၂၁ ရာစုခေတ်ဦး ကမ္ဘာ့သစ်တောများ၏ ကျန်းမာရေး


သစ်တောများသည် လူသားဦးဆောင်သော သက်ရှိသတ္တဝါတို့ အသက်ရှင် နေနိုင်ရေးအတွက် အောက်ဆီဂျင် ကို ထုတ်ပေးနေသည့် တစ်ခုတည်းသော သက်ရှိပစ္စည်းဖြစ်သည်ဟု သိပ္ပံပညာရှင်တိုင်းက အသိအမှတ်ပြု ထားပေရာ၊ ထိုသက်ရှိတို့နေထိုင်ရာ မြေကမ္ဘာ၏ အသက်ဟုဆိုနိုင်ပေသည်။ ထိုကြောင့် ကမ္ဘာ့သစ်တောများ တွင် အဓိကအကျဆုံးဖြစ်သော အပူပိုင်းသစ်တောများကို မြေကမ္ဘာ၏ မြစိမ်းရောင် အဆုတ်များဟု တင်စားခဲ့ ကြသည်။ ၂၁ ရာစုအစတွင် မြေကမ္ဘာ၏ အသက်ဖြစ်သော၊ မြစိမ်းရောင် အဆုတ်များသည် မည်သည့် အခြေ အနေတွင် ရှိနေပါသနည်း။ ကမ္ဘာ့သစ်တောများ ကျန်းမာစွာရှိပါလေစ၊ ကမ္ဘာ့သစ်တောများသည် အန္တရာယ် ကင်းစွာ ရှိပါလေစ…

          ဤမြေကမ္ဘာတွင် ၁၉၆၂ ခုနှစ်က သစ်တောဧရိယာ ဟက်တာ ထောင် ပေါင်း ၄၂၂၃၁၄၁ ရှိခဲ့သည်။ သို့သော် ၁၉၇၂ တွင် ၄၁၇၅၉၇၈ သို့၊ ၁၉၈၂ တွင် ၄ဝ၈၂၈၃၅ သို့၊ ၁၉၉ဝ တွင် ၄၁၆၈၃၉၉ သို့၊ ၂ဝဝဝ တွင် ၄ဝ၈၅ဝ၆၃ သို့၊ ၂ဝ၁ဝ တွင် ၄ဝ၃၂၉ဝ၅ သို့ ဆက်လက်လျော့ ကျလာခဲ့သည်။ (ယခုမှစ၍ အထူးဖော်ပြမထားသော ဧရိယာများသည် ဟက်တာထောင် ပေါင်းဖြစ်ပါသည်။) ၁၉၉ဝ မတိုင်မီတွင် သစ်တောများကို တာဝန်ယူရသော ကမ္ဘာ့ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO သည် သစ်တောဟု သတ်မှတ်နိုင်မည့် အဆင့်အရည်အသွေးကို ပြင်ဆင်ပေးခဲ့သည်။ သစ်ပင်ရွက် အုပ် ၁ဝ ရာခိုင်နှုန်းနှင့်အထက်ရှိသောတောကို သစ်တောဟုပြင်ဆင်သတ် မှတ်ပေးခဲ့သည်။ ထို့ကြောင့် ၁၉၉ဝ ခု၏ သစ်တောဧရိယာကိန်းဂဏန်းသည် ၁၉၈၂ ခုနှစ်ထက် များပြားလာခဲ့ရသည်။ စင်စစ်သစ်တော ဧရိယာများ တိုးပွာ လာခြင်းမဟုတ်ပေ။ ၂ဝ၁ဝ ကိန်းဂဏန်းအရ သစ်တောများသည် ကုန်းမြေ ဧရိယာ၏ ၃၁ ရာခိုင်နှုန်းရှိသည်။ လူတစ်ဦးအတွက် သစ်တောဧရိယာမှာ ဝ.၆ ဟက်တာရှိသည်။

          ကမ္ဘာတွင် သစ်တောအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံတို့မှာ ရုရှား၊ ဘရာဇီး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့  ဖြစ်သည်။ ကမ္ဘာ့နိုင်ငံဆယ်ခုတွင် သစ်တောလုံးဝမရှိကြပေ။ ကျန်နိုင်ငံများမှ ၅၄ နိုင်ငံတွင် သစ်တောဧရိယာသည် နိုင်ငံဧရိယာ၏ ၁ဝ ရာခိုင်နှုန်း   အောက် တွင်သာရှိကြသည်။ သစ်တောများသည် အကြောင်းကြောင်း တို့ကြောင့် အစဉ်တစိုက်ပင် လျော့နည်းလာခဲ့သည်။ သို့သော် လွန်ခဲ့သော ဆယ်စုခေတ်တွင် သစ်တောလျော့ဧရိယာ လျော့နည်းမှုနှုန်းသည် ကျဆင်းလာခဲ့သည်။ ၁၉၉ဝ ခုမတိုင်မီ က တစ်နှစ်လျှင် ဟက်တာ ၁၆ သန်းခန့်လျော့ နည်းလာခဲ့ရာမှ ၁၉၉ဝ ဆယ်စုခေတ်တွင် ၈.၃ သန်း၊ ၂ဝဝဝ ပြည့်နှစ်ဆယ်စုခေတ်တွင် ၅.၂ သန်း သို့လျော့ကျလာခဲ့သည်။ မြေကမ္ဘာ၏ မြစိမ်းရောင် အဆုတ်များ ဖြစ်သော အပူပိုင်းသစ်တောများအပါအဝင် နိုင်ငံအများအပြားမှ သစ်တောများ သည်လျော့နည်းလာလျက်ရှိပြီး သမပိုင်းဒေသမှသစ်တော များသာ အများဆုံး တိုးများလာခဲ့သည်။ ၂၁ ရာစုအစ ဆယ်စုခေတ်တွင် နိုင်ငံအသီးသီး၏ သစ်တောမူ ဝါဒ၊ သစ်တောဥပဒေနှင့်သစ်တောအစီရင်အစဉ် တို့သည် တိုးတက်ကောင်းမွန် လာခဲ့သည်။ နိုင်ငံ ၇၆ နိုင်ငံသည် သစ်တောမူဝါဒများကို ခေတ်နှင့်အညီ ပြင်ဆင်ခဲ့ကြသည်။ ၂ဝဝ၅ ခုနောက်တွင် ၆၉   နိုင်ငံသည် သစ်တောဥပဒေ များကို ပြင်ဆင်ရေးဆွဲ အတည်ပြုခဲ့ကြသည်။ ကမ္ဘာ့သစ်တောများ၏ ၇၅ ရာခိုင်နှုန်းသည် အမျိုးသားသစ်တော အစီအစဉ် တွင် အကျုံးဝင်လျက် ရှိသည်။

အာဖရိကသစ်တောများ

          အာဖရိကသစ်တောများသည် ကမ္ဘာတွင် ထင်ရှားကျော်ကြားသော သစ်တောများဖြစ်သည်။ အာဖရိကသစ်တောများကို အလယ်အာဖရိက၊ အရှေ့ အာဖရိက၊ မြောက်အာဖရိက၊ တောင်အာဖရိက၊ အနောက်အာဖရိက ဟု ငါးပိုင်းခွဲခြားထားသည်။ အလယ်အာဖရိကသည် သစ်တောဧရိယာ အများ ဆုံးဖြစ်သည်။ အာဖရိကတစ်တိုက်လုံးတွင် ၁၉၉ဝ ခုတွင် သစ်တော ဧရိယာ ၇၄၉၂၈၃ ရှိခဲ့ရာမှ ၂ဝဝဝ ခုတွင် ၇ဝ၈၆၅၄၊ ၂ဝ၁ဝ ခုနှစ်တွင် ၆၇၄၄၁၉ သို့ လျော့နည်းလာခဲ့သည်။ အာဖရိကသည် ၁၉၉၉ ခုတွင် ကမ္ဘာတွင် သစ်တောပိုင်ဆိုင်မှု တတိယအများဆုံးတိုက်ဖြစ်သည်။ သို့သော် ၂ဝ၁ဝ တွင် မြေ ဧရိယာ၏ ၈.၅ ရာခိုင်နှုန်းသာ သစ်တောကျန်ရှိပေသည်။

          ၂ဝဝ၈ ခုစာရင်းအရ အာဖရိကသည် လူဦးရေ ၉၅၅.၇ သန်းရှိရာ လူတစ်ဦးအတွက် သစ်တောဧရိယာသည် ဝ.၇ ဟက်တာရှိသည်။ အာဖရိကတွင် ကမ္ဘာ့သစ်တောများ၏ ၁၇ ရာနှုန်းရှိနေပြီး တိုက်ဧရိယာ၏ ၂၂.၃ ရာခိုင်နှုန်းတွင် သစ်တောဖုံးလွှမ်းနေသည်။ အာဖရိကသည် စိုက်ပျိုးသစ်တောများကို လည်းထူထောင်လျက်ရှိရာ စိုက်ပျိုးသစ်တောဧရိယာသည် ၁၉၉ဝ ခုတွင် ၁၁၆၆၃၊ ၂ဝဝဝ ပြည့်တွင် ၁၂၉၅၈၊ ၂ဝ၁ဝ တွင် ၁၅၄ဝ၉ ရှိသည်။ ကွန်ဂို၊ ဆူ ဒန်၊ အင်ဂိုလာ၊ ဇမ်ဘီယာနှင့် မိုဇမ်ဘစ်တို့သည် အာဖရိက၏ သစ်တောအများဆုံးနိုင်ငံများဖြစ်သည်။ အာဖရိကသစ်တောများ၏ ၅၅ရာခိုင်နှုန်း ရှိသည်။ သစ်တောဖုံးလွှမ်းမှုအများဆုံးနိုင်ငံများမှာ ဆေချီလိစ်တွင် ၈၈ ရာခိုင်နှုန်း၊ ဂါဘွန်တွင် ၈၅ ရာခိုင်နှုန်း၊ ဂီနီဘစ်ဆောတွင် ၇၂ ရာခိုင်နှုန်း၊ ဇမ်ဘီယာတွင် ၆၈ ရာခိုင်နှုန်းဖြစ်သည်။ အာဖရိကသစ်တောများတွင် ကာ ဘွန် သိုမှီးထားမှုသည် ကမ္ဘာ၏ ၂၁ ရာခိုင်နှုန်း ရှိသည်။ အိုင်ဗရီကို့စ် နိုင်ငံသည် တစ်ဟက် တာတွင် ကာဘွန် ၁၇၇ တန်ဖြင့် ဒေသတွင်းသစ်တောများတွင်ကာဘွန်သိုမှီးထားမှုနှုန်းအများဆုံးဖြစ်သည်။ အာဖရိက၏ သစ်တောဧရိယာ လျော့ကျမှု သည် ၁၉၉ဝ ဆယ်စုခေတ်တွင် ၆၇၅၉ ရှိရာမှ ၂ဝဝဝ ပြည့်ဆယ်စုတွင် ၆၆ဝ၁ သို့လျော့ကျလာခဲ့သည်။  စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သစ်တောဧရိ ယာ အများဆုံးဖြစ်သော အလယ်အာဖရိကသည် သစ်တော လျော့နည်းမှုအနည်းဆုံးဖြစ်နေပြီး၊ သစ်တောဧရိယာ အနည်းဆုံးဖြစ် သည့် မြောက်အာဖရိ ကသည်သစ် တောလျော့နည်းမှုနှုန်း အများဆုံးဖြစ် နေသည်။ သစ်တော ဆုံးရှုံးမှုအများ ဆုံးနိုင်ငံများမှာ သစ်တောပိုင်ဆိုင်မှု အများဆုံးနိုင်ငံများနှင့် ကင်မရွန်း၊ နိုင် ဂျီးရီးယား၊ တန်ဇန်းနီးယားနှင့် ဇင် ဘာဘွေတို့ဖြစ်သည်။

          အာဖရိကသစ်တောများ၏ ၁ဝ ရာခိုင်နှုန်းသည် ဒေသခံမျိုးစိတ်များ သာရှိသည့် မူလသစ်တော Primary Forests များဖြစ်သည်။ မြေဆီလွှာနှင့်   ရေထိန်းသိမ်းရန် သီးသန့်ထားရှိသည့် သစ်တောဧရိယာ ၁၉၅၄ဝ ရှိသည်။ သစ်တောဧရိယာ ၁၈၆ဝ၂၇ သည် သစ်ထုတ်လုပ်ရန်သတ်မှတ်ထားသည့် သစ်တောများဖြစ်သည်။ သစ်ထုတ် ရန်သတ်မှတ်ထားသည့် သစ်တော ဧရိယာသည် ၁၉၉ဝ တွင် ၂၁ဝ၉၄၄၊ ၂ဝဝဝ ပြည့်တွင် ၂ဝ၂၆၉၃ ရှိခဲ့ရာမှ ဆက် ၍လျော့ကျလာခြင်းဖြစ်သည်။ နိုင်ငံသစ်တောများ၏ ၂၇.၅ ရာခိုင် နှုန်းကို သစ်ထုတ်လုပ်ရန် သတ်မှတ် ပေးထားခြင်းဖြစ်သည်။ သစ်တောမှ သစ်များ ထုတ်ယူရာတွင် ၁ဝ ရာခိုင် နှုန်းမှသာသစ်ထုတ်ယူပြီး၊ ကျန် ၉ဝ ရာခိုင်နှုန်းမှ ထင်းထုတ်ယူနေရသည်။ သစ်နှင့်ထင်းထုတ်ယူမှုတန်ဖိုးသည် ၁၉၉ဝ တွင် US$ ၂.၆ ဘီလီယံရှိခဲ့ ရာမှ ၂ဝဝ၅ တွင် US$ ၂.၉ ဘီလီယံ အထိတိုးများလာခဲ့သည်။ သစ်ထုတ် ယူမှုသည် တစ်ကမ္ဘာလုံး ထင်းထုတ် ယူမှု၏ထက်ဝက် ခန့်ရှိသည်။

အာရှသစ်တောများ

          အာရှတိုက်တွင် ၁၉၉ဝ ခုက သစ်တောဧရိယာ ၅၃၄၆၂ဝ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၅၂၇၉၅၈ သို့ လျော့ နည်းသွားပြီး၊ ၂ဝ၁ဝ တွင် ၅၄၈၉၉၉ သို့ တိုးများလာသည်။ ၂ဝ၁ဝ တွင် အာရှ၏သစ်တောဧရိယာသည် ကမ္ဘာ့ သစ်တောဧရိယာ၏ ၁၃.၆ ရာခိုင်နှုန်း ရှိသည်။ အာရှသည် ပထမဆယ်နှစ် တွင် သစ်တော ၆၆၆၂ ဆုတ်ယုတ် ခဲ့ပြီး၊ ဒုတိယဆယ်နှစ်တွင် ၂၁ဝ၄၁ တိုးများလာရာ နှစ် ၂ဝ အတွင်း ၁၄၃၇၉ – ၂.၇ ရာခိုင်နှုန်းတိုးများ လာသည်။

          အာရှကို အရှေ့အာရှ၊ တောင် အာရှ၊ အရှေ့တောင်အာရှဟု လေးပိုင်း ပိုင်းခြားထားသည်။ ၂ဝ၁ဝ တွင် အရှေ့အာရှသည် သစ်တောဧရိယာ ၂၅၄၆၂၆ ဖြင့် ဒေသ၏ ၄၆.၄ ရာခိုင် နှုန်း၊ အရှေ့တောင်အာရှသည် သစ် တောဧရိယာ ၂၁၄ဝ၆၄ ဖြင့်ဒေသ၏ ၃၉ ရာခိုင်နှုန်း၊ တောင်အာရှသည် သစ်   တောဧရိယာ ၈ဝ၃ဝ၉ ဖြင့်ဒေသ ၏ ၁၄.၆ ရာခိုင်နှုန်းရှိသည်။ ၁၉၉ဝ တွင် အရှေ့တောင်အာရှသည် သစ် တောဧရိယာအများဆုံးရှိခဲ့သော်လည်း  ၂ဝ၁ဝ တွင် အရှေ့အာရှသည် သစ် တောအများဆုံးဒေသဖြစ်လာသည်။ အရှေ့အာရှတွင် တရုတ်၊ ကိုရီးယား နှစ်နိုင်ငံ၊ ဂျပန်နှင့်မွန်ဂိုလီးယားနိုင်ငံတို့ပါဝင် သည်။ တောင်အာရှတွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ ပါကစ္စ တန်၊ သီရိလင်္ကာနှင့် မောလ်ဒိုက်နိုင်ငံ တို့ပါဝင်သည်။

          ၁၉၉ဝ မှ ၂ဝ၁ဝ အတွင်း အရှေ့အာရှသည် သစ်တောဧရိယာ ၄၅၄၂၈-၂၁.၇ ရာခိုင်နှုန်း၊ တောင်အာရှသည် သစ်တောဧရိယာ ၃၃၁၉၆ -၁၃.၄ ရာခိုင်နှုန်းလျော့နည်းသွား သည်။ ကျွန်းနိုင်ငံများသည် ဤကာ လအတွင်း သစ်တောဧရိယာ ၇၃၆ဝ- ၃.၇ ရာခိုင်နှုန်းလျော့နည်းသွားသည်။  ဒေသတစ် ခုလုံးသည် သစ်တောဧရိ ယာ ၇ဝ၁၉-၁ ရာခိုင်နှုန်းခန့် တိုးများ လာသည်။

          အာရှတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် သစ်တော အများဆုံးနိုင်ငံများဖြစ် သည်။ ဒေသ၏ ၆ဝ ရာခိုင်နှုန်းရှိ သည်။ ၂ဝ၁ဝ စာရင်းအရ တရုတ် နိုင်ငံတွင် သစ်တော ၂ဝ၆၈၆၁ ရှိ သည်။ နိုင်ငံဧရိယာ၏ ၂၂ ရာခိုင်နှုန်း ရှိသည်။ လူတစ်ထောင်တွင် သစ်တော ဟက်တာ ၁၅၄ နှုန်းရှိသည်။ အင်ဒို နီးရှားနိုင်ငံတွင် သစ်တော ၉၄၄၃၂ ရှိသည်။ နိုင်ငံဧရိယာ၏ ၃၂ ရာခိုင် နှုန်းရှိသည်။ လူတစ်ထောင်တွင် သစ်တောဟက်တာ ၄၁၅ နှုန်းရှိသည်။ မြန်မာနိုင်ငံတွင် သစ်တော ၃၁၇၇၃ ရှိသည်။ နိုင်ငံဧရိယာ၏ ၄၈ ရာခိုင် နှုန်းရှိသည်။ လူတစ်ထောင်တွင် သစ်တောဟက်တာ ၆၄၁   နှုန်းရှိသည်။ ဂျပန်နိုင်ငံတွင် သစ်တော ၂၄၉၇၉ ရှိသည်။ နိုင်ငံဧရိယာ၏ ၆၉ ရာခိုင် နှုန်းရှိသည်။ လူတစ်ထောင်တွင် သစ် တောဟက်တာ ၁၉၆ နှုန်းရှိ သည်။

          အာရှသည် ကမ္ဘာတွင် အပူပိုင်း သစ်တောအများဆုံးရှိသော ဒေသဖြစ်သည်။ ဒေသတစ်ခုလုံးအနေဖြင့် သစ်တောဧရိယာ တိုးများလာသော်လည်း သစ်တောဧရိယာ ဆုတ်ယုတ်လျော့ ပါးနေသော နိုင်ငံများလည်းရှိနေသည်။ ဒေသ၏ သစ်တောဧရိယာ တိုးများ လာရခြင်းမှာ အဓိကအားဖြင့် တရုတ်   နိုင်ငံ၏ သစ်တောဧရိယာ တိုးများလာ သောကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံ သည် ပထမဆယ်နှစ်အတွင်း တစ် နှစ်လျှင် သစ်တောဧရိယာ ဟက်တာ   နှစ်သန်း၊ ဒုတိယဆယ်နှစ်တွင် တစ် နှစ်လျှင် ဟက်တာသုံးသန်းတိုးများ လာခဲ့သည်။ ဘူတန်၊ အိန္ဒိယ၊ ဖိလစ် ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း  သစ်တောဧရိယာ တိုးများလာခဲ့သည်။

          ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့သည် သစ်တောဆုံးရှုံး မှုများသော နိုင်ငံများဖြစ်သည်။ အင် ဒိုနီးရှားသည် တရားမဝင်သစ်ထုတ် ယူမှုဖြင့် ကျော်ကြားသောနိုင်ငံဖြစ် သည်။ တရားမဝင် သစ်ရောင်းချရန် အတွက် တရားမဝင်သစ်ခုတ်လှဲမှု၊ ဆီ အုန်းစိုက်ရန်အတွက် သစ်တောများ ကို မီးရှို့ရှင်းလင်းရာမှ တောမီးလောင် ကျွမ်း၍ သစ်တောများစွာ ဆုံးရှုံးရမှု သတင်းများကို အမြဲလိုလိုပင် ကြား သိနေရသည်။ အင်ဒိုနီးရှားတောမီး၏ ကြီးမားကျယ်ပြန့်မှုသည် မလေးရှား၊ ထိုင်းစသော ပတ်ဝန်းကျင်နိုင်ငံများ အထိရောက်ရှိ ပြဿနာ ဖြစ်စေခဲ့ သည်။

          ယနေ့ခေတ်တွင် သဘာဝသစ် တော အများအပြား ဆုံးရှုံးကွယ် ပျောက်ခဲ့ရပြီဖြစ်ရာ စိုက်ပျိုးသစ်တော များကို ထူထောင်စိုက်ပျိုးလာကြရသည်။ အာရှတွင် ၁၉၈ဝ တွင် စိုက် ပျိုးသစ်တော ၁၉၆ဝ၅ ရှိခဲ့ရာမှ ၁၉၉ဝ တွင် ၇၁၅၈ဝ၊ ၂ဝဝဝ ပြည့်တွင် ၈၇၂၃ဝ၊ ၂ဝ၁ဝ တွင် ၁၁၅၇၈၃ ရှိ လာခဲ့သည်။ စိုက် ပျိုးသစ်တောဧရိယာ သည် ၁၉၉ဝ တွင် စုစုပေါင်းသစ်တော ဧရိယာ၏ ၁၃.၄ ရာခိုင်နှုန်းရှိခဲ့ရာမှ  ၂ဝ၁ဝ တွင် ၂၁ ရာခိုင်နှုန်းအထိရှိ လာခဲ့သည်။

          တရုတ်၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့သည် စိုက်ပျိုးသစ်တောများ စွာကို စီမံချက်ချမှတ်၍ စိုက်ပျိုးနေ ကြသည်။ တရုတ်နိုင်ငံသည် ၂ဝ၂ဝ တွင် စိုက်ပျိုးသစ်တော ဟက်တာ သန်း ၅ဝ ရရှိအောင်စိုက်ပျိုးနေသည်။  လက်ရှိ သစ်တော အားလုံးကိုလည်း ခုတ်လှဲခြင်းမပြုရန် တားမြစ်ထား သည်။ နိုင်ငံ တွင် သစ်တောဖုံးလွှမ်း မှု ၂၃ ရာခိုင်နှုန်းရှိစေရန် ရည်မှန်း  ဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိ နှုန်းအတိုင်း စိုက်ပျိုးသွားပါက ၂ဝ၁၅ တွင် ရည်မှန်း သည့်အတိုင်း ရရှိလာနိုင်သည်။ အိန္ဒိယသည် ၂ဝ၁၂ တွင် နိုင်ငံဧရိယာ၏ ၃၃ ရာခိုင်နှုန်းကို သစ် တောဖုံးလွှမ်းစေရန် ရည်မှန်းလျက် သစ်တောများ ထူထောင်စိုက်ပျိုးလျက် ရှိသည်။ ၂ဝ၁ဝ သစ်တောရင်းမြစ် အကဲဖြတ်ချက် Forest Resourses Assessment 2010- FRA 2000 အရ အိန္ဒိယ သစ်တောများသည် နိုင်ငံဧရိ ယာ၏ ၂၅ ရာခိုင်နှုန်းရှိသည်။ ၃၃ ရာခိုင်နှုန်းပြည့်စေရန်အတွက် သစ် တောမဟုတ်သည့် ဥယျာဉ်၊ ပန်းခြံ၊ လမ်းဘေးသစ် ပင် စသည့်သစ်ပင်ရှိ နယ်မြေများကို ထည့်သွင်းတွက်ချက် ရဖွယ်ရှိပေသည်။ ဗီယက်နမ်သည် ၂ဝ၁ဝ တွင် သစ်တောဖုံးလွှမ်းမှု ၄၃ ရာခိုင်နှုန်းရှိစေရန် ရည်မှန်းဆောင်ရွက် ခဲ့သည်။ FRA2000 အရ ဗီယက်နမ် သည် ရည်မှန်းချက်ပြည့်ဝခဲ့ပေသည်။

          အာရှပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံ ထွေပြားမှုကို ထိန်းသိမ်းရန်အတွက် သတ်မှတ်ထိန်းသိမ်းထားသော မူလ သစ်တောသည် ၁၉၉ဝ တွင် ၆၄၆၇၅ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၇ဝ၂၁၅၊ ၂ဝ၁ဝ တွင် ၈၃၉၆၉ အထိ တိုး များလာသည်။ ၂ဝ၁ဝ တွင် စုစု ပေါင်း သစ်တောဧရိယာ၏ ၁၁.၃ ရာခိုင်နှုန်းရှိသည်။ မူလသစ်တော အများဆုံးရှိသောဒေသမှာ အရှေ့ တောင်အာရှဖြစ်သည်။ မြေဆီလွှာနှင့် ရေထိန်းသိမ်းရန်အတွက် သီးသန့်  ထားရှိသော မူလသစ်တော မှာ ၁၉၉ဝ တွင် ၇၉၈၇၂ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့် တွင် ၉၆၄၄၆ သို့၊ ၂ဝ၁ဝ တွင် ၁၂၂၂၂ဝ အထိ တိုးများလာသည်။ သစ်ထုတ်ရန်ထားရှိသော သစ်တောမှာ ၁၉၉ဝ တွင် ၂၄၁၇၄၅ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၂၄၈၂၄၉ အထိ တိုးလာပြီး၊ ၂ဝ၁ဝ တွင် ၂၁၈၉၅ဝ သို့ လျော့ကျသွားသည်။

          အာရှပစိဖိတ် သစ်တောများတွင် သိုမှီးထားသော ကာဘွန်ဓာတ်ပမာဏ သည် ၄၄ ဂိုင်ဂါတန်-ွှ ရှိသည်။ သစ်တောများ လျော့ပါးမှုကြောင့် ကာ ဘွန်သိုမှီးမှုသည်လည်း နှစ်စဉ် တန် ၁၅ သန်း လျော့နည်းလျက်ရှိသည်။

ဥရောပသစ်တောများ

          ရုရှားအပါအဝင်ဖြစ်သော ဥရော ပတွင် ၁၉၉ဝ တွင် သစ်တော ၉၈၉၄၇၁ ရှိခဲ့ရာ ၂ဝဝဝ ပြည့်နှစ်တွင်  ၉၉၈၂၃၉ သို့၊ ၂ဝ၁၁ တွင် ၁ဝဝ၅ဝဝ၁ ထိ တိုးများလာသည်။  ဥရောပတွင် ရုရှားနိုင်ငံ၏ သစ်တော များသည် ၈ဝ၉ဝ၉ဝ၊ ၈ဝ ရာခိုင်နှုန်း  ပါဝင်သည်။ သို့သော် ကမ္ဘာတွင် သစ်တောဧရိယာ အများ ဆုံးဖြစ်သော ရုရှားနိုင်ငံသည် ပထမဆယ်နှစ်တွင် သာ ၃၂ တိုးပွားခဲ့ပြီး ဒုတိယဆယ် နှစ်တွင် ၁၈ လျော့နည်းသွားသည်။ ကျန်ဥရောပနိုင်ငံတို့သည် ပထမဆယ် နှစ်တွင် ၈၄၅၊ ဒုတိယ ဆယ်နှစ်တွင် ၆၉၄ တိုးများလာခဲ့သည်။ ဥရောပ သည် သစ်တောနယ်မြေများကို တိုးချဲ့ စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးမြေအချို့ ကို လည်း သစ်တောများအဖြစ် ပြောင်း လဲခဲ့သည်။ ရုရှား၏သစ်တောပမာဏ သည် တည်တံ့စွာ ရှိနေချိန်တွင် နှစ် ၂ဝ ကာလအတွင်း ဆက်တိုက်သစ်   တောဧရိယာတိုးများသောဒေသသည်  ဥရောပသာရှိပေသည်။

          ဥရောပ၏ သစ်တောဧရိယာ သည် အဓိကအားဖြင့် နှစ်စဉ် စပိန်က ၁၁၈၊ ဆွီဒင်က ၈၁ တိုးတက် စိုက်ပျိုးမှုကြောင့်ဖြစ်သည်။ အခြား သစ်တောတိုး တက်စိုက်ပျိုးခဲ့သော နိုင်ငံတို့မှာ အီတလီ၊ နော်ဝေ၊ ပြင် သစ်နှင့် ဘူဂေးလ်ရီးယားတို့ဖြစ်သည်။ သစ်တောဧရိယာလျော့နည်းခဲ့သော တိုင်းပြည်တို့မှာ အက်စ်တိုးနီးယား၊ ဖင်လန်နှင့် ရုရှားနိုင်ငံတို့ဖြစ်သည်။ ဥရောပသည် စိုက်ပျိုးသစ်တော အများအပြားထူထောင်စိုက်ပျိုးလျက် သစ်တောဧရိယာတိုးများ လာလျက်ရှိ သည်။ ရုရှားမပါသော ဥရောပသည်  စိုက်ပျိုးသစ်တောများကို ၁၉၉ဝတွင် ၄၆၃၉၅၊ ၂ဝဝဝ တွင် ၄၉၉၅၁၊ ၂ဝ၁ဝ တွင် ၆၉၃၁၈ အထိ တိုးချဲ့ စိုက်ပျိုးခဲ့ သည်။ ၂ဝ၁ဝ တွင် စိုက်ပျိုးသစ် တောများတွင် သစ်တောစုစုပေါင်း၏ ၆.၉ ရာခိုင်နှုန်းရှိလာသည်။ ဥရောပ သစ်တောများ၏ ၈ဝ ရာခိုင်နှုန်းရှိ   သော ရုရှားတွင်စိုက်ပျိုးသစ်တော သည် ၁၉၉ဝ တွင် ၁၂၆၅၁၊ ၂ဝ၁ဝ တွင် ၁၅၃၆ဝ သာရှိခဲ့သည်။ ၂ဝ၁ဝ တိုင် စိုက်ပျိုးသစ်တောသည် သစ်တောစု စုပေါင်း၏ ၂.၁ ရာခိုင်နှုန်းသာ ရှိပေသည်။ ရုရှားနိုင်ငံ မပါဝင်သော ဥရောပသီးသန့်တွင် စိုက်ပျိုးသစ်တောများသည် သစ်တောစုစုပေါင်း ၏ ၂၆.၇ ရာခိုင်နှုန်းရှိသည်။

          ဥရောပတွင် ဇီဝမျိုးစုံထွေပြားမှု  အတွက် ထိန်းသိမ်းထားသော မူလ သစ်တောသည် ၁၉၉ဝ တွင် ၁၈၆၅၅၊ ၂ဝဝဝပြည့်နှစ်တွင် ၂၉၃၉၃၊ ၂ဝ၁ဝ တွင် ၃၆၉၇၉ အထိ တိုးများလာခဲ့ သည်။ ဥရောပ တစ်ခုလုံးအတွက်  စုစုပေါင်း သစ်တော၏ ၃.၆ ရာခိုင် နှုန်းရှိပြီး ရုရှားမပါဝင်သော ဥရောပ  သီးသန့် တွင် ၉.၉ ရာခိုင်နှုန်းရှိသည်။

          မြေဆီလွှာနှင့် ရေထိန်းသိမ်းရန်  အတွက် သီးသန့်ထားရှိသော မူလ သစ်တောမှာ ၁၉၉ဝ တွင် ၇၆၉၃၂ ရှိခဲ့ရာ မှ ၂ဝဝဝ ပြည့်နှစ်တွင် ၉ဝ၇၈၈ သို့၊ ၂ဝ၁ဝ တွင် ၉၂၉၉၅ အထိ တိုး များလာသည်။ ဥရောပ တစ်ခု လုံးအတွက်စုစုပေါင်း သစ်တော၏ ၉.၂ ရာခိုင်နှုန်း ရှိပြီး ရုရှားမပါသော  ဥရောပ သီးသန့် တွင် ၁၁ ရာခိုင်နှုန်း ရှိသည်။

          သစ်ထုတ်ရန်အတွက် ထားရှိ သော တောမှာ ၁၉၉ဝ တွင် ၅၅၈ဝ၄၂ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၅၂၂၆၆၆ သို့၊ ၂ဝ၁ဝ တွင် ၅၂၄၆၂ဝ သို့ လျော့ကျ သွားသည်။ နှစ် ၂ဝ အတွင်း ၃၃၄၂၂၊ ခြောက်ရာခိုင်နှုန်း လျော့ နည်းသွားခြင်းဖြစ်သည်။ ဥရောပတစ် ခုလုံးအတွက် သစ်ထုတ်လုပ်ရန် လျာ ထားသော သစ်တောဧရိယာသည် ၂ဝ၁ဝ တွင် စုစုပေါင်း သစ်တော၏ ၅၂ ရာခိုင်နှုန်း ရှိသည်။ ရုရှား မပါ သော ဥရောပသီးသန့်တွင် ၅၅ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံသည် ၅၁ ရာ ခိုင်နှုန်းရှိသည်။

          ဥရောပသည် ၁၉၇ဝ ခန့်မှစ၍ နှစ်စဉ် သစ်ကုဗမီတာသန်း ၇ဝဝ ဝန်း ကျင် ထုတ်ယူနေခဲ့ရာမှ ဥရောပ စီးပွားရေး ပြိုလဲမှုကြောင့် ၁၉၉ဝ နောက်ပိုင်း တွင် သိသာစွာ ကျဆင်း  ခဲ့သည်။ ၂ဝဝ၈-၂ဝဝ၉ စီးပွားရေး ကျဆင်းမှုကြောင့် ၂ဝဝ၇ နောက်ပိုင်း တွင်တစ်ကြိမ်ကျဆင်းခဲ့သည်။ ကမ္ဘာ့ သစ်တောများ ၏  ငါးရာခိုင်နှုန်းသာ ရှိသော ရုရှားမပါဝင်သော  သီးသန့် ဥရောပသည်သစ်များကို တစ်ကမ္ဘာ လုံး၏ ၂၄ ရာခိုင်နှုန်း ထုတ်ယူနိုင်ခဲ့ သည်။ ဥရောပသည် သစ်များကို တိုး တက်ထုတ်ယူနေသော်လည်း နှစ်စဉ် တိုးတက်လာသော သစ်ပမာဏကို သာထုတ်ယူနေပေရာ သစ်တောဧရိ ယာသည်လည်းတိုး တက်နေပေသည်။

          ဥရောပ သစ်တောများသည် ကမ္ဘာ့ကာဘွန်သိုမှီးမှု၏ ၁၆ ရာခိုင် နှုန်းဖြစ်သော ကာဘွန် ၄၅ GT ကိုသို မှီးထားသည်။ ရုရှားမပါသော ဥရောပ သီးသန့်တွင် ကာဘွန်သိုမှီးထားမှု သည် ၁၃ GT ရှိပြီး ယခုအခါ နှစ်စဉ် ၁၄၅ တန်သို့ တိုးများလာလျက်ရှိ သည်။

လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသသစ်တောများ

          ကာရစ်ဘီယံ၊ အလယ်အမေရိ ကနှင့် တောင်အမေရိကဟု သုံးပိုင်း  ခွဲခြားထားသော ဤဒေသတွင် ၁၉၉ဝ က သစ်တော ၉၇၈ဝ၇၂ ရှိခဲ့ရာမှ  ၂ဝဝဝ ပြည့်တွင် ၉၃၂၇၃၅၊ ၂ဝ၁ဝ တွင် ၈၉ဝ၇၈၂ သို့ ဆက်တိုက်လျော့ ကျလာသည်။ ဤဒေသတွင် ကမ္ဘာ့ သစ်တောအများဆုံး ငါးနိုင်ငံတွင်  ပါဝင်   သော နာမည်ကျော် အမေဇုန် သစ်တောရှိသည့် ဘရာဇီးနိုင်ငံ ပါဝင် သည်။ ဒေသ၏သစ်တောများဆုံး ငါး နိုင်ငံမှာ ဘရာဇီး၊ ပီရူး၊ ကိုလံဘီယာ၊ ဘိုလီး ဗီးယားနှင့် ဗင်နီဇွဲလားနိုင်ငံ တို့ဖြစ်သည်။ ဒေသတစ်ခုလုံးသည် ကမ္ဘာ့သစ်တောများ၏ ၂၂ ရာခိုင်နှုန်း ရှိပြီး ဘရာဇီးတစ်နိုင်ငံတည်းသည် ၁၃ ရာခိုင်နှုန်း ရှိသည်။

          ချီလီ၊ ကော့စတာရီကာ၊ ဥရုဂွေး နှင့် ကာရစ်ဘီယံတို့မှအပ ဒေသတစ်ခု လုံးသည် သစ်တောများဆုတ်ယုတ် လာလျက်ရှိသည်။ ကာရစ်ဘီယံ သည် ကျွန်းများတွင် စိုက်ပျိုးရေးကို  စွန့်လွှတ်ခဲ့ကြသောကြောင့် သစ် တော များ ပြန်လည်ပေါက်ရောက်လာခဲ့ရ သည်။ သစ်တောများသည် တောင် အမေရိကနိုင်ငံများတွင် အဓိက ဆုတ် ယုတ်ခဲ့လျက်ရှိပြီး နှစ်စဉ် သစ်တော  ဧရိယာ ဟက်တာ ငါးသိန်းခန့် ဆုတ် ယုတ်လျက်ရှိသည်။

          စိုက်ပျိုးသစ်တောများသည် ၂ဝ၁ဝ တွင် ဒေသတစ်ခုလုံး သစ် တောများ၏ ၁.၇ ရာခိုင်နှုန်းမျှသာ ရှိသည်။ ကမ္ဘာ့စိုက်ပျိုးသစ်တောများ ၏ ၅.၆၇ ရာခိုင်နှုန်းသာရှိသည်။ ဇီဝ မျိုးစုံထွေပြားမှုအတွက် ထိန်းသိမ်း  ထားသော မူလသစ်တောသည် ၁၉၉ဝ တွင် ၄၅၆၃၇၊ ၂ဝဝဝ ပြည့်  နှစ်တွင် ၅၇၂၄၃၊ ၂ဝ၁ဝ တွင် ၈၈၆၁ဝ အထိ တိုးများလာခဲ့သည်။ ဒေသတစ်ခုလုံးအတွက် စုစုပေါင်း သစ်တော၏ ၁ဝ ရာခိုင်နှုန်း ခန့်ရှိသည်။ မြေဆီလွှာနှင့် ရေထိန်းသိမ်း ရန်အတွက် သီးသန့်ထားရှိသော မူလ သစ်တောမှာ ၁၉၉ဝ တွင် ၄၉၆၅ဝ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၄၉၈၈၁ သို့၊ ၂ဝ၁ဝ တွင် ၅ဝဝ၆၆ အထိ တိုးများလာ သည်။ ဒေသတစ်ခုလုံး အတွက် စုစုပေါင်းသစ်တော၏ ၅.၆ ရာခိုင်နှုန်းရှိသည်။ သစ်ထုတ်ရန် အတွက်ထားသော တောမှာ ၁၉၉ဝ တွင် ၇၃၄၈၇ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့် တွင် ၇၈၃၄၆ သို့၊ ၂ဝ၁ဝ တွင် ၈၃၃၇၈ သို့လျော့ကျသွားသည်။ သစ် ထုတ်ရန်အတွက် ထားရှိသော သစ် တောဧရိယာသည် စုစုပေါင်း သစ်တော ဧရိယာ၏ ၉.၃၆ ရာခိုင်နှုန်းရှိသည်။

          လက်တင်အမေရိကသည် သစ်တောဧရိယာ လျော့နည်းလာသော်လည်း သစ်ထုတ်လုပ်ရန် ဧရိယာကို မူတိုးချဲ့သတ်မှတ်ခဲ့သည်။ သစ်ထုတ် လုပ် မှုမှာမူ သစ်ထုတ်ဧရိယာ တိုး တက်သည်ထက် အဆများစွာ တိုး များလာခဲ့သည်။ တောင်အမေရိက သည် ၁၉၇ဝ တွင် သစ်ကုဗမီတာ သန်းပေါင်း ၅ဝ ခန့်ထုတ်လုပ်ခဲ့ရာမှ အစဉ်တစိုက် တိုးတက်ထုတ်လုပ် လာရာ ၂ဝဝ၈ တွင် ကုဗမီတာ သန်း ၂ဝဝ နီးပါးသို့ ရောက်ရှိလာသည်။ ကာရစ်ဘီယံသည် ၁၉၇ဝ တွင် ကုဗ မီတာ သန်း ၂ဝဝ ထုတ်လုပ်ခဲ့ရာမှ ၂ဝဝ၈ တွင် သန်း ၃၄ဝ ခန့်အထိ ထုတ်လုပ်ခဲ့သည်။ အလယ်အမေရိက သည် ၁၉၇ဝ တွင် ကုဗမီတာသန်း ၁၆ဝ ခန့်ထုတ်လုပ်ခဲ့ရာမှ ၂ဝဝ၈ တွင် သန်း ၂၄ဝ ခန့်အထိထုတ်လုပ်ခဲ့ သည်။ လက်တင်အမေရိကသည် သစ်တောများ လျော့ပါးလာစေကာမူ သစ်များ စွာ ထုတ်လုပ်နေပေသည်။

          လက်တင်အမေရိကသစ်တော များသည် ကာဘွန် ၁ဝ၄ GT သိုမှီး ထားသည်။ သစ်တောများလျော့ပါး မှုကြောင့် ကာဘွန်သိုမှီးမှုသည် နှစ်စဉ် ၄၂၄ တန် လျော့နည်းလာလျက်ရှိ သည်။

အနီးအရှေ့ပိုင်းဒေသ သစ်တောများ

          အနီးအရှေ့ပိုင်းဒေသ Near East တွင် အာဖဂန်နစ္စတန်၊ အစ္စရေး၊ အီရန်စသည်တို့ပါဝင်သောအနောက် အာရှဒေသ၊ အာမေးနီးယား၊ အဇာ ဘိုင်ဂျန်၊ ဂျော်ဂျီယာစသောနိုင်ငံများ ပါဝင်သည့် အလယ်အာရှဒေသနှင့် အယ်ဂျီးရီးယား၊ အီဂျစ်၊ မော်ရိုကို စသော နိုင်ငံများပါဝင်သည့် မြောက် အမေရိ ကဒေသတို့ပါဝင်သည်။ အနီး အရှေ့ဒေသသည် ၁၉၉ဝ တွင် သစ် တောဧရိယာ ၁၂၆၆၁၂ ရှိခဲ့ပြီး၊ ၂ဝဝဝ ပြည့်နှစ်တွင် ၁၂၁၄၃၁ သို့  လျော့ကျကာ ၂ဝ၁ဝ တွင် ၁၂၂၃၂၇ ရှိလာခဲ့ သည်။ ၂ဝ၁ဝ စာရင်းအရ အနီး အရှေ့ဒေသသည် တစ်ကမ္ဘာလုံး သစ် တောဧရိယာ၏ သုံးရာခိုင်နှုန်းမျှသာ ရှိသည်။ လွန်ခဲ့သော နှစ် ၂ဝ အတွင်း သစ်တောဧရိယာသည် ၃.၄ ရာခိုင် နှုန်းလျော့နည်းလာခဲ့သည်။

          အနီးအရှေ့ဒေသတွင် စိုက်ပျိုး သစ်တောသည် ၁၉၉ဝ တွင် ၁၁၄၇၁ ရှိခဲ့ရာမှာ ၂ဝဝဝ ပြည့်တွင် ၁၃ဝ၁၂၊ ၂ဝ၁ဝ တွင် ၁၅ဝ၈၂ အထိ အနှစ် ၂ဝ အတွင်း ၃၁ ရာခိုင်နှုန်းတိုးများ လာခဲ့သည်။ ဇီဝမျိုးစုံထွေပြားမှု အတွက် ထိန်းသိမ်းထားသော သစ် တောသည် ၁၉၉ဝ တွင် ၁၅ဝ၅ဝ၊ ၂ဝဝဝ ပြည့်တွင် ၁၄၆၉၂၊ ၂ဝ၁ဝ တွင် ၁၅၅၄၄ ရှိသည်။ ဒေသ တစ်ခု လုံးသစ်တော၏ ၁၂.၇ ရာခိုင်နှုန်း ရှိသည်။ မြေဆီလွှာနှင့် ရေထိန်းသိမ်း ရန်အတွက်သီးသန့်ထား ရှိသော သစ် တောမှာ ၁၉၉ဝ တွင် ၁၆၂၉ဝ ရှိခဲ့ ရာမှ ၂ဝဝဝ ပြည့်တွင် ၁၆၉၁၄၊ ၂ဝ၁ဝ တွင် ၁၇၅၂ဝ ရှိလာသည်။ ဒေသတစ်ခုလုံးသစ်တော၏ ၁၄.၃ ရာ ခိုင်နှုန်းရှိသည်။ နှစ် ၂ဝ အတွင်း ၇.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

          သစ်ထုတ်လုပ်ရန်အတွက် ထား ရှိသောတောမှာ ၁၉၉ဝ တွင် ၄၉၁၂၃ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၄၆၃၂၃ သို့၊ ၂ဝ၁ဝ တွင် ၄၆၃၄၈ သို့ လျော့ ကျသွားသည်။ သစ်ထုတ်လုပ်ရန် အတွက်ထားရှိသော သစ်တော ဧရိ ယာသည် စုစုပေါင်းသစ်တော ဧရိယာ၏ ၃၇.၈ ရာခိုင်နှုန်း ရှိသည်။ သစ်ထုတ်ရန် ထားရှိသော သစ်တော ဧရိယာသည် လျော့နည်းလာနေပေ သည်။ သစ်ထုတ်ယူမှုမှာ ၁၉၇ဝ မှ ၂ဝဝ၈ အတွင်း အနောက် အာရှတွင် ကုဗမီတာ ၁၄ သန်း ခန့်မှ  ၂ဝဝ၈ တွင် သန်း ၂ဝ ခန့်သို့၊ မြောက်အာဖရိကတွင် ကုဗမီတာ ၄၇ သန်းမှ ၅၆ သန်းခန့်သို့ အလယ် ပိုင်းအမေရိကတွင် ၆၁ သန်းခန့်မှ ၇၈ သန်း ခန့်သို့ အနည်းငယ်စီ တိုး များလာခဲ့သည်။

          အနီးအရှေ့သစ်တောများသည် ၂ဝ၁ဝ တွင် ကာဘွန် ၃.၅ GT သိုမှီး ထားသည်ဟု ခန့်မှန်းသည်။ သစ် တောများလျော့ပါးမှုကြောင့် ကာဘွန် သိုမှီး မှု လျော့နည်းလာလျက်ရှိသည်။

မြောက်မေရိက သစ်တောများ

          မြောက်အမေရိကတွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီ ကိုသုံးနိုင်ငံပါဝင်ပါသည်။ မြောက် အမေရိကသည် ၁၉၉ဝ တွင် သစ် တော ဧရိယာ ၆၇၆၇၆ဝ၊ ၂ဝဝဝ ပြည့် တွင် ၆၇၇ဝ၈ဝ၊ ၂ဝ၁ဝ တွင် ၆၇၈၉၈၅ အထိ အနည်းငယ်စီ တိုး တက်လာသည်။ ကနေဒါ၏သစ် တောဧရိယာသည် ၃၁ဝ၁၃၄ တွင် တန့်နေပြီး မက္ကဆီကိုသည် ၁၉၉ဝ တွင် ၇ဝ၂၉၁ မှ ၂ဝဝဝ ပြည့်တွင် ၆၆၇၅၁၊ ၂ဝ၁ဝ တွင် ၆၄၈ဝ၂ သို့ လျော့နည်းလာခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ၁၉၉ဝ တွင် ၂၉၆၃၃၅ မှ ၂ဝဝဝ ပြည့်တွင် ၃ဝဝ၁၉၅ သို့၊ ၂ဝ၁ဝ တွင် ၃ဝ၄ဝ၂၂ သို့တိုးများလာခဲ့သည်။ အမေရိကန်   ပြည်ထောင်စုသည် နှစ် ၂ဝ အတွင်း  သစ်တော ၂.၆ ရာခိုင်နှုန်း တိုးများ လာခဲ့သည်။

          မြောက်အမေရိကတွင် စိုက်ပျိုး သစ်တောများသည် ၁၉၉ဝ တွင်  ၁၉၄၆၅ မှ ၂ဝဝဝ ပြည့်တွင် ၂၉၄၃၈၊ ၂ဝ၁ဝ တွင် ၃၇၅၂၉ သို့ တိုးများ လာခဲ့ သည်။ နှစ် ၂ဝ အတွင်း စိုက်ပျိုး သစ်တောများသည် ၉၁ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ နှစ် ၂ဝ အတွင်း စိုက်ပျိုးသစ်တောများသည် ကနေဒါတွင် ၁၃၅၇ မှခြောက်ဆခန့်၊ မက္ကဆီ ကိုတွင် ရှစ်ဆကျော်၊ အမေရိကန် ပြည်ထောင်စုတွင် ၄၁ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ စိုက်ပျိုးသစ် တောများ သိသာ စွာတိုးများလာပါ လျက် ကနေဒါတွင် သစ်တောဧရိယာ တိုးမလာခြင်း၊ မက္ကဆီကိုတွင် လျော့ ၍ပင်သွားခြင်းမှာ သဘာဝသစ်တော များဆုတ်ယုတ် သွားသောကြောင့်ဖြစ် ပေသည်။ ၂ဝ၁ဝ တွင် မြောက်အမေ ရိကတိုက်တွင် စိုက်ပျိုးသစ်တော များသည် သစ်တောစုစုပေါင်း၏ ၅.၅ ရာခိုင်နှုန်းရှိသည်။

          ဇီဝမျိုးစုံ ထွေပြားမှုအတွက် ထိန်းသိမ်းထားသော သစ်တောသည်  ၁၉၉ဝ တွင် ၈၉၈၁၁ မှ ၂ဝဝဝ ပြည့်တွင် ၉၂၆၁၉၊ ၂ဝ၁ဝ တွင် ၉၉ဝ၄၉ သို့တိုး များလာခဲ့သည်။ ဒေသ တစ်ခုလုံးသစ်တော၏ ၁၄.၆ ရာခိုင် နှုန်းရှိသည်။ အဓိက တိုးများလာ သည်မှာ မက္ကဆီကိုဖြစ်ပြီး နှစ်ဆခန့် တိုးများလာခဲ့သည်။ ကနေဒါသည် တန့်နေပြီး အမေရိကန်ပြည်ထောင် စုသည် ခုနစ်ရာခိုင်နှုန်း တိုးများလာ ခဲ့သည်။

