွင် အမှတ် (၁၀၁၂) အစိုးရနယ်ခြားစောင့်တပ်(BGF)က မြိုင် ကြီးငူအနီးရှိ ရင်းပိုင်တံတားထိပ်၌ ဒီကေဘီအေ ကလို့ထူးဘောပိုင် ကားတစီးကို ပစ်ခတ် ရာ တဦးသေဆုံးပြီး တဦးပျောက်ဆုံးနေသည်ဟု ဒီကေဘီအေပြောခွင့်ရသူ ဗိုလ်မှူး လုံ့လုံ ကဆိုပါသည်။

“ ဒီလိုပါဗျ။ သေဆုံးသူက BGF  (၁၀၁၉) က ဗိုလ်တင်ညွန့်ဖြစ်တယ်။ သူကကားကြုံ စီး လာတာဖြစ်တယ်။ သူတပည့်တယောက် ပျောက်နေတယ်။ ကားကတော့ ဒီကေဘီအေ ကလို့ထူးဘောပိုင် ကားပါဗျ။ မောင်းသူက အရပ်သား ဗိုလ်တင်ညွန့်ရဲ့ ညီလေး ဖြစ်နေ တယ်။ ကျနော်တို့ စဉ်းစားနေရတာက ဒီကားဟာ ကျနော်တို့ ဒီကေဘီအေ ကလို့ထူးဘော တပ်မှူးတဦးဖြစ်တဲ့ သင်္ကန်းညီနောင် ဗိုလ်မှူးမောင်လေးရဲ့ကားဆိုတော့ သူကို့ရည်ရွယ်ပြီး ပစ်လိုက် တာလား စဉ်းစားစရာဖြစ်နေတယ်။” လို့ ဆိုပါသည်။

ယခုပစ်ခတ်မှုတွင်  BGF (၁၀၁၂) မှ ဒုရင်းမှူး ဗိုလ်မှူး သောဘိုး၏ လက်ချက်ဖြစ်ဖွယ်ရှိ သည်ဟု ဒီကေဘီအေဖက်က ယူဆနေပါသည်။ ဤကဲ့သို့ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့် အတွက်  ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ဒီကေဘီအေ ကလို့ထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ် မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင်လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေး ကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါ သည်။

ယင်းသဘောတူညီချက်နံပါတ် (၇) တွင် တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရ ခိုင်မြဲစေရန်အလို့ငှာ ပြသနာတစုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက်ဖြင့် မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေရှင်းသွားရန် သဘောတူသည်ဟု ပါရှိခဲ့ပါသည်။

လက်ရှိပြသနာ၌လည်း ဒီကေဘီအေ ကလို့ထူးဘော တပ်မှူးဗိုလ်မှူး သင်္ကန်းညီနောင် မောင်လေးကို တမင်ပစ်ခတ်ခြင်း ဟုတ် မဟုတ်၊ ဒီကေဘီအေ ဖက်က စုံစမ်းနေပါသည်။ ဤကဲ့သို့ ပြသနာမျိုး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းကလည်း မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ်ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးဘော စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက် သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံရေးအရ ပြန်မလှည့်လိုတော့သဖြင့် ဖြေရှင်းနေချိန်တွင် ဒီကေဘီအေအပေါ် BGF က သံသယဖြစ်ခဲ့ ဘူးပါသည်။

ဤသို့ကြောင့် အစိုးရ BGF တပ်ဖွဲ့တို့သည်၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က မြိုင်ကြီးငူရှိ DKBA တပ်ဖွဲ့ထံမှ လက်နက် (၃၂) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ဖေဖေါ်ဝါရီ (၂၄) ရက်၌ ပြန်လည်ပေးအပ်ခဲ့ရ ပါသည်။  ဤကဲ့သို့သော နှစ်ဖက် ဆက်ဆံရေး အခြေ အနေကြောင့် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် မြိုင်ကြီးငူဒေသ လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေးကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က လက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ပါသည်။

ရွှေဟင်္သာ သတင်းမှ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: