ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ခိုင်းကျွဲ၊ နွားများကို စက်လှေဖြင့် အစီးလိုက်ခိုးယူ၍ တဖက်နိုင်ငံသို့ ပို့သောဖြစ်ရပ် များ ပြန်လည်ပေါ်ပေါက်လာခြင်း
မိုးမိုးကျော်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း နအဖ စစ်အစိုးရလက်မှပေါ်ပေါက်ခဲ့သော ကျွဲ-နွား ခိုးမှုများ ယခုလအတွင်းတွင် ဆက်လက်ပေါ်ပေါက်နေ ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့သည် ရေထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုဖြင့် စီးပွားရေးအရ အလွန်ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်တွင် မြို့နယ်အတွင်းရှိ အစိုးရအာဏာပိုင်များမှာ လဘ်စား ခြစားမှုများဖြင့် အဆင်ပြေခဲ့ကြသည်။ မြို့ပေါ်ရဲစခန်းရှိ နယ်ထိန်း အဖွဲ့များမှ ခေါင်းဆောင်များနှင့် အခြားအဆင့်တို့မှာလည်း မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူရမ်းကားများပုံစံဖြင့် သောင်းကျန်း ခဲ့ကြသည့်အပြင် ဘင်္ဂလီကုလားများနှင့် ပူးပေါင်းကာ ကျွဲနွားများခိုးယူ မှောင်ခိုကုန်ကူးခြင်း လုပ်ငန်းများကို လဘ်ပေး လဘ်ယူခြင်းဖြင့် လုပ်ဆောင်လာခဲ့ကြသည်။
တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့လည်း ကျွဲ၊ နွားများ မှောင်ခို ကုန်ကူးနိုင်ရန်အတွက် ဘင်္ဂလီ ကုလားများသည် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များဖြစ်သည့် ဓည၀တီ ရေတပ်စခန်းမှ တာဝန်ကျ နေဗီများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ နယ်ထိန်း အဖွဲ့ဝင်များကို လဘ်ပေးခြင်းဖြင့် ကျွဲ၊ နွားများကို တရားဝင်ခိုးယူ ကုန်ကူးနေကြခြင်းအပေါ် ဒု-ပြည်နယ်မှူးမှ ၂၀၀၀ ပြည့်အတွင်း စီမံချက်ချပြီး ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲစခန်းများကို ဖိအားပေး ဆောင်ရွက်ခဲ့ခြင်းကြောင့် ၎င်းနှစ် နောက်ပိုင်းတွင် ဆိပ်ငြိမ်သွားခဲ့သည့်အတွက် ဒေသခံ လယ်သမားများမှာ ကျွဲ၊ နွားများ အခိုးခံရမှုများမှ စိတ်အေးခဲ့ရသည်မှာ ၁၀- စုနှစ် တစ်ခုနီးပါးကြာခဲ့ပြီဖြစ်သည်။
သို့သော် ယခု ၂၀၁၂ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ထို ကျွဲ နွား အခိုးခံရမှုများ ထပ်မံပေါ်ပေါက်လာခဲ့သည်။
၎င်း နေ့ ညနေ (၁၀း၀၀) နာရီခန့် အချိန်တွင် ပေါက်တောမြို့နယ် ဇီးချိုမော်ကျေးရွာ မြစ်ကမ်းဘေးတွင် ကျွဲ၊ နွားများ ခိုးယူတင်ဆောင်ထားသော မှောင်ခို စက်လှေ တစ်စီးသည် တောင်းဖူးကျေးရွာအနီးရှိ ကင်းစောင့် နေဗီအနီးမှ အစစ်အဆဲ မရှိဘဲ ထွက်ခွာ သွားနိုင်ခဲ့သည်ကို တောင်ချောင် ကျေးရွာသား များဖြစ်သည့် ဦးအောင်စောသိန်းနှင့် ဦးမောင်ကျော်လှတို့မှ မြင်တွေ့ခဲ့ရသည့်အတွက် မိမိတို့ရွာသို့ရောက်လာသည့်အချိန်တွင် လယ်ကွင်းများရှိ ကျွဲ နွား များကို သွားရောက် စစ်ဆဲခဲ့ကြရာ ဇီးချိုမော်နှင့် တောင်ချောင်ကျေးရွာများမှ ကျွဲ နွား (၈) ကောင်မှာ အခိုးခံလိုက်ရကြောင်းကို သိရှိခဲ့ရသည်။
ယခုအခါတွင် ပေါက်တောမြို့နယ်အတွင်းရှိ တချို့သော ကျေးရွားများတွင်လည်း ထိုသို့သော ကျွဲ နွားခိုးမှုများဆက်လက် ပေါ်ပေါက်လာသည့်အတွက် နယ်မြေခံ လယ်သမားများမှာ ညအချိန်တွင် မိမိတို့အိမ်တွင် မအိမ်ကြရဘဲ မြစ်ကမ်းပါး ချောင်းကမ်းပါးများအနားတွင် ကင်းလှည့်စောင့်နေကြရသည်ဟု Arakan Review သို့ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပေါက်တောမြို့နယ်အတွင်းရှိ ကျွဲ နွားများ အခိုးခံရဖူးသူများ၏ ပြောပြချက်အရ-
၂၀၀၈-ခု မေလ (၁၆) ရက်နေ့က ဖြစ်ရပ်တစ်ခုတွင် ပေါက်တောနှင့် တောင်းဖူးနေဗီ ဆိုက်ကပ်နေရာသည် လေး ငါး မိုင်ခန့်ရှိပါသည်။ ထိုကြောင်း မြစ် ကမ်းဘေးမှ ကျွဲမကြီးများကိုခိုးကာ စက်လှေပေါ်တင်ယူသွား၍ ကျွဲငယ်လေးများ မြစ်ကမ်း ဘေးတွင် မြည်ဟိန်း ပြေးလွှားကျန်ရစ်ခဲ့သော ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ ၄င်းဖြစ်ရပ်တွင် ဦးချောင်းနက်အောင် ဒေါ်အေးသာဖြူ စသည့် လယ်သမားများဘက်မှ နှစ်ခါရှုံးအမှုဖြစ်ခဲ့ပါတယ်။
အမှုလိုက်ဖို့ ငွေကြေးမပြည့်စုံသည့်အတွက် မြို့မိ မြို့ဘများနှင့် လယ်သမားတို့၏ဘ၀ အခက်အခဲများကို နားလည်ပေးသော ရှေ့နေ ဦးကျော်ညွန့်မောင် ဆိုသူက အခမဲ့ အမှုလိုက်ပေးခဲ့ကြပါတယ်။
အမှုနှင့်ဆက်စပ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နယ်ထိန်းအဖွဲ့လည်း (ရဲတပ်ကြပ် မောင်လှရွှေ နယ်ထိန်းအဖွဲ့တို့မှ အဆိုပါ ကျွဲ နွားခိုး ဘင်္ဂလီ ကုလားများ ထံမှ ငွေကြေးများယူကာ ခိုးခိုင်းခြင်းအပေါ်တွင်) ထိုစွဲချက်နှင့် ငြိမ့်စွမ်းနေသည် ဖြစ်နေသောကြောင့် ပေါက်တောမြို့တရားရုံးမှ ဆုံးဖြတ်ချက် မချရဲဘဲ စစ်တွေမြို့တရားရုံးသို့ ရုံးပြောင်းပေး လိုက်ရခြင်းဖြစ်ပါတယ်။ တရားလိုများဖြစ်သည့် ဦးချောင်းနက်အောင်နှင့် ဒေါ်အေးသာဖြူတို့မှာ မိမိတို့ အလုပ်တွေကိုပစ်၍ အမှုလိုက်ရခြင်းဖြင့် ငွေကုန် လူပန်းကျခဲ့ကြသော်လည်း ထိုက်သင့်သည့် ပစ်ဒဏ်ချပေးနိုင်ခြင်းမရှိခဲ့ပါ။
၂၀၀၈-ခု မှစပြီး ပေါက်တောမြို့နယ်တွင် ကျွဲ နွား ခိုးမှု ပပျောက်သွားပြီဟု ဆိုနိုင်ပါတယ်။
သို့ပေမယ် ယခုလတွင်းမှာ ဒီကိစ္စတွေ ပြန်ပေါ်လာတာ တွေ့ရတော့ ကျွန်တော်တို့ လယ်သမားတွေက မိသားစုနဲ့ အိမ်ပေါ်မှာ စိတ်အေးလက်အေး မအိပ်နိုင်ကြတော့ဘဲ ညနေကျရင် ကိုယ်ရေဗူးမှာ ရေအပြည့်ထည့်ကာ ချောင်းကမ်းပါး မြစ်ကမ်းပါးဘေးတွေကိုသွားပြီး ကင်းလှည့်နေကြရတာတွေကို ပေါက်တောမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်တွေမှာ လူတိုင်းလိုလိုပြောနေကြတာကိုလည်း ကြားရပါတယ်။
မြို့နယ်အတွင်းရှိ အာဏာပိုင်တချို့က ထိုလက်ဖက်ရည်ဆိုင်များတွင် ရှိနေသည့်အခါများတွင်လည်း မသိ၊မကြားသည့်ပုံစံများဖြင့် ပြုနေကြပါတယ်လို့ Arakan Review သို့ ဖြည့်စွက် ပြောကြားသွားပါသည်။