          သစ်ထုတ်လုပ်ရန်အတွက် ထားရှိသောတောမှာ ၁၉၉ဝ တွင် ၈ဝ၅၆ဝ ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်တွင် ၈၇၅ဝ၆ သို့၊ ၂ဝ၁ဝ တွင် ၉၇၁၃၈ သို့ တိုး များလာ သည်။ ၂ဝ၁ဝ တွင်သစ်ထုတ်ရန်အတွက်ထားရှိသော သစ်တောဧရိယာသည် စုစုပေါင်းသစ်တောဧရိယာ၏ ၁၄.၃ ရာခိုင်နှုန်းရှိသည်။ သစ်ထုတ်သစ်   တော သတ်မှတ်မှုတွင် ကနေဒါသည် မတိုး မဆုတ်ရှိနေပြီး မက္ကဆီကိုသည် ၁၉၉ဝ တွင် သုညမှ ၂ဝ၁ဝ တွင် ၃၂ဝ၃ သတ်မှတ်ခဲ့သည်။ အမေရိကန်   ပြည်ထောင်စုသည် ၁၉၉ဝ ထက် ၁၇.၄ ရာခိုင်နှုန်း ပိုမိုသတ်မှတ်ခဲ့သည်။

          မြောက်အမေရိက၏ သစ်နှင့် ထင်းထုတ်ယူမှုသည် ၁၉၇ဝ ဝန်း ကျင်တွင် ကုဗမီတာ သန်း ၅ဝဝ ရှိ ခဲ့ရာမှ ၁၉၈၆ တွင် သန်းခုနစ်ရာ ကျော်အထိ တိုးတက်လာခဲ့သည်။ ၂ဝဝ၅ အထိ သန်းခုနစ်ရာဝန်းကျင် ထုတ်ယူနေပြီး နောက်တွင် ၂ဝဝ၈ ခု၌ သန်း ၅ဝဝ ခန့်သို့ ပြန်လည် လျော့ကျသွားလာခဲ့သည်။

          မြောက်အမေရိက သစ်တော များသည် ၁၉၉ဝ တွင် ကာဘွန် ၃၃.၄ GT သိုမှီးထားခဲ့ရာမှ ၂ဝ၁ဝ တွင် ၃၅.၂ GT သို့ တိုးများလာသည်။ တိုးများ လာသော နိုင်ငံသည် အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ၁၉၉ဝ တွင် ၁၆.၉ GT မှ ၂ဝ၁ဝ တွင် ၁၉.၃ GT ရှိလာသည်။

          ကမ္ဘာ့ဒေသကြီး ခြောက်ခုတွင်  အာရှပစိဖိတ်နှင့် ဥရောပတို့တွင် သစ်တောဧရိယာတိုးများလာခဲ့ပြီး၊ မြောက်အမေရိကသ်ည မတိုးမဆုတ် တန့် နေ သည်။ ကျန်ဒေသသုံးခုတွင် သစ် တောဧရိယာများ ယုတ်လျော့လာ နေသည်။ ယုတ်လျော့မှုကို တိုးများမှု က အမီမလိုက်နိုင်သဖြင့် ကမ္ဘာ့သစ် တော ဧရိယာသည် ဆုတ်ယုတ်နေသည်။ ဤသစ်တောများသည် တိုင်း ပြည်အသီးသီးကတင်ပြလာသော စာ ရွက်ပေါ်မှ ကိန်းဂဏန်းများဖြစ်သည်။ လက်တွေ့ မြေပြင်တွင် တရားမဝင်  ခုတ်လှဲမှုများ၊ အခြားသုံးစွဲမှုသို့ပြောင်း  လဲသွားသည်များ များစွာရှိနေပေသည်။  သစ်တော အရည်အသွေးကင်းမဲ့နေ သော သစ်တောများလည်းများစွာရှိ နေပေသည်။

          ချမ်းသာသောနိုင်ငံများသည် မိမိ နိုင်ငံတွင် သစ်တောများ တိုးများလာ စေရန် ဆောင်ရွက်နေကြပြီး ဆင်းရဲ သော နိုင်ငံများသည် သစ်ပင်များကို   ရောင်းချနေရဆဲ၊ သစ်တောများ လျော့ ပါးနေဆဲဖြစ်သည်။ ၂ဝဝ၈ ခုနှစ်တွင် သစ်တော အြ<ွကယ်ဝဆုံး ဆယ်နိုင်ငံ သည် ရုရှား၊ ဘရာဇီး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ကွန်ဂို၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဆူဒန်နှင့် အိန္ဒိယတို့ဖြစ်လာသည်။  ယခင်က သစ်တော အကြွယ်ဝဆုံး အဋ္ဌမနှင့် နဝမဖြစ်သော အင်ဂိုလာ နှင့် ပီရူးတို့ပြုတ်ကျကာ သြစတြေး လျသည် သတ္တမ၊ ဆူဒန်သည် နဝမ နေရာကို ရရှိလာသည်။ ချမ်းသာလာသော ဘရာဇီး အပါအဝင် အမေ ရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့တွင် သစ်တောများ တိုးများလာပြီး ရုရှာ၊ ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံတို့ တွင် သစ်တောများ ဆုတ်ယုတ်လာ နေသည်။ အိန္ဒိယသည် သစ်တောတိုး များလာစေရန် ကြိုးစားနေသည်။

          ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့သည် နိုင်ငံ အသီး သီးက ပေးပို့သော မြေပြင်စာရင်း များအရသစ်တောစာရင်းများကို ထုတ်   ပြန်ချိန်တွင် အာကာသမှ ဂြိုဟ်တုများ ကလည်း ကမ္ဘာ့သစ်တောများ၏ မြေပုံများကို ပေးပို့ခဲ့သည်။ ဂြိုဟ်တု ဓာတ်ပုံများအရ ကမ္ဘာ့သစ်တောများသည်   နှစ်စဉ် ၁၉၉ဝ မှ ၂ဝဝဝ အတွင်း ဟက်တာ ၄.၁ သန်း၊ ၂ဝဝဝ မှ ၂ဝဝ၅ အတွင်း ၆.၄ သန်း ဆုတ်ယုတ်လျော့ပါးခဲ့သည်။  စာရင်းအရသစ်တော လျော့ ပါးနှုန်း သည် လျော့ကျလာသော်လည်း ဂြိုဟ် တုဓာတ်ပုံအရမူ သစ်တော လျော့ ပါး နှုန်းသည် မြင့်မားလာလျက်ရှိ သည်။ သစ်တော ဆုတ်ယုတ်မှုသည် ကမ္ဘာ့သစ်တော ထက်ဝက် ကျော်ရှိသည့် အပူပိုင်းသစ်တောများ တွင် အများဆုံးဖြစ်သည်။ အပူပိုင်း ဒေသတွင် သစ်တောများသည် ၁၉၉ဝ မှ ၂ဝဝ၅ အတွင်း နှစ်စဉ် ဟက်တာ ၆.၉ သန်း ဆုတ်ယုတ် လျက်ရှိသည်။ FAO စာရင်းပါ သစ်တောများသည် သစ်ပင်များ အမှန်ရှိသော သစ်တောအရည်အသွေး   ပြည့်ဝသော သစ်တောများဖြစ်ပါစေဟု ဆုတောင်းရပါသည်။

          သစ်တောတန်ဖိုးကို နားလည်သူ တိုင်း၊ အမြော်အမြင်ရှိသူတိုင်းသည် မိမိ သစ်တောများကို ထူထောင်  ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ် ပါကြောင်းဖြင့် ။

ဖိုးဆွေ (သစ်လုပ်ငန်း)

Source:

1. State of the World’s Forests 2011,

2. FAO, BBC News,

၃. အာဆီယံနိုင်ငံများ၏ သစ်နှင့်သစ်ထွက် ပစ္စည်းထုတ်လုပ်မှု ကုန်သွယ်မှုများ။

ဖိုးဆွေ(သစ်လုပ်ငန်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: