အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုစတင်မြင့်တက်


ပြည်တွင်း၌ ၂၀၁၂ ခုနှစ် နှစ်စမှစတင်ကာ အွန်လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းများလုပ် ကိုင်မှု မြင့်တက်လာကြောင်း သိရှိရသည်။ အွန်လိုင်းစတိုး၊ အွန်လိုင်းရှော့ပင်း၊ အွန်လိုင်း ၀န်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ အွန်လိုင်းအခြေပြု ငွေပေးချေမှု တချို့လည်း ပေါ်ပေါက်လာကြောင်း သိရသည်။

“ပြည်တွင်းမှာ တစ်ပြည်လုံးအတိုင်းအတာကို မတွေးဘဲနဲ့ ရန်ကုန်တစ်မြို့တည်းအတိုင်း အတာနဲ့ ပြောရမယ်ဆိုရင်တောင် အွန်လိုင်းငွေပေးချေမှုစနစ်နဲ့ စိမ်းနေပါသေးတယ်။

ဒါပေမဲ့ ဒီနှစ်ထဲမှာ အွန်လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာတာကိုတွေ့ရ တဲ့အတွက် တဖြည်းဖြည်းနဲ့တော့ လူသိများလာနိုင်ပါတယ်။ ၀က်ဘ်ဆိုက်အသီးသီး ကနေ ပြီးတော့ ကိုယ်လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ယူဖို့ သက်ဆိုင်ရာ ၀က်ဘ်ဆိုက်နဲ့ချိတ် ဆက်ပြီး ၀န်ဆောင်ပေးတဲ့ဆိုင်တွေ ကုမ္ပဏီတွေကတော့ တဖြည်းဖြည်းနဲ့ လူသိများလာ ပါပြီ” ဟု နည်းပညာပစ္စည်းများကို အွန်လိုင်းမှဝယ်ယူပေးသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

နိုင်ငံတကာ အွန်လိုင်းစတိုးများရှိ ပစ္စည်းများကို ၀က်ဘ်ဆိုက်နှင့်ချိတ်ဆက်ကာ ၀ယ်ယူပေးခြင်းမျိုးထက် ပြည်တွင်းမှပင် နိုင်ငံတကာနှင့်ချိတ်ဆက် ကာ ငွေချေနိုင်သည့်လုပ်ငန်းအချို့ ပေါ်ပေါက်လာခြင်းဖြစ်၍ ယခုအခါ အွန်လိုင်းအခြေပြု စီးပွားရေးမြင့်တက်လာသည်ဟု အထက်ပါ ပုဂ္ဂိုလ်ကပြော သည်။ “အွန်လိုင်းငွေပေးချေမှု Myan Pay စနစ်ကြောင့်လည်း အွန်လိုင်းစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်ပါတယ်။ ဒီစနစ်မှာ အွန်လိုင်းစီးပွားရေးလုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကိုယ့်ရဲ့ဝက်ဘ်ဆိုက်မှာ Payment လက်ခံပြီးဆောင်ရွက်နိုင်ဖို့ Buy Button, Pay Now Button, Donate Button, Add to Carts Button စတဲ့ အသင့်သုံးနိုင်တဲ့ Payment Tools တွေကို စီစဉ်ပေးထားပါတယ်” ဟု Myan Pay စနစ်မှတာဝန်ရှိသူကပြောသည်။ အွန်လိုင်းစီးပွားရေး လုပ်ကိုင်လိုသူများအတွက် Payment Tools စီစဉ်ထားခြင်းများ များပြားလာပါက အွန်လိုင်း အရောင်းဆိုင်များ၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများ ယခုနှစ်အတွင်း တိုးပွားလာနိုင်ကြောင်း ၎င်းကခန့်မှန်းပြောကြားသည်။

ရေးသားသူ – ထွန်းထွန်း
Credit – Internet Journal, Vol(13) Issue(12)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: